Ailment

ဒီဂိမ်းလေးက Retro Style “Pixel Art” ဂိမ်းဖြစ်ပေမယ့် ကစားသူကို စိတ်ကျေနပ်မှု ပေးစွမ်းမယ့်ဂိမ်းလို့ ပြောရမှာပါ။ Action ကိုမှ RPG နဲ့ ရောစပ်ပေးထားလို့ Exploration လုပ်ရမယ်။

လက်နက်နဲ့ Gears တွေအတွက် ရန်သူတွေဆီက Loot လုပ်ရမယ့်အပြင် Story တလျှောက် ဖွက်ထားတဲ့ Easter Egg တွေကိုပါ (ရှာလျှင်) တွေ့ရဦးမှာပါ။

Developer: BeardyBird Game
Download: iOSAndroid

Critical Ops

ဒီဂိမ်းကတော့ ရေပန်းအစားဆုံးဖြစ်နေတဲ့ Fast-pace Shooter ဂိမ်းလို့ပဲ ပြောရမှာပါ။ 3D Graphics နဲ့ ဆွဲဆောင်မှုရှိတဲ့ Setting တွေက နှစ်သက်စေသလို Counter-Strike လို PVP Match ကြောင့် အဆော့များနေတဲ့ ဂိမ်းဆိုရင် မမှားပါဘူး။

လက်နက်နဲ့ Skin တွေကို Customize လုပ်နိုင်တဲ့အပြင် 5 Vs 5 ယှဥ်ဆော့ရမယ့် Critical Ops က Skill ပြချင်တဲ့ Shooter တွေ၊ Competitive Match ကိုမှ ဆော့ချင်တဲ့ ဂိမ်မာတွေ နှစ်သက်မယ်လို့ ပြောချင်ပါတယ်။

Developer: Critical Force
Download: iOSAndroid

Gigantic X

Contra ဂိမ်းကြိုက်တဲ့လူဆိုရင်တော့ Gigantic ကို စမ်းဆော့ချင်မယ် ထင်ပါတယ်၊ ထုံးစံအတိုင်း Alien Invasion ကို ကာကွယ်ရင်း Character ၃ ကောင်ထဲက နှစ်သက်ရာနဲ့ Single Player ဆော့နိုင်မယ်။

Graphics လှလာသလို Explosion ကို ဖော်ပြတဲ့နေရာမှာ Mobile Shooter ဂိမ်းအတွက် မဆိုးဘူးလို့ ပြောရမယ် ထင်ပါတယ်။ Multi-player လည်း ပါဝင်တဲ့အတွက် သူငယ်ချင်းတွေနဲ့အတူ တပျော်တပါး ဆော့ကစားနိုင်ဦးမှာပါ။

Developer: Action Square
Download: iOSAndroid

Hitman Sniper ($0.99)

Stealth Action ဂိမ်း ဝါသနာအိုးတွေအတွက် Sniper Challenge က စိတ်ဝင်စားဖို့ ကောင်းမယ်ထင်ပါတယ်။ ၁ ဒေါ်လာ လောက် ဖြုန်းရမယ်ဆိုမယ့် ပေးရတာနဲ့ တန်ပါတယ်။ Mission ၁၅၀ ရှိမှာဖြစ်ပြီး Sniper တစ်လက်နဲ့ ရန်သူတွေ လိုက်ဖြုတ်ရမယ်။

အဲ့မှာ ပစ်ချင်တိုင်းပစ်လို့ မရမှာက Alarm မပွင့်ဘဲ ဘယ်လို သတ်မလဲဆိုတာကို စိတ်ရှည်ရှည်နဲ့ ကစားရမယ်။ ထုံးစံအတိုင်း Mission အောင်ဖို့ နည်းလမ်းမျိုးစုံ သုံးနိုင်ပြီး Leaderborads ပါလာမယ်၊ Sniper အသစ်တွေပါ Unlock လုပ်ရမှာဖြစ်တဲ့အတွက် Hitman Fans တွေ နှစ်သက်မယ်လို့ ထင်ပါတယ်။

Developer: Square Enix
Download: iOSAndroid

Into the Dead 2

Zombie ခေတ်ပျက်ကြီးထဲမှာ Survival Action ကစားချင်သူတွေ အကြိုက်ဖြစ်မယ်လို့ ထင်ပါတယ်။ အဓိက Graphics ပို ကောင်းလာတဲ့အပြင် Pistol ကစလို့ Cross-bow ကအစ လက်နက် ပိုစုံလာတယ်။

