[Zawgyi] 


iOS 12 Dev Beta 5



Ref: Apple Insider

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

iOS 12 Beta 5 မှာ သိသာတဲ့ပြောင်းလဲမှုတွေပါလာပြီ

iOS 12 ကို Apple က Beta Version တွေ ထုတ်ပေးထားတာ အခုဆိုရင် Beta 5 အထိရောက်နေပါပြီ။ Public Beta နဲ့ Developer Beta ဆိုပြီး နှစ်မျိုးထုတ်ပေထားတာပါ။ အခုကတော့ Developer Beata 5 Update ထွက်လာတာပါ။ Beta 5 မှာတော့ အရင်က Beta တွေထက် သိသာတဲ့ပြောင်းလဲမှုတွေကို ထည့်ပေးလာတာတွေ့ရပါတယ်။ 

iOS 12 Dev Beta 5

သိသာတဲ့ပြောင်းလဲမှုတွေကတော့ Control Center က Control Sheet တွေက အရင်ကထက်ပိုပြီး အရောင်ရင့်လာတာကြောင့် အမြင်ပိုင်းမှာပိုကောင်းလာစေပါတယ်။ Wallpaper တွေရဲ့ အရောင်တွေလည်း ပိုတောက်လာပါတယ်။ Apple Music ထဲမှာလည်း သီချင်းတွေကို Lyric သိတာနဲ့ ရှာနိုင်လာပါပြီ။ ဒီ Feature ကတော့ တကယ်ကိုကောင်းတဲ့ Feature ပါပဲ။ သီချင်းနာမည်မသိတာ၊ မေ့နေတာမျိုးတွေအတွက် စာသားကိုရိုက်ရှာရုံနဲ့ သီချင်းကိုအလွယ်တကူ ရှာတွေ့နိုင်မှာပါ။ News App အတွက်လည်း Icon အသစ်ပြောင်းပေးလာပါတယ်။ တခြားပြောင်းလဲမှုတွေကတော့ Photos App ထဲက Media Type View မှာ Icon လေးတွေပြောင်းထားတာနဲ့ Wallpaper ထားတဲ့အချိန် Sharesheet မှာ iPhone X နဲ့ တခြား iPhone တွေအတွက် တိကျတဲ့ Icon လေးတွေကိုပြောင်းပေးထားတာမျိုးတွေ ပါဝင်လာပါတယ်။ 

Apple အနေနဲ့တော့ Beta Version တွေမှာ သိသာတဲ့ပြောင်းလဲမှုတွေ၊ Feature အသစ်တွေကို ထည့်ပေးတတ်ပေမယ့်လည်း နောက်ဆုံး Stable Release မှာ Feature တချို့နဲ့ အဆင်မပြေဖြစ်တဲ့ ပြောင်းလဲမှုတွေကို ချန်ထားခဲ့တတ်တာကြောင့် အခုပါလာတဲ့ Feature တွေ၊ ပြောင်းလဲမှုတွေကို အားလုံး မျှော်လင့်ထားလို့တော့မရပါဘူး။ iOS 12 Stable Version ကိုတော့ လာမယ့်စက်တင်ဘာဝန်းကျင်မှတွေ့ရနိုင်မှာပါ။ iOS 12 ကတော့ ထွက်ခဲ့သမျှ iOS Vesion တွေထဲမှာ နောက်ဆုံးဖြစ်သလို အကောင်းဆုံးလို့ပြောလို့ရပါတယ်။ iOS 12 က iPhone အဟောင်းတွေကို သိသိသာသာ ပိုမြန်လာစေတာကြောင့် သင်က iPhone 6 လိုမျိုး iPhone အဟောင်းကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ iOS 12 က သင့်အတွက် အကောင်းဆုံး Update ပါပဲ။ 

Ref: Apple Insider

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။