[Zawgyi]

Apple ထုတ္ကုန္အသစ္ေတြနဲ႔ပတ္သက္လို႔ သတင္းေပါက္တာေတြဆိုရင္ တိတိက်က်ရွိတဲ့သူအျဖစ္ လူသိမ်ားတဲ့ Ming-Chi Kuo ဆိုတဲ့တစ္ေယာက္ဆီက iPad mini နဲ႔ပတ္္သက္ၿပီး သတင္းေပါက္လာျပန္ပါၿပီ။ iPad mini ကို Apple အေနနဲ႔ ပစ္ထားခဲ့တာ iPad mini 4 မွာပဲရွိေနခဲ့ပါတယ္။ 

iPad Pro New Design Render

အခုလာမယ့္ ေအာက္တိုဘာ ၃၀ ရက္ေန႔မွာ က်င္းပမယ့္ Apple Special Event မွာလည္း iPad Pro အသစ္ေတြနဲ႔ Mac အသစ္ေတြကို မိတ္ဆက္သြားမယ္ဆိုတာ သတင္းထြက္ၿပီးသားျဖစ္ေနပါၿပီ။ အဲ့ဒီပဲြမွာပဲ iPad Pro အသစ္ေတြနဲ႔အတူ Design ေျပာင္းထားတဲ့ iPad mini အသစ္ကိုပါ မိတ္ဆက္သြားမယ္လို႔ ယူဆရတာပါ။ 

MacBook

ထုတ္ကုန္အသစ္ေတြအေနနဲ႔ USB-C ပါတဲ့ iPad Pro အသစ္ေတြ၊ Design ေျပာင္းထားတဲ့ Apple Pencil အသစ္နဲ႔ Mac ထုတ္ကုန္ အသစ္သံုးမ်ိဳးဆိုၿပီး အခု Ming-Chi Kuo ကခန္႔မွန္းခ်က္ထုတ္ထားတာပါ။ Apple အေနနဲ႔ တန္ဖိုးႀကီးထုတ္ကုန္ေတြနဲ႔အတူ ေစ်းပိုသက္သာတဲ့ ထုတ္ကုန္တစ္ခ်ိဳ႕ကို အတူထုတ္ျပဖို႔ ျပင္ဆင္ေနမယ္ဆိုတာ ေသခ်ာသေလာက္ျဖစ္ေနပါတယ္။ 

Livestream will start at 8:30PM Local Time

အသစ္ထြက္မယ့္ ထုတ္ကုန္ေတြထဲမွာ iPad mini အသစ္ကေတာ့ စိတ္ဝင္စားဖို႔အေကာင္းဆံုးျဖစ္မွာပါ။ အေၾကာင္းကေတာ့ iPad Pro ေတြထက္ပိုၿပီး ေစ်းသက္သာတဲ့ Device ျဖစ္တဲ့အျပင္ Apple Pencil Support ပါ ရလာႏိုင္တာေၾကာင့္ပါ။ iPad mini အသစ္ကေတာ့ ပရိသတ္အတြက္ အေကာင္းဆံုးထုတ္ကုန္ ျဖစ္လာဦးမွာပါ။ Apple Event ကိုေတာ့ ေအာက္တိုဘာ ၃၀ ရက္ေန႔ New York Acedamy of Music မွာ လုပ္သြားမွာျဖစ္ၿပီး Live Stream လႊင့္ေပးသြားမွာျဖစ္တာေၾကာင့္ ေစာင့္ၾကည့္ႏိုင္ပါတယ္။ 

Ref: 9to5Mac

Min Than Htike (Akhayar)

www.akhayar.com

[Unicode]

iPad mini အသစ်ကိုတွေ့ရတော့မယ်လို့ သတင်းထွက်လာပြီ

Apple ထုတ်ကုန်အသစ်တွေနဲ့ပတ်သက်လို့ သတင်းပေါက်တာတွေဆိုရင် တိတိကျကျရှိတဲ့သူအဖြစ် လူသိများတဲ့ Ming-Chi Kuo ဆိုတဲ့တစ်ယောက်ဆီက iPad mini နဲ့ပတ်သက်ပြီး သတင်းပေါက်လာပြန်ပါပြီ။ iPad mini ကို Apple အနေနဲ့ ပစ်ထားခဲ့တာ iPad mini 4 မှာပဲရှိနေခဲ့ပါတယ်။ 

iPad Pro New Design Render

အခုလာမယ့် အောက်တိုဘာ ၃၀ ရက်နေ့မှာ ကျင်းပမယ့် Apple Special Event မှာလည်း iPad Pro အသစ်တွေနဲ့ Mac အသစ်တွေကို မိတ်ဆက်သွားမယ်ဆိုတာ သတင်းထွက်ပြီးသားဖြစ်နေပါပြီ။ အဲ့ဒီပွဲမှာပဲ iPad Pro အသစ်တွေနဲ့အတူ Design ပြောင်းထားတဲ့ iPad mini အသစ်ကိုပါ မိတ်ဆက်သွားမယ်လို့ ယူဆရတာပါ။ 

MacBook

ထုတ်ကုန်အသစ်တွေအနေနဲ့ USB-C ပါတဲ့ iPad Pro အသစ်တွေ၊ Design ပြောင်းထားတဲ့ Apple Pencil အသစ်နဲ့ Mac ထုတ်ကုန် အသစ်သုံးမျိုးဆိုပြီး အခု Ming-Chi Kuo ကခန့်မှန်းချက်ထုတ်ထားတာပါ။ Apple အနေနဲ့ တန်ဖိုးကြီးထုတ်ကုန်တွေနဲ့အတူ ဈေးပိုသက်သာတဲ့ ထုတ်ကုန်တစ်ချို့ကို အတူထုတ်ပြဖို့ ပြင်ဆင်နေမယ်ဆိုတာ သေချာသလောက်ဖြစ်နေပါတယ်။ 

Livestream will start at 8:30PM Local Time

အသစ်ထွက်မယ့် ထုတ်ကုန်တွေထဲမှာ iPad mini အသစ်ကတော့ စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်မှာပါ။ အကြောင်းကတော့ iPad Pro တွေထက်ပိုပြီး ဈေးသက်သာတဲ့ Device ဖြစ်တဲ့အပြင် Apple Pencil Support ပါ ရလာနိုင်တာကြောင့်ပါ။ iPad mini အသစ်ကတော့ ပရိသတ်အတွက် အကောင်းဆုံးထုတ်ကုန် ဖြစ်လာဦးမှာပါ။ Apple Event ကိုတော့ အောက်တိုဘာ ၃၀ ရက်နေ့ New York Acedamy of Music မှာ လုပ်သွားမှာဖြစ်ပြီး Live Stream လွှင့်ပေးသွားမှာဖြစ်တာကြောင့် စောင့်ကြည့်နိုင်ပါတယ်။ 

Ref: 9to5Mac

Min Than Htike (Akhayar)

www.akhayar.com