[Zawgyi] 

Apple ရဲ႕ iOS 12 မွာပါလာမယ့္ အႀကီးဆံုး Feature ေတြထဲက တစ္ခုျဖစ္တဲ့ FaceTime Group Chat က iOS 12 စထြက္တဲ့အခ်ိန္မွာ ပါလာဦးမွာမဟုတ္ဘူးလို႔ သိရပါတယ္။ FaceTime Group Chat ကိုေတာ့ iOS 12 နဲ႔ macOS Mojave အတြက္ WWDC 2018 မွာ မိတ္ဆက္ေပးခဲ့တာျဖစ္ပါတယ္။ လက္တေလာထြက္ထားတဲ့ iOS 12 Beta Version ေတြမွာ ဒီ Feature ကို စမ္းသပ္အသံုးျပဳလို႔ရခဲ့ေပမယ့္ ေနာက္ဆံုးထြက္တဲ့ iOS Beta နဲ႔ macOS Beta Version ေတြမွာ သံုးလို႔ မရေတာ့မယ့္အေၾကာင္းေဖာ္ျပလာပါတယ္။

FaceTime Group Chat

ApplePay Cash Feature တုန္းကလည္း မိတ္ဆက္ၿပီး အခုလို ခ်က္ခ်င္းသံုးလို႔မရခဲ့ပါဘူး။ Stable Version ကို Release လုပ္ေပးၿပီးေနာက္ လအနည္းငယ္ၾကာမွ သံုးလို႔ရလာတာပါ။ အခု FaceTime Group Call ကိုလည္း iOS 12 Stable Release ၿပီးတဲ့ေနာက္ ႏွစ္လ သံုးလေလာက္ေနမွ သံုးလို႔ရလာမယ္လို႔ ယူဆရပါတယ္။ FaceTime Group Call ကေတာ့ တစ္ခ်ိန္တည္းမွာ လူေပါင္း ၃၂ ေယာက္စုၿပီး Video Call လုပ္ႏိုင္မယ့္ Feature သစ္တစ္ခုပါ။ လူ ၃၂ ေယာက္လံုးကို တစ္ခ်ိန္တည္းမွာ ျမင္ရမွာေတာ့မဟုတ္ဘဲ စကားေျပာတဲ့သူေတြရဲ႕ မ်က္နွာေတြဟာ အလိုလို ေရွ႕ကိုေရာက္လာမွာျဖစ္တာေၾကာင့္ Video Feed က ၾကည့္ရတာအဆင္ေျပပါတယ္။ 

FaceTime Group With 32 People

FaceTime Group With 32 People

Apple အေနနဲ႔ေတာ့ ဘာေၾကာင့္ ဒီ Feature ကို iOS 12 နဲ႔ macOS Mojave ကို Stable Release လုပ္တဲ့အခ်ိန္ တစ္ခါတည္း ထည့္မေပးတာလဲဆိုတာ မေျပာထားပါဘူး။ အေၾကာင္းျပခ်က္မရွိဘဲ ေနာက္ဆံုး Beta မွာ ပိတ္ခ်လိုက္တာပါ။ iOS 12 နဲ႔ macOS Mojave ကိုေတာ့ လာမယ့္ စက္တင္ဘာလဝန္းက်င္မွာ Stable Release လုပ္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ iPhone အသစ္ေတြကိုခ်ျပရင္း ေနာက္ထပ္ iOS 12 ရဲ႕ Feature အသစ္ေတြကိုလည္း ထုတ္ျပသြားႏိုင္ပါေသးတယ္။ လက္ရွိ iOS 12 Beta Version ေတြမွာပါတဲ့ Feature ေတြအားလံုးကလည္း Stable Release မွာ အားလံုးပါလာမယ္လို႔ အာမမခံႏိုင္သလို အခုမပါတဲ့ Feature ေတြလည္း Stable Release မွာ ပါလာႏိုင္ပါတယ္။ 

