[Zawgyi] 

ဖုန္းတစ္လံုးရဲ႕ အသက္က သူ႔မွာပါတဲ့ Operation System လို႔ေျပာလို႔ရပါတယ္။ OS ေပၚမွာ အမ်ိဳးမ်ိဳးေသာ အလုပ္ေတြကို လုပ္ႏုိင္ဖို႔အတြက္ေတာ့ Application ေတြ လိုအပ္ပါတယ္။ အဲ့ဒီအတြက္ OS မွာ ဖုန္းတစ္လံုးအတြက္ လုိအပ္တဲ့ App ေတြက OS နဲ႔အတူပါလာတာေၾကာင့္ ဘူးထဲကထုတ္တာနဲ႔ ဖုန္းေခၚတာ၊ ဓာတ္ပံု႐ိုက္တာမ်ိဳးေတြ ခ်က္ခ်င္းလုပ္ႏုိင္တာပါ။ 

App Store on iPhone 6

တျခားအရာေတြကို လုပ္ဖို႔၊ သံုးဖို႔လိုအပ္လာတဲ့အခါ အမ်ိဳးမ်ိဳးေသာ App ေတြက လိုအပ္လာပါတယ္။ အဲ့ဒီအတြက္ App ေတြကို တစ္စုတစ္ေဝးတည္း ရွာႏိုင္တဲ့ Online Store ႀကီး လိုလာပါတယ္။ Apple ကေတာ့ သူတို႔ရဲ႕ iOS အတြက္ App Store ဆိုတာႀကီးကို ၂၀၀၈ ခုႏွစ္ ဇူလိုင္လ ၁၀ ရက္ေန႔မွာ စတင္ခဲ့ပါတယ္။ မနက္ျဖန္မွာေတာ့ App Store က ၁၀ ႏွစ္ျပည့္ေတာ့မွာပါ။ 

App Store on iOS 7

အခုလို App Store တစ္ခု ေအာင္ျမင္လာဖို႔ အဓိကက်သူေတြကေတာ့ ေနာက္ကြယ္က App ေတြကို ဖန္တီးေနတဲ့ Developer ေတြပဲျဖစ္ပါတယ္။ App Store ေပၚမွာ App ေတြကို အမ်ိဳးမ်ိဳးေသာ App ေတြကို တန္ဖိုးအသီးသီးနဲ႔ ေရာင္းခ်လာတာ အခုဆိုရင္ App ေတြကို Download ဆြဲတဲ့ အႀကိမ္အေရအတြက္ကလည္း သန္းေပါင္းမ်ားစြာရွိေနပါၿပီ။ App Store မွာလည္း ႏွစ္တိုင္းလိုလို App အေရအတြက္က ပိုမ်ားလာခဲ့ပါတယ္။ iPad ကို ၂၀၁၀ မွာ Apple မိတ္ဆက္ခဲ့ၿပီးေနာက္ပိုင္း App အေရအတြက္က ပိုမ်ားလာခဲ့ပါတယ္။ 

App Store on iPhone and iPad

App Store ေပၚမွာ ၂၀၁၇ စစ္တမ္းအရ App အေရအတြက္ေပါင္း ၂.၁ သန္းေက်ာ္ ရွိေနၿပီျဖစ္ပါတယ္။ ဒါဟာ App Store စတင္ခဲ့ခ်ိန္ကရွိခဲ့တဲ့ App အေရအတြက္ ၅၀၀ နဲ႔ ယွဥ္ရင္ အဆေပါင္းမ်ားစြာ တိုးတက္လာတာကို ေတြ႕ရပါတယ္။ ႏုိင္ငံေပါင္းမ်ားစြာက အပတ္စဥ္ App Store ကို သံုးစြဲသူအေရအတြက္ကလည္း သန္း ၅၀၀ ေက်ာ္ရွိေနပါၿပီ။ App Store ရဲ႕ ေအာင္ျမင္မႈကေတာ့ လက္ရွိေရာင္းခ်ေနတဲ့ iPhone နဲ႔ iPad ေတြအျပင္ ေနာက္ကြယ္က Developer ေတြေၾကာင့္ဆိုတာ ဘယ္သူမွမျငင္းႏိုင္ပါဘူး။ Apple ကလည္း App Store ကို အရင္ကထက္ ပိုေကာင္းလာေအာင္၊ App အသစ္ေတြ ပိုၿပီး ရွာရလြယ္ကူလာေအာင္ ျပဳျပင္မႈေတြ ဆက္တိုက္လုပ္လာခဲ့တာ အခုလက္ရွိ App Store က သမိုင္းတေလွ်ာက္မွာ သင့္အတြက္ အေကာင္းဆံုး အေတြ႕အႀကံဳကို အေပးႏိုင္ဆံုးပါပဲ။ 

