Akhayar ပရိတ်သတ်ကြီးတွေထဲမှာ Apple ဖုန်းအသုံးပြုနေသူတွေ၊ ဝယ်သုံးဖို့ စီစဉ်နေသူတွေရှိမှာပါ။ ဒါကြောင့် ကျွန်တော်က  ဒီတစ်ခါမှာတော့  Apple ရဲ့ Warranty တွေဟာ ဘယ်လိုအခြေအနေမှာ သက်ရောက်မှုရှိတယ်ဘယ်လိုအသုံးဝင်တယ်ဆိုတာတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ယနေ့ ခေတ် ဖုန်းတစ်လုံးသင့်လက်ထဲရောက်လို့ Damage ဖြစ်သွားတဲ့အခါဆိုင်တွေနဲ့ User false နဲ့ factory false ဆို အငြင်းပွားရလေ့ရှိပါတယ်။ သင်ဟာ Apple ဖုန်းတစ်လုံးကိုဝယ်ဖို့  စဉ်းစားနေပြီ (သို့မဟုတ်) လက်ရှိအသုံးပြုနေပြီဆိုရင်တော့ ဒီအချက်လေးတွေကို မသိမဖြစ်ဖတ်ထားသင့်ပါတယ်။

Apple ဖုန်းတွေက ဈေးကြီးတာကြောင့် ပရိတ်သတ်ကြီးအနေနဲ့ iPhone ဝယ်လိုက်လို့ တစ်ခုခု အမှားအယွင်းဖြစ်နေခဲ့ရင်လည်း ပေးထားတဲ့ ဈေးနဲ့အညီ Customer Care ကို ထိုက်ထိုက်တန်တန် ပြန်လည်ရရှိစေမှာပါ။ အဲ့တော့ ဘယ်လို အချက်တွေက  User false (သို့မဟုတ်) Factory False အဖြစ်သတ်မှတ်တယ်ဆိုတာကို ဆက်လက်ပြီး လေ့လာကြည့်ရအောင်။

 

User False များ

  • Apple ဖုန်းများသည်မှန်နှင့်ဖုန်းကိုယ်ထည်အကြား စည်းများဖြင့် တပါတည်း ပါလာပြီးသားဖြစ်ပါတယ်။ ဖုန်းကို ဖွင့်လိုက်တာနဲ့ အထဲက စည်းတွေက ကွာသွားမှာ ဖြစ်ပြီးတော့ စည်းတွေ ကွာမနေဖို့ လိုအပ်ပါတယ်။
  • ဖုန်းရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို နေရာသတ်မှတ်ပေးပြီးသားဖြစ်ပြီးတော့ ၀က်အူရစ် အသေးအကြီးတွေကအစ သူ့နေရာနဲ့သူရှိပါတယ်။ ဒါကြောင့် ဖုန်းကိုကိုယ်တိုင် ဖွင့်မထားဖို့လိုအပ်ပါတယ်။ ဒီလိုဖွင့်ပြီး Warranty ကိစ္စသွားပြောရင်တော့ Apple ဆိုင်က User False အဖြစ်သတ်မှတ်ပြီး ပေးမှာမဟုတ်ပါဘူး။
  • မိမိ၏အကြောင်းတစုံတရာကြောင့် ဖုန်းမှန်ကွဲသွားတာ
  • ရေ၀င်တာ၊ Home key ကို အကြမ်းပတမ်းအသုံးပြုတာ၊
  • မိမိဖုန်းသည်အကြောင်းတစ်စုံတစ်ရာကြောင့်ပျောက်ဆုံးခြင်း၊အားသွင်းခေါင်းပျက်စီးသွားခြင်းကြောင့်အားသွင်းမရတော့ခြင်း၊ jail break လုပ်လို့ ဖုန်း software brick ဖြစ်သွားတဲ့အခါတွင် ပြင်ပေးရသည့် charges နှင့် jail break လုပ်ခြင်းကြောင့်ဒဏ်ငွေပါပေးသွင်းရခြင်း ကိုယ့်ရဲ့ လုပ်ဆောင်မှုတစ်ခုခုကြောင့်ဖြစ်သွားတဲ့ အမှားများကိုတော့ apple ကပြင်ဆင်ခတောင်းခံသွားမှာဖြစ်ပါတယ်။အပေါ်တွင်အသေးစိတ်ဖော်ပြထားသောအချက်များအတွက်လုံးဝတာဝန်ယူပေးမှာမဟုတ်ပါဘူး

 

Factory False များ

ယေဘုရအားဖြင့်ဆိုရင်တော့ ကိုယ်မကလိဘဲ သူဟာသူပျက်တာဆို Factory False အဖြစ်သတ်မှတ်လို့ရပါတယ်။

သို့သော်ဖြစ်လေ့ဖြစ်ထရှိသောအချက်များကိုတင်ပေးလိုက်ပါတယ်။ Factory  False ဖြစ်တဲ့အခါမှာ ဖြစ်စဉ်နှစ်မျိုးရှိတတ်ပါတယ်။ ကိုယ်ကအပြင်ဆိုင်မှာဝယ်မိရင်တော့ Factory False အဖြစ် ၀ယ်ယူလာတဲ့ဆိုင်မှလက်ခံပြီဆိုရင်တော့apple customer office ကိုပို့ပေးပါတယ် charges မရှိပါဘူး။ Apple Customer Office ကိုသွားရင်တော့ စစ်ဆေးတာကိုစောင့်ပေးရပါတယ်။ပြီးရင်တော့ရက်အနည်းငယ်ကြာတတ်ပါတယ်။

Factory false အကြောင်းများကတော့ကိုယ်က မလုပ်ပဲ မှန်ဟနေခြင်း၊ ၀ယ်ပြီးအိမ်ပြန်သွားတော့မှ power တွေကျခြင်း၊ LCD အရောင်တွေအသံတွေမမှန်ခြင်း၊ usb detected မသိခြင်း အားသွင်းနှေးခြင်း အဲ့လိုတွေဖြစ်နေပါက သူတို့ရုံးကိုသာချက်ချင်းသွားပြီး ပြောသင့်ပါတယ်။ အဲ့အခါမှာသူတို့ ခဏစစ်ဆေးပြီးတာနဲ့  အလုံးသစ်တစ်လုံးကိုလဲပေးပါလိမ့်မယ်။

ကဲအဲ့တော့  ကိုယ့်ပန်းသီးလေး တစ်ခုခုဖြစ်ချိန်တွင် ဆိုင်ပြောများကိုနားမရုံပဲ ကိုယ့်ဘာကို ဆုံးဖြတ်နိုင်ကြပါစေ။

Kaung Myat (Akhayar)