iPhone 8 အသစ္ကုိ ထုတ္လုပ္မယ့္ရက္ကုိ ေနာက္ဆုတ္လုိုက္ေၾကာင္း ဒီသတင္းပတ္အတြင္းမွာ သုေတသီအခ်ိဳ႕က ဆုိခဲ့ပါတယ္။ Apple Event မွာ ထုတ္ေဖာ္ဖုိ႔ရွိေနတဲ့ ဖုန္းသစ္ကုိ လက္ရွိအခ်ိန္အထိ ထုတ္လုပ္မယ့္ရက္ မသတ္မွတ္ရေသးေၾကာင္းလဲ သိရပါတယ္။ အားလံုးက လာမယ့္ စက္တင္ဘာလမွာ ထုတ္လုပ္ဖုိ႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ OLED မ်က္ႏွာျပင္ ပါဝင္လာမယ့္ စမတ္ဖုန္းဟာ Event အတြင္း ထုတ္လုပ္မယ့္္ ပစၥည္းေတြထြက္ သံုးေလးပတ္ေလာက္ေနာက္က်ႏုိင္တယ္လုိ႔ ဆုိၾကပါတယ္။

ဒါေပမယ့္ သတင္းေတြကေတာ့ iPhone 8 မွာ ပါဝင္လာမယ့္ အခ်က္အလက္ေတြကုိ ေဖာ္ျပခဲ့ၾကပါတယ္။

Apple ရဲ႕ ထံုးစံအတိုင္းဆုိရင္ေတာ့ စမတ္ဖုန္းအသစ္ေတြကုိ ဆုိက္ႏွစ္မ်ိဳးနဲ႔ ထုတ္လုပ္ေလ့ရွိၿပီး ဒီႏွစ္ထဲမွာလည္း iPhone 7s နဲ႔ 7s Plus တုိ႔ကုိ ဦးဆံုးထုတ္လုပ္မွာပါ။ ပစၥည္းႏွစ္မ်ိဳးလံုးဟာ ၿပီးခဲ့တဲ့ႏွစ္က ထုတ္လုပ္ခဲ့တဲ့ ဖုန္းထက္ ပိုမိုေကာင္းမြန္တဲ့ ကင္မရာ၊ ဘက္ထရီနဲ႔ ပရုိဆက္ဆာေတြ ပါဝင္လာမွာပါ။

အဲ့ဒီအျပင္ ေနာက္ပုိင္းမွာ ထုတ္လုပ္မယ့္ တတိယေျမာက္ပစၥည္းကေတာ့ အမည္မေပးရေသးတဲ့ iPhone 8 ပါပဲ။ ဒီတတိယပစၥည္းကုိေတာ့ Apple က iPhone 8, iPhone X, iPhone Edition နဲ႔ iPhone Pro ဆုိၿပီး အမည္တစ္ခုခု ေပးႏုိင္ေျခရွိေၾကာင္းလည္း သိရပါတယ္။

iPhone 7s နဲ႔ 7s Plus တုိ႔ကုိထုတ္လုပ္ဖုိ႔လည္း ရည္ရြယ္ထားတာေၾကာင့္ ပစၥည္းသစ္ဟာ ဒီႏွစ္ရဲ႕ ေအာက္တုိဘာလကုန္နဲ႔ ႏုိဝင္ဘာေလာက္မွာ စတင္ထုတ္လုပ္ဖြယ္ရွိေနတယ္လုိ႔ KGI Analyst က Ming-Chi Kuo ကဆုိပါတယ္။

Apple အေနနဲ႔ iPhone 8 မွာ iPhone ေတြထဲမွာ ပထမဆံုးအေနနဲ႔ OLED မ်က္ႏွာျပင္ကုိ အသံုးျပဳလာဖြယ္ရွိေနၿပီး Touch ID ဆင္ဆာကုိ ေရွ႕ဘက္မ်က္ႏွာျပင္ေအာက္မွာ ျမဳတ္ၿပီး ထည့္သြင္းဖြယ္ရွိေနေၾကာင္းလည္း ေကာလဟလေတြက ဆိုပါတယ္။

တကယ္လုိ႔ Kuo ေျပာတဲ့အတုိင္းသာ မွန္မယ္ဆုိရင္ Apple ဟာ တစ္ခဏအတြင္း စမတ္ဖုန္းသံုးမ်ိဳး ထုတ္လုပ္သြားမွာပါ။ iPhone သစ္ေတြ ထုတ္လုပ္မယ့္ Event ကုိ ၂၀၁၇ ခုႏွစ္ စက္တင္ဘာ အေစာပုိင္းမွာ က်င္းပမ်ာ ျဖစ္ၿပီး iPhone 8 ကုိေတာ့ 7s ေမာ္ဒယ္ေတြထြက္ၿပီး တစ္လေလာက္အၾကာမွာ ထပ္မံ ထုတ္လုပ္သြားမွာပါ။