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Apple ရဲ့  iOS App Store က မကြာခင် ၁၀ နှစ်ပြည့်တော့မယ်

ဖုန်းတစ်လုံးရဲ့ အသက်က သူ့မှာပါတဲ့ Operation System လို့ပြောလို့ရပါတယ်။ OS ပေါ်မှာ အမျိုးမျိုးသော အလုပ်တွေကို လုပ်နိုင်ဖို့အတွက်တော့ Application တွေ လိုအပ်ပါတယ်။ အဲ့ဒီအတွက် OS မှာ ဖုန်းတစ်လုံးအတွက် လိုအပ်တဲ့ App တွေက OS နဲ့အတူပါလာတာကြောင့် ဘူးထဲကထုတ်တာနဲ့ ဖုန်းခေါ်တာ၊ ဓာတ်ပုံရိုက်တာမျိုးတွေ ချက်ချင်းလုပ်နိုင်တာပါ။ 

App Store on iPhone 6

တခြားအရာတွေကို လုပ်ဖို့၊ သုံးဖို့လိုအပ်လာတဲ့အခါ အမျိုးမျိုးသော App တွေက လိုအပ်လာပါတယ်။ အဲ့ဒီအတွက် App တွေကို တစ်စုတစ်ဝေးတည်း ရှာနိုင်တဲ့ Online Store ကြီး လိုလာပါတယ်။ Apple ကတော့ သူတို့ရဲ့ iOS အတွက် App Store ဆိုတာကြီးကို ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ မနက်ဖြန်မှာတော့ App Store က ၁၀ နှစ်ပြည့်တော့မှာပါ။ 

App Store on iOS 7

အခုလို App Store တစ်ခု အောင်မြင်လာဖို့ အဓိကကျသူတွေကတော့ နောက်ကွယ်က App တွေကို ဖန်တီးနေတဲ့ Developer တွေပဲဖြစ်ပါတယ်။ App Store ပေါ်မှာ App တွေကို အမျိုးမျိုးသော App တွေကို တန်ဖိုးအသီးသီးနဲ့ ရောင်းချလာတာ အခုဆိုရင် App တွေကို Download ဆွဲတဲ့ အကြိမ်အရေအတွက်ကလည်း သန်းပေါင်းများစွာရှိနေပါပြီ။ App Store မှာလည်း နှစ်တိုင်းလိုလို App အရေအတွက်က ပိုများလာခဲ့ပါတယ်။ iPad ကို ၂၀၁၀ မှာ Apple မိတ်ဆက်ခဲ့ပြီးနောက်ပိုင်း App အရေအတွက်က ပိုများလာခဲ့ပါတယ်။ 

App Store on iPhone and iPad

App Store ပေါ်မှာ ၂၀၁၇ စစ်တမ်းအရ App အရေအတွက်ပေါင်း ၂.၁ သန်းကျော် ရှိနေပြီဖြစ်ပါတယ်။ ဒါဟာ App Store စတင်ခဲ့ချိန်ကရှိခဲ့တဲ့ App အရေအတွက် ၅၀၀ နဲ့ ယှဉ်ရင် အဆပေါင်းများစွာ တိုးတက်လာတာကို တွေ့ရပါတယ်။ နိုင်ငံပေါင်းများစွာက အပတ်စဉ် App Store ကို သုံးစွဲသူအရေအတွက်ကလည်း သန်း ၅၀၀ ကျော်ရှိနေပါပြီ။ App Store ရဲ့ အောင်မြင်မှုကတော့ လက်ရှိရောင်းချနေတဲ့ iPhone နဲ့ iPad တွေအပြင် နောက်ကွယ်က Developer တွေကြောင့်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ Apple ကလည်း App Store ကို အရင်ကထက် ပိုကောင်းလာအောင်၊ App အသစ်တွေ ပိုပြီး ရှာရလွယ်ကူလာအောင် ပြုပြင်မှုတွေ ဆက်တိုက်လုပ်လာခဲ့တာ အခုလက်ရှိ App Store က သမိုင်းတလျှောက်မှာ သင့်အတွက် အကောင်းဆုံး အတွေ့အကြုံကို အပေးနိုင်ဆုံးပါပဲ။ 

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။