၂၀၁၉ ဒုတိယ နှစ်လယ်ပိုင်းအတွက် Popular ဖြစ်နေတဲ့ ဖုန်းတွေက Galaxy Note 10 ၊ iPhone 11 နဲ့ Pixel 4 တို့ပါ။
နောက်လဆိုရင်ပဲ Samsung ဖုန်း မြင်ရတော့မှာ ဖြစ်သလို သိရသလောက်ဆိုရင် LPDDR5 12GB RAM သုံးထားမယ်။

S Pen နဲ့ ကင်မရာပိုင်း Improve ဖြစ်လာမယ်လို့ သိထားရပြီး Render ပုံရိပ်အရဆိုရင် ကျောဘက် ကင်မရာ ၄ လုံးနဲ့ အလယ်မှာ Punch Hole နဲ့ မြင်ရနိုင်ပါတယ်။

အခု iPhone 11 မှာဆိုရင်တော့ ပြူးထွက်နေတဲ့ Square Camera ကို မြင်တွေ့ရမှာဖြစ်ပြီး Dual နဲ့ Triple Camera တွေ သုံးလာနိုင်ပါတယ်။


ကောလာဟလတွေအရ iPhone 11 ၊ 11 R နဲ့ 11 Max မော်ဒယ် ၃ မျိုး ထွက်လာမှာဖြစ်ပြီး MKBHD ၊ UnboxTheraphy လို Reviewer တွေ လက်ထဲတောင် ရောက်နှင့်နေပါပြီ။

ဒီတော့ 11 စီးရီးမှာ လတ်တလော သိထားရနှင့်တာက Camera Highlight ပဲဖြစ်ပြီး စာပြန်စီရရင် 11 R မှာ Dual Camera နဲ့ 11 ၊ 11 Max တို့မှာ Triple သုံးထားမယ်။


မော်ဒယ် ၃ မျိုးလုံးမှာ True Tone Flash ပါလာနိုင်ပြီး iPhone အသစ်နာမည်ကို 11 ဒါမှမဟုတ် XI လို့ပဲ ခေါ်မလားကလည်း စိတ်ဝင်စားစရာပါ။

လက်ရှိအနေထားရ မော်ဒယ်ဟောင်းတွေနဲ့ ပုံစံအတူတူပဲလို့ ယူဆရပြီး ခန့်မှန်းရသလောက် 7nm A13 Chipset အသုံးပြုထားမယ်။


Google Pixel 4 လည်း Square Camera သုံးထားမယ် အတည်ပြုထားလို့ ၂၀၁၉ ရဲ့ Trend တစ်ခု ဖြစ်လာဦးမယ်လို့ ခန့်မှန်းရပါတယ်။

Source: GSMArena
2B (Akhayar)
www.akhayar.com