Joker (Akhayar)

Ref: Slash Gear

 

[Unicode]

iPhone 8 ကို ထုတ်လုပ်မယ့်ရက် နောက်ကျမည်

iPhone 8 အသစ်ကို ထုတ်လုပ်မယ့်ရက်ကို နောက်ဆုတ်လိုက်ကြောင်း ဒီသတင်းပတ်အတွင်းမှာ သုတေသီအချို့က ဆိုခဲ့ပါတယ်။ Apple Event မှာ ထုတ်ဖော်ဖို့ရှိနေတဲ့ ဖုန်းသစ်ကို လက်ရှိအချိန်အထိ ထုတ်လုပ်မယ့်ရက် မသတ်မှတ်ရသေးကြောင်းလဲ သိရပါတယ်။ အားလုံးက လာမယ့် စက်တင်ဘာလမှာ ထုတ်လုပ်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် OLED မျက်နှာပြင် ပါဝင်လာမယ့် စမတ်ဖုန်းဟာ Event အတွင်း ထုတ်လုပ်မယ့် ပစ္စည်းတွေထွက် သုံးလေးပတ်လောက်နောက်ကျနိုင်တယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် သတင်းတွေကတော့ iPhone 8 မှာ ပါဝင်လာမယ့် အချက်အလက်တွေကို ဖော်ပြခဲ့ကြပါတယ်။

Apple ရဲ့ ထုံးစံအတိုင်းဆိုရင်တော့ စမတ်ဖုန်းအသစ်တွေကို ဆိုက်နှစ်မျိုးနဲ့ ထုတ်လုပ်လေ့ရှိပြီး ဒီနှစ်ထဲမှာလည်း iPhone 7s နဲ့ 7s Plus တို့ကို ဦးဆုံးထုတ်လုပ်မှာပါ။ ပစ္စည်းနှစ်မျိုးလုံးဟာ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ ဖုန်းထက် ပိုမိုကောင်းမွန်တဲ့ ကင်မရာ၊ ဘက်ထရီနဲ့ ပရိုဆက်ဆာတွေ ပါဝင်လာမှာပါ။

အဲ့ဒီအပြင် နောက်ပိုင်းမှာ ထုတ်လုပ်မယ့် တတိယမြောက်ပစ္စည်းကတော့ အမည်မပေးရသေးတဲ့ iPhone 8 ပါပဲ။ ဒီတတိယပစ္စည်းကိုတော့ Apple က iPhone 8, iPhone X, iPhone Edition နဲ့ iPhone Pro ဆိုပြီး အမည်တစ်ခုခု ပေးနိုင်ခြေရှိကြောင်းလည်း သိရပါတယ်။

iPhone 7s နဲ့ 7s Plus တို့ကိုထုတ်လုပ်ဖို့လည်း ရည်ရွယ်ထားတာကြောင့် ပစ္စည်းသစ်ဟာ ဒီနှစ်ရဲ့ အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလောက်မှာ စတင်ထုတ်လုပ်ဖွယ်ရှိနေတယ်လို့ KGI Analyst က Ming-Chi Kuo ကဆိုပါတယ်။

Apple အနေနဲ့ iPhone 8 မှာ iPhone တွေထဲမှာ ပထမဆုံးအနေနဲ့ OLED မျက်နှာပြင်ကို အသုံးပြုလာဖွယ်ရှိနေပြီး Touch ID ဆင်ဆာကို ရှေ့ဘက်မျက်နှာပြင်အောက်မှာ မြုတ်ပြီး ထည့်သွင်းဖွယ်ရှိနေကြောင်းလည်း ကောလဟလတွေက ဆိုပါတယ်။

တကယ်လို့ Kuo ပြောတဲ့အတိုင်းသာ မှန်မယ်ဆိုရင် Apple ဟာ တစ်ခဏအတွင်း စမတ်ဖုန်းသုံးမျိုး ထုတ်လုပ်သွားမှာပါ။ iPhone သစ်တွေ ထုတ်လုပ်မယ့် Event ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ အစောပိုင်းမှာ ကျင်းပမျာ ဖြစ်ပြီး iPhone 8 ကိုတော့ 7s မော်ဒယ်တွေထွက်ပြီး တစ်လလောက်အကြာမှာ ထပ်မံ ထုတ်လုပ်သွားမှာပါ။

Joker (Akhayar)

Ref: Slash Gear