Planned to Release Stable Around September

Samsung ကလည္း မၾကာေသးခင္ကမွ Note 9 ကိုပြဲထုတ္ထားတာဆိုေတာ့ လက္ရွိအခ်ိန္မွာ iPhone အသစ္က ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းလာပါတယ္။ Note 9 ကိုေရာင္းအားတက္ေစဖုိ႔ Samsung အေနနဲ႔လည္း US မွာ Campaign လုပ္ေနတယ္လို႔ ယူဆရပါတယ္။ Campaign ကေတာ့ YouTube မွာ Ingenius နာမည္နဲ႔ Apple ရဲ႕ iPhone X ကိုတိုက္ခုိက္တဲ့ Video ေတြကို တင္ေနတာပါ။ Note 9 ထြက္လာေတာ့လည္း Pen နဲ႔ Power ဆိုၿပီး Video ႏွစ္ခုထပ္တင္ၿပီး iPhone X ကို ထပ္တိုက္ခိုက္ပါတယ္။ အရင္ကလည္း Galaxy S9 ၊ S9 Plus ေတြနဲ႔ iPhone X ကိုေတာက္ေလွ်ာက္တိုက္ခိုက္လာတာ အခုဆိုရင္ Note 9 နဲ႔ပါ အားျဖည့္တိုက္ခိုက္ေနတာပဲျဖစ္ပါတယ္။ 

Apple Fan ေတြကေတာ့ ဒီကိစၥေတြနဲ႔ပတ္သက္လို႔ သိပ္မေက်နပ္သလို “လမင္းေခြးေဟာင္တယ္၊ အျမင့္ေရာက္ေနလုိ႔ေလတိုက္ခံရတယ္” ဆိုတာေတြကိုပဲ ေျပာရင္း မခံမရပ္ႏိုင္ျဖစ္ေနၾကပါတယ္။ Apple အေနနဲ႔လည္း ဒီ YouTube Video ေတြအေပၚ တုန္႔ျပန္ျခင္းမရွိပါဘူး။ Samsung ရဲ႕ Ingenius: Power Video ထဲမွာေတာ့ iOS 12 မွာ တစ္ခ်ိန္တည္း လူ ၃၂ ေယာက္ FaceTime Call ေျပာလို႔ရတာက Powerful ျဖစ္တာလားဆိုၿပီး သေရာ္ထားတာပါ။ အခုလို Apple က Feature ကိုေၾကျငာထားတဲ့အတိုင္း iOS 12 ထြက္တဲ့အခ်ိန္ တစ္ခါတည္းထည့္မေပးႏို္င္ေတာ့ဘူးဆိုေတာ့ Samsung အေနနဲ႔ထပ္ၿပီး ေလွာင္ေျပာင္ခ်င္စရာျဖစ္သြားမလား။ 

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

iOS 12 Update ရချိန်မှာ FaceTime Group Chat က ရဦးမှာမဟုတ်ဘူးလို့ သတင်းထွက်ပြီ

Apple ရဲ့ iOS 12 မှာပါလာမယ့် အကြီးဆုံး Feature တွေထဲက တစ်ခုဖြစ်တဲ့ FaceTime Group Chat က iOS 12 စထွက်တဲ့အချိန်မှာ ပါလာဦးမှာမဟုတ်ဘူးလို့ သိရပါတယ်။ FaceTime Group Chat ကိုတော့ iOS 12 နဲ့ macOS Mojave အတွက် WWDC 2018 မှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ လက်တလောထွက်ထားတဲ့ iOS 12 Beta Version တွေမှာ ဒီ Feature ကို စမ်းသပ်အသုံးပြုလို့ရခဲ့ပေမယ့် နောက်ဆုံးထွက်တဲ့ iOS Beta နဲ့ macOS Beta Version တွေမှာ သုံးလို့ မရတော့မယ့်အကြောင်းဖော်ပြလာပါတယ်။

FaceTime Group Chat

ApplePay Cash Feature တုန်းကလည်း မိတ်ဆက်ပြီး အခုလို ချက်ချင်းသုံးလို့မရခဲ့ပါဘူး။ Stable Version ကို Release လုပ်ပေးပြီးနောက် လအနည်းငယ်ကြာမှ သုံးလို့ရလာတာပါ။ အခု FaceTime Group Call ကိုလည်း iOS 12 Stable Release ပြီးတဲ့နောက် နှစ်လ သုံးလလောက်နေမှ သုံးလို့ရလာမယ်လို့ ယူဆရပါတယ်။ FaceTime Group Call ကတော့ တစ်ချိန်တည်းမှာ လူပေါင်း ၃၂ ယောက်စုပြီး Video Call လုပ်နိုင်မယ့် Feature သစ်တစ်ခုပါ။ လူ ၃၂ ယောက်လုံးကို တစ်ချိန်တည်းမှာ မြင်ရမှာတော့မဟုတ်ဘဲ စကားပြောတဲ့သူတွေရဲ့ မျက်နှာတွေဟာ အလိုလို ရှေ့ကိုရောက်လာမှာဖြစ်တာကြောင့် Video Feed က ကြည့်ရတာအဆင်ပြေပါတယ်။ 

