ကေနဒီယံ iPhone ပုိင္ရွင္တစ္ဦးဟာ သူ႔ရဲ႕ ဆႏၵတစ္ရပ္ကုိ ေျဖေဖ်ာက္လုိေပမယ့္ လမ္းမသိတာေၾကာင့္ iPhone ကုိဖြင့္ၿပီး Virtual Assistant ျဖစ္တဲ့ Siri ကုိ ေမးျမန္းၿပီးသြားခဲ့ေပမယ့္ စိတ္ပ်က္လက္ပ်က္ျဖစ္ခဲ့ၿပီး လက္ေထာက္ဟာ ဒီလုိ ေဆာင္ၾကာၿမိဳင္ေနရာေတြကုိေတာ့ ေကာင္းေကာင္းလမ္းမညႊန္ေပးတတ္ဘူးဆုိၿပီး စိတ္ပ်က္လက္ပ်က္ျဖစ္ေနခဲ့တာပါ။

Toronto Star ရဲ႕ သတင္းအရ Virtual Assistant ကုိ တုိရြန္တုိမွာရွိတဲ့ လိင္ပုိင္ဆုိင္ရာ ေဖ်ာ္ေျဖေပးတဲ့ ေနရာေတြကုိ လမ္းညႊန္ရွာေဖြခုိင္းခဲ့တာျဖစ္ၿပီး တကယ္သြားလုိက္တဲ့အခါမွာေတာ့ ဂိမ္းဆိုင္၊ ဘား၊ ဘာသာေရးဆုိင္ရာေနရာမ်ား စတဲ့ ရွာေဖြတဲ့ေနရာနဲ႔ လံုးဝကြဲလြဲတဲ့ ေနရာေတြကုိသာ ေခၚသြားခဲ့တာပါ။

မၾကာေသးမီကလည္း Meltdown eSports Bar ရဲ႕ Co-Founder ျဖစ္သူ Alvin Acyapan က ညပိုင္းအခ်ိန္မေတာ္မွာ သူတုိ႔ဘားမွာ လိင္ပို္င္းဆုိင္ရာ ေဖ်ာ္ေျဖမႈေပးတဲ့ ဝန္ေဆာင္မႈရွိသလားလုိ႔ ဖုန္းဆက္ေမးတဲ့နဲ႔ ႀကံဳေတြ႔ခဲ့ရေၾကာင္း သူ႔အေတြ႔အၾကံဳကုိ ရွင္းျပပါတယ္။

“ကၽြန္ေတာ္ထင္တာကေတာ့ လူေတြက နံပါတ္မွာႏွိပ္မိတာ၊ ဒါမွမဟုတ္ တစ္ေယာက္ေယာက္က ကၽြန္ေတာ္တုိ႔ နံပါတ္ကုိ မသင့္ေလ်ာ္တဲ့ ဝက္ဘ္ဆိုက္ေတြမွာ ထည့္သြင္းထားတာကေန ေတြ႔ၿပီးေခၚတာျဖစ္ႏုိင္ပါတယ္” လုိ႔ သူကဆုိပါတယ္။

အဲ့ဒီအျပင္ ဒီအေစာပုိင္းကာလတုန္းကလည္း အမည္မသိဖုန္းေခၚသူတစ္ဦးဟာ သူ႔ဆုိင္ကိုဖုန္းေခၚလာၿပီး Siri ကုိ Meltdown က ျပည့္တန္ဆာရွိတဲ့ ေနရာေတြရဲ႕ လိပ္စာကုိေမးရာကေန ဖုန္းနံပါတ္ရလုိ႔ ေခၚတာျဖစ္ေၾကာင္း ေျပာခဲ့ပါေသးတယ္။

ကေနဒီယံေတြရဲ႕ ေျပာၾကားခ်က္အရေတာ့ ‘Prostitutes’ ‘Hookers’ နဲ႔ ‘Escorts’ စတဲ့ Keywords ေတြသံုးၿပီး Apple ရဲ႕ Siri ကုိ Local Search အေနနဲ႔ ရွာခုိင္းၿပီး အသံလက္ေထာက္ရဲ႕ ေခၚေဆာင္ရာလုိက္သြားရင္ ဂိမ္းဆုိင္၊ ဒါမွမဟုတ္ စူပါမားကတ္တစ္ခုကုိ ေရာက္သြားမွာျဖစ္ေၾကာင္း ဆုိခဲ့ၾကပါတယ္။ 😀

