



iOS 12



Apple ARKit


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

ပြီးခဲ့တဲ့ မေလတုန်းက ပြုလုပ်ခဲ့တဲ့ Google I/O 2018 ကို မှတ်မိကြဦးမှာပါ။ အဆိုပါ Google I/O 2018 မှာ Google ကနေ Android P မှာ ပါဝင်လာတဲ့ Features တွေကို မိတ်ဆက်ပေးခဲ့သလိုအဲ့ဒီထဲမှာမှ Digital Wellbeing ဆိုတဲ့ Features တွေလည်း ပါဝင်လာခဲ့ပါတယ်။

အဆိုပါ Features က ဘယ်လိုအလုပ်လုပ်မလဲဆိုရင် Android P မှာ Dashboard တစ်ခုပါဝင်လာမှာဖြစ်ပြီးတော့ အဆိုပါ Dashboard မှာ ကိုယ်က တစ်နေ့ကို ဘယ် App ကို ဘယ်လောက်အသုံးပြုနေသလဲဆိုတာကို ပြန်ပြီး ကြည့်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီမှာမှ အသုံးအများဆုံး App တွေကို Timer သတ်မှတ်ပြီး အသုံးပြုနိုင်သလို Wind Down ဆိုတဲ့ Display ကို Grayscale ပြောင်းလဲပေးတာတွေ ပြုလုပ်နိုင်မှာပါ။

Android P Digital Wellbeing

အခုအချိန်မှာတော့ Apple ကလာမယ့် WWDC 2018 Event မှာ ကြေညာတော့မယ့် iOS 12 မှာလည်း အလားတူ Feature တစ်ခုကို ထည့်သွင်းလာမယ်လို့ သိရပါတယ်။ အဆိုပါ Feature ဟာ Android P ရဲ့ Digital Wellbeing လိုမျိုးပဲ iPhone Battery Setting ထဲမှာ ဘယ် App ကို ဘယ်လောက်အထိ အသုံးပြုနေလဲဆိုတာကို သိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမယ့် Google လိုမျိုး App Timer တွေ၊ Wind Down Feature တွေတော့ ပါဝင်လာဖွယ်မရှိပါဘူး။

iOS 12

iOS 12 ဟာ Stable Version ကို လာမယ့် စက်တင်ဘာမှာ ထုတ်ပေးဖို့ စီစဉ်ထားတဲ့အတွက် Android P ထွက်ရှိပြီး ရက်သတ္တပတ်အနည်းငယ်မှာ အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Google ရဲ့ Android ရော၊ Apple iOS ရော လက်ရှိအချိန်မှာ ဖုန်းအသုံးပြုတာ အရမ်းများပြားနေမှုကို လျော့ချဖို့ ကြံစည်နေတာဖြစ်ပါတယ်။

ဒါ့အပြင် iOS 12 မှာ ယခင်ထက်ပိုပြီး အဆင့်မြင့်လာတဲ့ AR Platform တစ်ခုပါဝင်လာမှာဖြစ်ပြီးတော့ Apple ရဲ့ ARKit က Google ရဲ့ AR Core ထက် သာလွန်လာတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် iOS 11 ထွက်တုန်းက Performance Bug တွေရှိခဲ့တဲ့အတွက် ဒီနှစ် iOS 12 မှာတော့ Speed ၊ Stability တွေကို အဓိကထားသွားမယ်လို့ သိရပါတယ်။

Apple ARKit

Apple ဟာ မကြာသေးမီကမှာ iOS 11.4 ကို ထုတ်ပေးခဲ့ပြီး AirPlay 2 နဲ့ iCloud Messages တွေကို မိတ်ဆက်ခဲ့တဲ့အတွက် iOS 12 ဟာလည်း Apple User တွေအတွက် စောင့်မျှော်ရဦးမယ့် Update တစ်ခုဖြစ်လာဦးမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com