Apple ရဲ႕ တတိယေျမာက္မ်ိဳးဆက္ျဖစ္တဲ့ iPad Pro အသစ္ေတြကို မိတ္ဆက္လုိက္ျပီပဲျဖစ္ပါတယ္။ အခု Apple iPad Pro အသစ္ေတြက လက္ရွိအခ်ိန္မွာ အေကာင္းဆံုးေသာ iPad Pro ေတြျဖစ္လာသလုိ ျပီးခဲ့တဲ့ မ်ိဳးဆက္ iPad Pro ေတြန႔ဲ ယွဥ္ရင္လည္း သိသိသာသာအဆင့္ျမွင့္တင္ထားတာျဖစ္ပါတယ္။

Apple iPad Pro

အခု iPad အသစ္ေတြက ေဘးေဘာင္ေတြကို အလြန္ေသးငယ္ေအာင္ ျပဳလုပ္ထားျပီးေတာ့ Home Button ပါဝင္မွာမဟုတ္ေတာ့ဘဲ Gesture Navigation အသစ္ကိုလည္း ထည့္သြင္းထားခဲ့တာျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Keyboard Folio အသစ္၊ Apple Pencil အသစ္ေတြကိုပါ မိတ္ဆက္ေပးခဲ့တာပါ။

ဒါေပမယ့္ Apple iPad Pro အသစ္ေတြမွာ ေျပာင္းလဲမႈၾကီးၾကီးမားမားတစ္ခုရွိေနျပီးေတာ့ အဲ့ဒါကေတာ့ iPad Pro အသစ္ေတြမွာ အသံုးျပဳထားတဲ့ A12X Processor ပဲျဖစ္ပါတယ္။ ဒီ A12X Processor အသစ္ေၾကာင့္ iPad Pro အသစ္ေတြက ကြန္ပ်ဴတာတစ္ခုနီးပါးကို စြမ္းေဆာင္ရည္ရွိေနတာျဖစ္ပါတယ္။

Apple iPad Pro

အခုလုိမ်ိဳးစြမ္းေဆာင္ရည္ေကာင္းမြန္ေပမယ့္လည္း Apple iPad Pro အသစ္ေတြမွာ RAM ပါဝင္မႈက ကြာဟေနတာျဖစ္ပါတယ္။ 11″ နဲ႔ 12.9″ iPad Pro အသစ္၂ ခုစလံုးမွာ Storage အေနနဲ႔ 64GB က စတင္တယ္ဆုိေပမယ့္ Storage 256GB နဲ႔ 512GB မွာ RAM က 4GB ပဲပါဝင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ Storage 1TB မွာေတာ့ RAM ကို 6GB အထိ ထည့္သြင္းေပးထားပါတယ္။ အဲ့ဒီအတြက္ တကယ့္အေကာင္းဆံုးေသာ စြမ္းေဆာင္ရည္ကို လိုခ်င္တယ္ဆုိရင္ေတာ့ Storage 1TB Version ကို ဝယ္ယူဖုိ႔ လုိအပ္မွာပါ။

Apple iPad Pro

ဒါေပမယ့္ အခု Storage 1TB Version iPad Pro ေတြက ေစ်းအလြန္ၾကီးေနျပီးေတာ့ 11″ Model ကို $1549 နဲ႔ 12.9″ Model ကို $1749 အထိေပးရမွာပဲျဖစ္ပါတယ္။ ဘာေၾကာင့္ Apple အေနနဲ႔ အခုလုိမ်ိဳး တမင္ Storage အျမင့္ဆံုး Model ကိုပဲ RAM 6GB ထည့္သြင္းေပးခဲ့သလဲဆိုတာကေတာ့ စဥ္းစားစရာပါ။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Apple ရဲ့ တတိယမြောက်မျိုးဆက်ဖြစ်တဲ့ iPad Pro အသစ်တွေကို မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။ အခု Apple iPad Pro အသစ်တွေက လက်ရှိအချိန်မှာ အကောင်းဆုံးသော iPad Pro တွေဖြစ်လာသလို ပြီးခဲ့တဲ့ မျိုးဆက် iPad Pro တွေနဲ့ ယှဉ်ရင်လည်း သိသိသာသာအဆင့်မြှင့်တင်ထားတာဖြစ်ပါတယ်။

Apple iPad Pro

အခု iPad အသစ်တွေက ဘေးဘောင်တွေကို အလွန်သေးငယ်အောင် ပြုလုပ်ထားပြီးတော့ Home Button ပါဝင်မှာမဟုတ်တော့ဘဲ Gesture Navigation အသစ်ကိုလည်း ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Keyboard Folio အသစ်၊ Apple Pencil အသစ်တွေကိုပါ မိတ်ဆက်ပေးခဲ့တာပါ။

ဒါပေမယ့် Apple iPad Pro အသစ်တွေမှာ ပြောင်းလဲမှုကြီးကြီးမားမားတစ်ခုရှိနေပြီးတော့ အဲ့ဒါကတော့ iPad Pro အသစ်တွေမှာ အသုံးပြုထားတဲ့ A12X Processor ပဲဖြစ်ပါတယ်။ ဒီ A12X Processor အသစ်ကြောင့် iPad Pro အသစ်တွေက ကွန်ပျူတာတစ်ခုနီးပါးကို စွမ်းဆောင်ရည်ရှိနေတာဖြစ်ပါတယ်။

Apple iPad Pro

အခုလိုမျိုးစွမ်းဆောင်ရည်ကောင်းမွန်ပေမယ့်လည်း Apple iPad Pro အသစ်တွေမှာ RAM ပါဝင်မှုက ကွာဟနေတာဖြစ်ပါတယ်။ 11″ နဲ့ 12.9″ iPad Pro အသစ်၂ ခုစလုံးမှာ Storage အနေနဲ့ 64GB က စတင်တယ်ဆိုပေမယ့် Storage 256GB နဲ့ 512GB မှာ RAM က 4GB ပဲပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Storage 1TB မှာတော့ RAM ကို 6GB အထိ ထည့်သွင်းပေးထားပါတယ်။ အဲ့ဒီအတွက် တကယ့်အကောင်းဆုံးသော စွမ်းဆောင်ရည်ကို လိုချင်တယ်ဆိုရင်တော့ Storage 1TB Version ကို ဝယ်ယူဖို့ လိုအပ်မှာပါ။

Apple iPad Pro

ဒါပေမယ့် အခု Storage 1TB Version iPad Pro တွေက စျေးအလွန်ကြီးနေပြီးတော့ 11″ Model ကို $1549 နဲ့ 12.9″ Model ကို $1749 အထိပေးရမှာပဲဖြစ်ပါတယ်။ ဘာကြောင့် Apple အနေနဲ့ အခုလိုမျိုး တမင် Storage အမြင့်ဆုံး Model ကိုပဲ RAM 6GB ထည့်သွင်းပေးခဲ့သလဲဆိုတာကတော့ စဉ်းစားစရာပါ။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com