Joker (Akhayar)

Ref: TNW

=================

 

[Unicode]

ပြည့်တန်ဆာရှိတဲ့နေရာကို မေးရာမှာ နေရာတလွဲတွေခေါ်သွားတဲ့ Siri

ကနေဒီယံ iPhone ပိုင်ရှင်တစ်ဦးဟာ သူ့ရဲ့ ဆန္ဒတစ်ရပ်ကို ဖြေဖျောက်လိုပေမယ့် လမ်းမသိတာကြောင့် iPhone ကိုဖွင့်ပြီး Virtual Assistant ဖြစ်တဲ့ Siri ကို မေးမြန်းပြီးသွားခဲ့ပေမယ့် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပြီး လက်ထောက်ဟာ ဒီလို ဆောင်ကြာမြိုင်နေရာတွေကိုတော့ ကောင်းကောင်းလမ်းမညွှန်ပေးတတ်ဘူးဆိုပြီး စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာပါ။

Toronto Star ရဲ့ သတင်းအရ Virtual Assistant ကို တိုရွန်တိုမှာရှိတဲ့ လိင်ပိုင်ဆိုင်ရာ ဖျော်ဖြေပေးတဲ့ နေရာတွေကို လမ်းညွှန်ရှာဖွေခိုင်းခဲ့တာဖြစ်ပြီး တကယ်သွားလိုက်တဲ့အခါမှာတော့ ဂိမ်းဆိုင်၊ ဘား၊ ဘာသာရေးဆိုင်ရာနေရာများ စတဲ့ ရှာဖွေတဲ့နေရာနဲ့ လုံးဝကွဲလွဲတဲ့ နေရာတွေကိုသာ ခေါ်သွားခဲ့တာပါ။

မကြာသေးမီကလည်း Meltdown eSports Bar ရဲ့ Co-Founder ဖြစ်သူ Alvin Acyapan က ညပိုင်းအချိန်မတော်မှာ သူတို့ဘားမှာ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေမှုပေးတဲ့ ဝန်ဆောင်မှုရှိသလားလို့ ဖုန်းဆက်မေးတဲ့နဲ့ ကြုံတွေ့ခဲ့ရကြောင်း သူ့အတွေ့အကြံုကို ရှင်းပြပါတယ်။

“ကျွန်တော်ထင်တာကတော့ လူတွေက နံပါတ်မှာနှိပ်မိတာ၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ကျွန်တော်တို့ နံပါတ်ကို မသင့်လျော်တဲ့ ဝက်ဘ်ဆိုက်တွေမှာ ထည့်သွင်းထားတာကနေ တွေ့ပြီးခေါ်တာဖြစ်နိုင်ပါတယ်” လို့ သူကဆိုပါတယ်။

အဲ့ဒီအပြင် ဒီအစောပိုင်းကာလတုန်းကလည်း အမည်မသိဖုန်းခေါ်သူတစ်ဦးဟာ သူ့ဆိုင်ကိုဖုန်းခေါ်လာပြီး Siri ကို Meltdown က ပြည့်တန်ဆာရှိတဲ့ နေရာတွေရဲ့ လိပ်စာကိုမေးရာကနေ ဖုန်းနံပါတ်ရလို့ ခေါ်တာဖြစ်ကြောင်း ပြောခဲ့ပါသေးတယ်။

ကနေဒီယံတွေရဲ့ ပြောကြားချက်အရတော့ ‘Prostitutes’ ‘Hookers’ နဲ့ ‘Escorts’ စတဲ့ Keywords တွေသုံးပြီး Apple ရဲ့ Siri ကို Local Search အနေနဲ့ ရှာခိုင်းပြီး အသံလက်ထောက်ရဲ့ ခေါ်ဆောင်ရာလိုက်သွားရင် ဂိမ်းဆိုင်၊ ဒါမှမဟုတ် စူပါမားကတ်တစ်ခုကို ရောက်သွားမှာဖြစ်ကြောင်း ဆိုခဲ့ကြပါတယ်။ ?

Joker (Akhayar)

Ref: TNW