[Zawgyi] 






Ref: BGR

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

iOS 11.4 Update ကြောင့် iPhone တချို့ Battery အားကုန်မြန်တဲ့ ပြဿနာရှိနေ

WWDC မစခင် ရက်အနည်းငယ်က Apple ထုတ်ပေးခဲ့တဲ့ iOS 11.4 Update မှာ Feature အသစ်တွေပါလာပါတယ်။ iOS 11.4 ကို Update လုပ်ခဲ့ကြသူတွေအများကြီးရှိခဲ့သလို အဆင်မပြေဖြစ်သူတွေလည်း ရှိနေပါတယ်။ 

Software Update တွေနဲ့ပတ်သက်လို့ အဆင်မပြေတာတွေကို iPhone User တော်တော်များများက Apple Support Forum တွေမှာ Report တင်လာကြပါတယ်။ အဲ့ဒီအထဲက လက်ရှိအများဆုံးဖြစ်နေတာကတော့ iOS 11.4 အသုံးပြုနေသူတွေပါ။ iOS 11.4 Update လုပ်ထားတဲ့ iPhone သုံးသူတော်တော်များများ သူတို့ဖုန်းတွေ Battery ကြာကြာမခံတဲ့အကြောင်းတွေ ရေးထားတာတွေ့ရပါတယ်။ 

အခုလို ပြဿနာဖြစ်တဲ့ iPhone အမျိုးအစားတွေကတော့ iPhone 6 ကနေ iPhone SE နဲ့ iPhone X အထိပါဝင်တာကို တွေ့ရပါတယ်။ iPhone ကို ပုံမှန်အသုံးပြုတာမှာ Battery က တစ်နေကုန်သုံးဖို့ လုံလောက်ပေမယ့် iOS 11.4 Update လုပ်ပြီးသွားတဲ့နောက်ပိုင်း နေ့တစ်ဝက်လောက်ပဲ ကောင်းကောင်းသုံးလို့ရတယ်လို့ ရေးထားသူလည်း ရှိပါတယ်။ အခုလို Battery ပြဿနာဖြစ်နေတဲ့ iPhone တွေက Battery ကောင်းတဲ့ ဖုန်းတွေဆိုတာလည်း ဖော်ပြထားပါတယ်။ 

Disable Background App Refresh

Battery မကောင်းလို့ iPhone တွေက အားကုန်မြန်နေတာမဟုတ်ဘဲ iOS 11.4 ကြောင့်သာ အခုလိုဖြစ်နေတာပါ။ Apple ကတော့ အခုဖြစ်တဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ ဘာမှထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။ မကြာခင်မှာ iOS 11.4.1 Update ကိုထုတ်ပေးလာမလားဆိုတာ စောင့်ကြည့်ရမှာပါ။ လက်တလော ဖြေရှင်းချက်ကတော့ App Update တွေရှိရင် Update လုပ်တာ၊ Background App Refresh တွေပိတ်ထားတာ၊ Low Power Mode ဖွင့်တာနဲ့ နောက်ဆုံး iOS Restore လုပ်တာတွေပဲရှိမှာပါ။ 

Ref: BGR

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။