Apple ရဲ႕ ေနာက္ဆံုးထြက္ရွိထားတဲ့ iPad Pro 2018 Model အသစ္ေတြက ဒီဇုိင္းပိုင္းအရေရာ၊ စြမ္းေဆာင္ရည္ပိုင္းအရပါ တျခားေသာ Tablet ေတြလံုးဝလုိက္မီဖုိ႔ ခက္ခဲတဲ့ Tablet ေတြျဖစ္ေနပါျပီ။ ဒါေပမယ့္လည္း အားနည္းခ်က္တစ္ခုေတာ့ ရွိေနပါေသးတယ္။

iPad Pro 2018 Model

အခု Apple ရဲ႕ iPad Pro အသစ္ေတြက Home Button ပါဝင္ျခင္းမရွိေတာ့ဘဲ Face ID ကို ေျပာင္းလဲတပ္ဆင္ထားတဲ့အတြက္ ေဘးေဘာင္ေတြကလည္း သိသိသာသာပါးလႊာသြားတာပဲျဖစ္ပါတယ္။ ဒါ့အျပင္ Apple က အခု iPad Pro အသစ္ေတြကို အထူအေနနဲ႔ 5.9mm ပဲရွိေနေအာင္ျပဳလုပ္ထားတဲ့အတြက္ လက္ရွိမွာ အပါးလႊာဆံုးေသာ Tablet လုိ႔ေတာင္ ေခၚဆုိလုိ႔ရေနျပီျဖစ္ပါတယ္။

Apple ဟာ ယခု iPad Pro အသစ္ေတြမွာ ဒီဇိုင္းပိုင္းေျပာင္းလဲမႈေတြအျပင္ စြမ္းေဆာင္ရည္ပိုင္းကိုလည္း လက္ရွိ Laptop ေတြထက္ စြမ္းေဆာင္ရည္ျမင့္မားတဲ့ A12X Bionic Chip ကို အသံုးျပဳထားတာျဖစ္ပါတယ္။ အဲ့ဒီအတြက္လက္ရွိမွာ စြမ္းေဆာင္ရည္အေကာင္းဆံုး Tablet ဆိုရင္လည္း မမွားျပန္ပါဘူး။

iPad Pro 2018 Model

ဒါေပမယ့္ Apple iPad Pro 2018 ရဲ႕ အားနည္းခ်က္ကေတာ့ အလြန္ပါးလႊာေအာင္ျပဳလုပ္ထားတဲ့အတြက္ ခိုင္ခံ့မႈပိုင္းအားနည္းသြားတာပဲျဖစ္ပါတယ္။ ဒီအခ်က္ကို JerryRigEverything YouTube Channel က တင္ထားခဲ့တာျဖစ္ျပီး iPad Pro အသစ္ဟာ လက္နဲ႔ခ်ိဳးလို႔ရေလာက္တဲ့အထိကို ခုိင္ခံ့မႈအားနည္းတာပဲျဖစ္ပါတယ္။ အဲ့ဒီအျပင္ JerryRig က iPad Pro အသစ္ရဲ႕ ကင္မရာမွာတပ္ဆင္ထားတဲ့မွန္ကလည္း ပံုမွန္ Sapphire Glass ေတြလုိမ်ိဳး စင္းရာမထင္တာမ်ိဳးမျဖစ္ေနဘူးလုိ႔ ေျပာၾကားခဲ့ျပန္ပါေသးတယ္။

အဲ့ဒီအတြက္ Apple ရဲ႕ iPad Pro အသစ္ေတြကို ဝယ္ယူဖို႔ စိတ္ကူးေနတယ္ဆုိရင္ေတာ့ အတတ္ႏုိင္ဆံုး အထိအခိုက္မရွိေအာင္ ထိန္းသိမ္းျပီးသံုးစြဲဖုိ႔ လုိအပ္မွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Apple ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ iPad Pro 2018 Model အသစ်တွေက ဒီဇိုင်းပိုင်းအရရော၊ စွမ်းဆောင်ရည်ပိုင်းအရပါ တခြားသော Tablet တွေလုံးဝလိုက်မီဖို့ ခက်ခဲတဲ့ Tablet တွေဖြစ်နေပါပြီ။ ဒါပေမယ့်လည်း အားနည်းချက်တစ်ခုတော့ ရှိနေပါသေးတယ်။

iPad Pro 2018 Model

အခု Apple ရဲ့ iPad Pro အသစ်တွေက Home Button ပါဝင်ခြင်းမရှိတော့ဘဲ Face ID ကို ပြောင်းလဲတပ်ဆင်ထားတဲ့အတွက် ဘေးဘောင်တွေကလည်း သိသိသာသာပါးလွှာသွားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Apple က အခု iPad Pro အသစ်တွေကို အထူအနေနဲ့ 5.9mm ပဲရှိနေအောင်ပြုလုပ်ထားတဲ့အတွက် လက်ရှိမှာ အပါးလွှာဆုံးသော Tablet လို့တောင် ခေါ်ဆိုလို့ရနေပြီဖြစ်ပါတယ်။

Apple ဟာ ယခု iPad Pro အသစ်တွေမှာ ဒီဇိုင်းပိုင်းပြောင်းလဲမှုတွေအပြင် စွမ်းဆောင်ရည်ပိုင်းကိုလည်း လက်ရှိ Laptop တွေထက် စွမ်းဆောင်ရည်မြင့်မားတဲ့ A12X Bionic Chip ကို အသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက်လက်ရှိမှာ စွမ်းဆောင်ရည်အကောင်းဆုံး Tablet ဆိုရင်လည်း မမှားပြန်ပါဘူး။

iPad Pro 2018 Model

ဒါပေမယ့် Apple iPad Pro 2018 ရဲ့ အားနည်းချက်ကတော့ အလွန်ပါးလွှာအောင်ပြုလုပ်ထားတဲ့အတွက် ခိုင်ခံ့မှုပိုင်းအားနည်းသွားတာပဲဖြစ်ပါတယ်။ ဒီအချက်ကို JerryRigEverything YouTube Channel က တင်ထားခဲ့တာဖြစ်ပြီး iPad Pro အသစ်ဟာ လက်နဲ့ချိုးလို့ရလောက်တဲ့အထိကို ခိုင်ခံ့မှုအားနည်းတာပဲဖြစ်ပါတယ်။ အဲ့ဒီအပြင် JerryRig က iPad Pro အသစ်ရဲ့ ကင်မရာမှာတပ်ဆင်ထားတဲ့မှန်ကလည်း ပုံမှန် Sapphire Glass တွေလိုမျိုး စင်းရာမထင်တာမျိုးမဖြစ်နေဘူးလို့ ပြောကြားခဲ့ပြန်ပါသေးတယ်။

အဲ့ဒီအတွက် Apple ရဲ့ iPad Pro အသစ်တွေကို ဝယ်ယူဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ အတတ်နိုင်ဆုံး အထိအခိုက်မရှိအောင် ထိန်းသိမ်းပြီးသုံးစွဲဖို့ လိုအပ်မှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com