Apple ကနေ မနေ့ညတုန်းက ပြုလုပ်ခဲ့တဲ့ WWDC Developer Conference မှာ iOS Device တွေအတွက် iOS 13 ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု iOS 13 ဟာ လက်ရှိ iOS Device တွေဖြစ်တဲ့ iPhone 6S နဲ့ iPad Air 2 အပါအဝင် နောက်ပိုင်း Device တွေအကုန်လုံး Beta အနေနဲ့ စတင် Update ပြုလုပ်နိုင်မှာဖြစ်ပြီး Stable Version ကတော့ iPhone 11 ဖုန်းတွေနဲ့အတူ လာမယ့် စက်တင်လာလမှာ တရားဝင်ထွက်ရှိလာမှာပါ။

အခု iOS 13 မှာ ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Dark Mode

iOS 13

iOS User တွေအတွက် အကြီးမားဆုံးဖြစ်လာမယ့် အပြောင်းအလဲကတော့ ယခု iOS 13 မှာ Dark Mode ပါဝင်လာတာပဲဖြစ်ပါတယ်။ အခု ပြောင်းလဲသွားတဲ့ Dark Mode ဟာ System UI နဲ့ Built-in Application အကုန်လုံးမှာ ကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ တခြားသော Application တွေပါ Dark Mode ကို ရရှိလာနိုင်ဖွယ်ရှိနေပါတယ်။

Performance Upgrade

Apple က မနှစ်တုန်းက iOS 12 မှာ Performance ပိုင်းကို အဆင့်မြှင့်တင်မှုတွေ အများအပြားပြုလုပ်ခဲ့သလိုပဲ ဒီနှစ်မှာလည်း iOS 13 က မနှစ်ကထက် ပိုပြီးမြန်ဆန်လာတော့မှာဖြစ်ပါတယ်။ Apple ကတော့ App Download Size တွေက ၅၀ ရာခိုင်နှုန်းပိုမိုသေးငယ်သွားမှာဖြစ်ပြီးတော့ App Update Size တွေကလည်း ၆၀ ရာခိုင်နှုန်းပိုပြီး သေးငယ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် App Loading Time တွေကလည်း ထက်ဝက်လျော့ကျသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် Apple ကနေ Face ID ရဲ့ Speed ကလည်း ၃၀ ရာခိုင်နှုန်းအထိ ပိုပြီးမြန်ဆန်လာဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

Apple Maps

Apple ကနေ iOS 13 မှာ Maps Application ကိုလည်း Update ပြုလုပ်ပေးခဲ့ပြီးတော့ ယခင်ကထက် ပိုပြီး Details တွေ ပါဝင်လာမှာဖြစ်သလိုပဲ Google Maps ရဲ့ Street View ပုံစံမျိုး အနေနဲ့ပါ မြင်တွေ့ရမှာပါ။ ဒါပေမယ့် လောလောဆယ်မှာတော့ Google Maps လိုမျိုး တကမ္ဘာလုံးမှာ အသုံးပြုနိုင်မှာမဟုတ်သေးဘဲ အမေရိကန်နိုင်ငံက မြို့ကြီးတွေမှာ အသုံးပြုနိုင်ဖို့တောင်မှ လာမယ့် ၂၀၁၉ အကုန်မှ သုံးနိုင်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

iMessage

iOS 13

Apple ရဲ့ iMessage ကလည်း အခုအချိန်မှာ Update ရရှိပြီဖြစ်ပြီးတော့ အသုံးပြုသူအချင်းချင်း နာမည်နဲ့ Profile ဓါတ်ပုံတွေကိုပါ ဖော်ပြနိုင်ပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် Apple ကနေ Memoji Sticker တွေကိုပါ မိတ်ဆက်လာခဲ့ပါတယ်။

Mail

Apple Mail ကလည်း Rich Text Formatting ကို Support ပြုလုပ်လာပြီဖြစ်ပြီး Custom Font တွေအပြင် တခြားသော Expression မျိုးစုံကိုပါ ကွန်ပျူတာကနေ အသုံးပြုသလိုပဲ သုံးနိုင်တော့မှာပါ။

Notes

iOS User တွေအတွက် အသုံးအများဆုံး App တစ်ခုဖြစ်တဲ့ Notes App ကလည်း Update ရရှိခဲ့ပြီးတော့ အခုအချိန်မှာ များပြားတဲ့ Note တွေထဲက ကိုယ်ရှာချင်တဲ့ Note ကို ရှာဖွေနိုင်ဖို့အတွက် Gallery View Layout အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် Collaboration နဲ့ Checklist Creation တွေအတွက် Tools အသစ်တွေလည်း ပါဝင်လာမှာပါ။

iOS 13

Photos

iOS 13

Apple က အခု Photos App ကိုလည်း Major Update ပြုလုပ်ပေးခဲ့ပြီးတော့ အခုအချိန်မှာ အသုံးပြုသူတွေက ကိုယ့်ရဲ့ ဓါတ်ပုံတွေကို All Photos ၊ Days ၊ Months နဲ့ Years ဆိုပြီး ပြောင်းလဲကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ Photos App ကို ပိုပြီးလည်း Smart ဖြစ်လာပြီးတော့ တကယ်လို့ ကိုယ်ကြည့်နေတဲ့အချိန်မှာ မွေးနေ့လိုမျိုး နေ့ရက်ထူးထူးခြားခြားရှိနေတယ်ဆိုရင် အဆို ဓါတ်ပုံတွေကို Highlight ပြုလုပ်ပေးသွားမှာပါ။ ဒါတင်မဟုတ်သေးဘဲ White Balance ၊ Sharpening ၊ Noise Reduction နဲ့ တခြားသော Editing Feature တွေကိုပါ ရရှိလာမှာပါ။