FaceTime Group With 32 People

FaceTime Group With 32 People

Apple အနေနဲ့တော့ ဘာကြောင့် ဒီ Feature ကို iOS 12 နဲ့ macOS Mojave ကို Stable Release လုပ်တဲ့အချိန် တစ်ခါတည်း ထည့်မပေးတာလဲဆိုတာ မပြောထားပါဘူး။ အကြောင်းပြချက်မရှိဘဲ နောက်ဆုံး Beta မှာ ပိတ်ချလိုက်တာပါ။ iOS 12 နဲ့ macOS Mojave ကိုတော့ လာမယ့် စက်တင်ဘာလဝန်းကျင်မှာ Stable Release လုပ်မယ်လို့ မျှော်လင့်ရပါတယ်။ iPhone အသစ်တွေကိုချပြရင်း နောက်ထပ် iOS 12 ရဲ့ Feature အသစ်တွေကိုလည်း ထုတ်ပြသွားနိုင်ပါသေးတယ်။ လက်ရှိ iOS 12 Beta Version တွေမှာပါတဲ့ Feature တွေအားလုံးကလည်း Stable Release မှာ အားလုံးပါလာမယ်လို့ အာမမခံနိုင်သလို အခုမပါတဲ့ Feature တွေလည်း Stable Release မှာ ပါလာနိုင်ပါတယ်။ 

Planned to Release Stable Around September

Samsung ကလည်း မကြာသေးခင်ကမှ Note 9 ကိုပွဲထုတ်ထားတာဆိုတော့ လက်ရှိအချိန်မှာ iPhone အသစ်က ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ Note 9 ကိုရောင်းအားတက်စေဖို့ Samsung အနေနဲ့လည်း US မှာ Campaign လုပ်နေတယ်လို့ ယူဆရပါတယ်။ Campaign ကတော့ YouTube မှာ Ingenius နာမည်နဲ့ Apple ရဲ့ iPhone X ကိုတိုက်ခိုက်တဲ့ Video တွေကို တင်နေတာပါ။ Note 9 ထွက်လာတော့လည်း Pen နဲ့ Power ဆိုပြီး Video နှစ်ခုထပ်တင်ပြီး iPhone X ကို ထပ်တိုက်ခိုက်ပါတယ်။ အရင်ကလည်း Galaxy S9 ၊ S9 Plus တွေနဲ့ iPhone X ကိုတောက်လျှောက်တိုက်ခိုက်လာတာ အခုဆိုရင် Note 9 နဲ့ပါ အားဖြည့်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ 

Apple Fan တွေကတော့ ဒီကိစ္စတွေနဲ့ပတ်သက်လို့ သိပ်မကျေနပ်သလို “လမင်းခွေးဟောင်တယ်၊ အမြင့်ရောက်နေလို့လေတိုက်ခံရတယ်” ဆိုတာတွေကိုပဲ ပြောရင်း မခံမရပ်နိုင်ဖြစ်နေကြပါတယ်။ Apple အနေနဲ့လည်း ဒီ YouTube Video တွေအပေါ် တုန့်ပြန်ခြင်းမရှိပါဘူး။ Samsung ရဲ့ Ingenius: Power Video ထဲမှာတော့ iOS 12 မှာ တစ်ချိန်တည်း လူ ၃၂ ယောက် FaceTime Call ပြောလို့ရတာက Powerful ဖြစ်တာလားဆိုပြီး သရော်ထားတာပါ။ အခုလို Apple က Feature ကိုကြေငြာထားတဲ့အတိုင်း iOS 12 ထွက်တဲ့အချိန် တစ်ခါတည်းထည့်မပေးနိုင်တော့ဘူးဆိုတော့ Samsung အနေနဲ့ထပ်ပြီး လှောင်ပြောင်ချင်စရာဖြစ်သွားမလား။ 

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။