iPhone အသုံးပြုသူတွေ Whatsapp မှာ Offline Msg ပေးပို့နိုင်ပြီ

Whatsapp ဟာ နောက်ဆုံးမှာတော့ iPhone အသုံးပြုသူတွေ အတွက် Offline Msg function ကို ထည့်သွင်းပေးလိုက်ပါပြီ။

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ Facebook က ပိုင်ဆိုင်တဲ့ Messenger App ဖြစ်တဲ့ Whatsapp ဟာ iOS အသုံးပြုသူတွေအတွက် Offline Messaging ကို မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီ App ရဲ့ နောက်ဆုံး iOS update မှာ iPhone အသုံးပြုသူတွေ အတွက် Offline Message Queueing ကို ခွင့်ပြုခဲ့တဲ့အတွက် အင်တာနက်ကွန်နက်ရှင်မရှိတဲ့ အချိန်မှာ စာတွေရိုက်ထားပြီး “Send” ကို နှိပ်ပြီး ပို့ထားလို့ ရပါပြီ။ ကွန်နက်ရှင်ရပြီဆိုတာနဲ့ ဒီတန်းစီရိုက်ထားတဲ့ Messages တွေဟာ အလိုအလျောက် ပို့ဆောင်ရောက်ရှိစေမှာ ဖြစ်ပါတယ်။

ဒါက တကယ့်ကို အသုံးဝင်တဲ့ Feature တစ်ခုပဲ ဖြစ်ပြီး အထူးသဖြင့် မြေအောက်ဘူတာထဲ ရောက်နေချိန် ဒါမှ မဟုတ် လူတွေကျပ်၊ ကားတွေ ရှုပ်နေတဲ့ နေရာတွေမှာ လမ်းလျှောက်နေချိန်မျိုးမှာ ပေါ့။

 

You May Also Like : “အသစ်ထွက်ရှိလာတဲ့ Instagram ရဲ့ Ads Feature

 

Queue Messages Offline ပို့လို့ ရတဲ့ Function ဟာ Android Devices တွေမှာ ပြီးခဲတဲ့ ဇွန်လ ၂၀၁၆ ခုနှစ်ထဲက ရရှိခဲ့တာ ဖြစ်ပြီး ၊ iOS Devices နဲ့ Whatsapp သုံးသူတွေမှာတော့ ကွန်နက်ရှင်မရတဲ့ အခါ Send Button ဟာ မှေးမှိန်နေခဲ့ပြီး အသုံးပြုလို့ မရခဲ့ပါဘူး။

Offline Feature နဲ့ အတူ ထပ်ပေါင်းထည့်ထားတာကတော့ ဒီ Update မှာ ပြန်လည်ဆန်းသစ်ထားတဲ့ Storage Usage Screen ပါဝင်ပြီး ၊ ဓာတ်ပုံ ၃၀ သို့ ဗွီဒီယိုကို တစ်ကြိမ်တည်းနဲ့ ပို့ နိုင်ပါပြီ။

App အသုံးပြုသူတွေဟာ အခုဆိုရင် Messages Types တွေ ခွဲပြီး ဖျက်လို့ ရသွားပြီ ဖြစ်တဲ့ အတွက်လည်း သူတို့ ဖုန်းရဲ့ Storage Space ကို ထိန်းချုပ်လို့ ရသွားပါပြီ။ ဥပမာအနေနဲ့ ဗွီဒီယိုတွေကို ဖျက်ချင်တယ်ဆိုရင် Settings Tab ကို ဝင်၊ “Data and Storage Usage” ရွေးပြီး “Storage Usage” ကို ထပ်ရွေးလိုက်ရုံပါပဲ။

 

ရိုးလူ (အခရာ)

www.akhayar.com
R
ef : www.mashable.com