နောက်ပြီး Zombie တွေကို လိုက်သတ်ရတာမျိုး ဆော့ရတာ မဟုတ်တော့ဘဲ Tower Defense နဲ့ Ending အမျိုးမျိုး ဖြစ်နိုင်တာ ပြထားတဲ့အတွက် Gameplay ပို ကောင်းလာတယ် ဆိုရမှာပါ။

Developer: PikPok
Download: iOSAndroid

Exclusive Games

Shadowgun: Legends

Shadowgun စီးရီးထဲမှာ Graphics Quality ကောင်းကောင်း ဆော့ကစားနိုင်မယ့် Legends Game ဟာ Single-player ၊ Co-op ၊ Raids နဲ့ PVP (Player vs Player) Mode မျိုးစုံပါဝင်ထားပါတယ်။ Gameplay ဟာလည်း Desktop ၊ Console နီးနီးကောင်းမွန်ပြီး စုံလင်တဲ့ Character Customisation တွေလည်း ပါဝင်ပါတယ်။

Download Link: iOS ၊ Android

Modern Combat 5: Blackout

ခေတ်မီတိုက်ပွဲဆိုတဲ့ နာမည်နဲ့အညီ FPS Gameplay အရသာပေးစွမ်းနိုင်တဲ့ Modern Combat ဂိမ်းဟာဆိုရင်လည်း ပိုကောင်းလာတဲ့ Graphics ၊ Single-player Mission တွေအပြင် ပျော်ပျော်ရွှင်ရွှင် ကစားနိုင်မယ့် Muliti-player Mode နဲ့ပါ ဖွဲ့စည်းထားပါပြီ။

Download Link: iOS ၊ Android

Dead Effect 2

Dead Effect ကတော့ Sci-fi Shooter မှာ အဆော့များတဲ့ ဂိမ်းဖြစ်သလို မိုဘိုင်းအတွက် ကောင်းမွန်တဲ့ Graphics ၊ DOOM လို Violence ဖြစ်ပြီး R Rated အဆင့်ရှိတဲ့ ဂိမ်းအဖြစ် ကစားနေကြပါတယ်။

2 မှာ RPG ပုံစံ Character Development ထည့်ပေးလိုက်တာက အရင်ကစားရတဲ့ပုံစံ ပျောက်သွားပေမယ့် Fun ဖြစ်တယ်၊ အကောင်အထူးဆန်းတွေနဲ့လည်း ပစ်ခတ်ရမှာဖြစ်တဲ့အတွက် နှစ်သက်မယ်လို့ ထင်ပါတယ်။

Download Link: iOS ၊ Android

N.O.V.A Legacy

Sci-fi ဂိမ်းထဲမှာ အကောင်းဆုံးလို့ ပြောနိုင်တဲ့ NOVA Legacy ကို အခမဲ့ ကစားနိုင်ပါပြီ။ မိုဘိုင်း Class ဆိုမယ့် Halo နဲ့ Call of Duty လို Sci-fi Theme နဲ့ Gameplay တွေကြောင့် ဂိမ်မာ အများစုနှစ်ခြိုက်ကြပါတယ်။

Legacy မှာ Special Event တွေအပြင် Crafting Mechanics ပိုကောင်းလာပြီး ကြမ်းကြမ်းရမ်းရမ်း ဆော့ကစားချင်သူတွေ အကြိုက်ဖြစ်မယ်လို့ ထင်ပါတယ်။ Graphics ပြုလုပ်ချက်တွေ ပိုမိုက်လာတဲ့အတွက် ကစားနိုင်မယ့် စမတ်ဖုန်းတွေမှာတော့ ကန့်သတ်ချက်တွေ ရှိမယ်လို့ ထင်ပါတယ်။

Download Link: iOS ၊ Android

World War Heroes: WW2 Shooter

Battlefield နဲ့ Call of Duty တို့လို စစ်ပြေပြင်ထဲ ပြေးဝင်သွားပြီး ရန်သူတွေပစ်၊ ဗုံးကျဲတိုက်ခိုက်ရင်း တင့်ကားစီးပြီး ဒုတိယကမ္ဘာစစ်အရသာ မြည်းစမ်းနိုင်မယ့် Mobile Game ကတော့ WW2 Shooter ပါပဲ။ In-game အလိုက် Unlock လုပ်ရမယ့် Level တွေပါဝင်မှာဖြစ်ပြီး Pre-set Mode မကြိုက်ဘူးဆိုရင် Game Mode ကို Customise လုပ်နိုင်ပါဦးမယ်။

Download Link: iOS ၊ Android

Credit: Joe Hindy (Android Authority)
2B (Akhayar)
www.akhayar.com