မတ်လကုန်ခါနီးလေး ၄ ၊ ၅ ရက်အလိုမှာ Apple တိတ်တိတ်ကလေး မိတ်ဆက်သွားတဲ့ iPad Mini နဲ့ iPad Air အသစ် ၂ လုံးကို ပရိသတ်ကြီးသိပြီးသားထင်ပါတယ်။ A12 Bionic Chip နဲ့ Apple Pencil ပါဝင်လာတဲ့ iPad ထုတ်ကုန်အသစ်တွေက $399 နဲ့ $499 ရောင်းဈေးရှိတယ်။

Image (Apple)

အရင်မော်ဒယ်တွေထက် Performance ပိုကောင်းလာသလို Pencil ပါဝင်လာတဲ့ အားသာချက်ကြောင့် iPad အသစ်တွေကို စိတ်ဝင်တစားဖြစ်နေကြတာ အထူးဆန်းတော့မဟုတ်ပါဘူး။ ကျနော်သာဆိုရင်လည်း iPad ကို ဝယ်သုံးမိမှာပါ (ကြိုက်လို့)

Image (Apple)

အခုပြောပြသွားမယ့် အကြောင်းလေးကတော့ JerryRigEverything ဆိုတဲ့ YouTuber စမ်းသပ်မှုအောက်မှာ ကွေးညွတ်သွားတဲ့ iPad Mini ရဲ့ သနားစရာဘဝလေးပါ။ ထုံးစံအတိုင်း Display Test ၊ Burn Test တွေ စမ်းသွားပြီး Bend Test မှာမှ iPad Mini လေး ကွေးထွက်သွားတာပါ။

Image (Apple)

အရင် iPad Pro တုန်းကလည်း Bend Test မှာ ကွေးခဲ့ဖူးလို့ အထူးဆန်းလိုတော့ မဟုတ်ပါဘူး။ ဒီလို အတော်လေး ကွေးသွားတာတောင် iPad Mini က အလုပ်လုပ်နေသေးတဲ့အတွက် Foldable Component သုံးထားသလားလို့တောင် သံသယဖြစ်စရာပါ။

Source: GSMArena
2B (Akhayar)