iPhone တွေကို အရည်သွေးမြင့် စမတ်ဖုန်းတလုံးလို့ လက်ခံထားပေမယ့် ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ၊ Feature တွေနဲ့ လျှို့ဝှက်ချက်တွေကို ဂဃနဏမသိကြပါဘူး။ ပထမအပိုင်းကို ဒီ Link မှာ ဖတ်ရှုနိုင်ပြီး စာဖတ်သူအနေနဲ့ရော သိတာလေးများရှိရင် ဝေငှသွားလို့ရပါတယ်။

ဓာတ်ပုံတွေကို Key Phrase နဲ့ မြန်မြန်ရှာကြမယ်

ဒီအချက်က Photos ထဲမှာ ဓာတ်ပုံများလာရင် ဘယ်နေ့၊ ဘယ်ရက်က ရိုက်ထားတဲ့ပုံကို အသေးစိတ်ပြန်ရှာဖို့ ခက်သလို Scrolling လုပ်နေရတာက ငြီးငွေ့စရာပါ။ ဒါကြောင့် ကိုယ်လိုချင်တဲ့နေရာအထိမသွားတော့ဘဲ Key Phrase တခုခုနဲ့ ဥပမာ “ရန်ကုန်” “Inya Lake” စသဖြင့် အနီးစပ်ဆုံးရွေးချယ်ပြီး ကိုယ်လိုချင်တဲ့ ဓာတ်ပုံကို အလွယ်တကူ ရှာဖွေနိုင်မှာဖြစ်ပါတယ်။

Image (Internet)

Low Power Mode နဲ့ ဘက်ထရီချွေတာမယ်

ပုံမှန်အားဖြင့် ဖုန်းဘက်ထရီကြာကြာခံဖို့ Low Power Mode ကို အားကုန်ခါနီး (၃၀%) လောက်ရောက်မှ ဖွင့်တတ်ကြပါတယ်။ ဒီတော့ စိတ်ထဲမှာ ဘက်ထရီခံဖို့ တခုထဲအတွက်ပဲ အသုံးတည့်တယ်လို့ ယူဆနေတတ်ပြီး တကယ်တမ်းကျ Background App Refresh ကို Limit လုပ်ပေးနိုင်သလို Automatic Download စတဲ့အချက်တွေကိုပါ ကန့်သတ်ပေးနိုင်ပါတယ်။ ဒါကြောင့်မလို့ ခရီးဝေးသွားရတဲ့အခါ၊ ဖုန်းအသုံးနည်းတဲ့အခါမျိုးမှာ Low Power Mode ဖွင့်ထားတာက ပိုကောင်းပါတယ်။

Image (iMore)

Keyboard မှာ အသုံးများတဲ့ Phrases ၊ Emojis တွေကို Shortcuts လုပ်ထားနိုင်တယ်

Emoji Keyboard မှာ Search Function အဆင့်မြင့်လိုက်တဲ့နောက်ပိုင်း ရိုက်နေကျ စကားလုံးတွေနဲ့ Emoji တွေကို Shortcut နဲ့ Text Replacement လုပ်နိုင်တော့မှာဖြစ်ပါတယ်။ ဒိအတွက် Setting ထဲက General>Keyboard ထဲဝင်ပြီး Text Replacement အထိ ရောက်အောင်သွားလိုက်ပါ။ အဲ့ဒီမှာ Plus Sign ကိုနှိပ်လိုက်ပြီး Shortcut ဖွင့်၊ ပြီးရင် နှစ်သက်ရာ စကားစုတခုခုနဲ့ ကိုယ်ရွေးချင်တဲ့ Emoji ၊ Phrase ကို ချိတ်ပေးလိုက်ရုံပါပဲ။

Image (Reddit)

Gridlines ဖော်ပြီး ပိုကောင်းတဲ့ပုံတွေ ရိုက်ကူးကြမယ်

ပုံမှန်အတိုင်း ဓာတ်ပုံရိုက်ရင် Focus လုပ်ချင်တဲ့နေရာ ထားရတာ မလွယ်ပေမယ့် Gridlines ဖွင့်ထားလိုက်ရင် ဘယ်နေရာကို Blur မလဲ၊ Focus ထားမလဲ စသဖြင့် Frame ထဲဝင်အောင် ရိုက်လို့ပိုလွယ်သွားပါတယ်။ The Rule of Thirds ဆိုတဲ့အတိုင်း Photo Editing Tools နဲ့ အကောင်းဆုံးပြင်တတ်ရင်တော့ Pro ဆန်တဲ့ iPhone ဓာတ်ပုံတွေ ထုတ်ကြွားနိုင်မှာဖြစ်ပါတယ်။

Image (iMore)

Siri နဲ့ Apple Device တွေရှာကြည့်မယ်

ဒီ Feature လေးကို စမ်းမသုံးကြည့်ရသေးပေမယ့် Siri နဲ့ Find My AirPods လို့ ပြောလိုက်ရင် Earbuds ကနေ အသံကျယ်ကျယ်ထွက်လာမှာဖြစ်ပြီး အမှတ်မထင် ထားမိတတ်တဲ့နေရာတွေမှာ ပြန်ရှာနိုင်မှာဖြစ်ပါတယ်။

Image (Internet)

Apps Ratings & Reviews ကို ပိတ်ထားမယ်

တခါတလေ ဖုန်းသုံးနေရင်း ဒီ Apps သုံးရတာကြိုက်လား စသဖြင့် Feedback တောင်းတာမျိုးပေါ်လာတတ်ပါတယ်။ တချို့လူအတွက်ကျ Annoying ဖြစ်တတ်တာမို့ ပိတ်ချင်တယ်ဆိုရင် Setting ထဲက iTunes and App Store ထဲကိုဝင် အဲ့ထဲကမှ “In App Rating and Reviews” ကို ပိတ်ထားလိုက်ရုံပါပဲ။

တခုခုတိုင်းတာချင်တယ်ဆိုရင် iPhone ကို သတိရလိုက်ပါ

iOS 12 ကစလို့ ပါဝင်လာတဲ့ Measure Feature လေးဟာ ကိုယ်တိုင်းတာချင်တဲ့ ဝတ္ထုရဲ့ အလျား၊ အနံ၊ အကျယ်စတာတွေကို အနီးစပ်ဆုံး ခန့်မှန်းပေးနိုင်မှာဖြစ်ပါတယ်။ ကိုယ့်နားမှာ Tools တွေ အလွယ်တကူ မရတဲ့အချိန် ကင်မရာဖွင့်လိုက်ပြီး ဘယ်လောက် Size ၊ အရှည်ရှိမလဲ တိုင်းတာနိုင်မှာဖြစ်တဲ့အတွက် စမ်းသုံးကြည့်ကြည့်ပါဦး။

Image (Digital Trends)

Annoying ဖြစ်စေတဲ့ Message တွေကို Silence လုပ်ပစ်မယ်

ဒီအချက်ကတော့ ခေတ္တမမြင်ချင်တဲ့ Message တွေကို ပိတ်ထားနိုင်မှာဖြစ်ပြီး Message App ထဲမှာ သက်ဆိုင်ရာ Sender ကိုရွေး၊ Option ထဲက “Hide Alerts” လုပ်ထားလိုက်ရင် Silence ဖြစ်သွားပါလိမ့်မယ်။

Credit: Dave Smith (BI)
2B (Akhayar)
www.akhayar.com