[Zawgyi] 


iOS 12 New App Features


iOS 12 Device List


Ref: Apple

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

iOS 12 Public Beta ကို Download ရယူပြီး စမ်းသပ်အသုံးပြုနိုင်ပြီ

Apple က iOS 12 ကို 2018 WWDC မှာ မိတ်ဆက်ပေးသွားခဲ့ပါတယ်။ iOS 12 မှာတော့ အဆင့်မြှင့်တင်ထားတာတွေနဲ့ Feature အသစ်တွေ ပါဝင်လာပါတယ်။ iOS 12 ကိုလက်ရှိအချိန်မှာ တရားဝင်ထုတ်ပေးထားတာ မရှိသေးပေမယ့် စမ်းသပ်သုံးစွဲလိုသူတွေအတွက် Public Beta တွေကို Apple က ထုတ်ပေးလိုက်ပါပြီ။ Public Beta ကို စမ်းသပ်အသုံးပြုလိုသူတွေကတော့ Apple ရဲ့ Beta Software Program Weebsite မှာ သင့်ရဲ့ Apple ID ကို အသုံးပြုပြီး Sign Up ကနေ ဝင်ပေးရမှာပါ။ 

iOS 12 New App Features

Public Beta ကို အသုံးပြုချင်သူတွေကတော့ Public Beta Profile ကို ထည့်သွင်းပြီး iPhone ကို Restart လုပ်ပေးရမှာဖြစ်ပါတယ်။ Restart လုပ်ပြီးသွားရင်တော့ Settings ထဲက Software Update မှာ iOS 12 ကို Update လုပ်လို့ရပါလိမ့်မယ်။ iOS 12 Public Beta ကိုတော့ iPhone ကို နေ့စဉ် အလုပ်အတွက်၊ အဆက်အသွယ် အတွက် အသုံးပြုနေရသူတွေနဲ့၊ ဖုန်းတစ်လုံး အပိုမရှိသူတွေ မတင်သင့်ပါဘူး။ Beta Version ဖြစ်တာကြောင့် Battery နဲ့ပတ်သက်တဲ့ ပြဿနာတွေအပါအဝင် အသုံးပြုတဲ့အခါ App တွေနဲ့ အဆင်မပြေတာ၊ ထစ်တာ၊ ပြန်ထွက်သွားတာ တွေဖြစ်တတ်တာကိုလည်း လက်ခံထားရပါမယ်။ 

iOS 12 Device List

iOS 12 ကတော့ အရင်က iOS Version တွေထက် သိသိသာသာ အမြင်ပိုင်းမှာ ပြောင်းလဲသွားတာတွေ အများကြီးမရှိပေမယ့် အသစ်ပါလာတဲ့ Feature တွေကတော့ တကယ်ကို အသုံးဝင်ပြီး iPhone ၊ iPad တွေကို အသုံးပြုရတဲ့ အတွေ့အကြုံကို ပြောင်းလဲသွားစေပါတယ်။ Notification တွေကို စိတ်ကြိုက် ထိန်းချုပ်နိုင်လာတာ၊ App တွေ အသုံးပြုတာကို အချိန်ဘယ်လောက်ကြာသလဲဆိုတာ ပြန်ကြည့်ရင်း သင်ဖုန်းအသုံးပြုတဲ့ အချိန်တွေကို အသေးစိတ်သိနိုင်လာစေမယ့် Feature အသစ်တွေပါဝင်လာတာက iOS 12 ရဲ့ အကောင်းဆုံးပြောင်းလဲမှုတွေပါ။ ပြန်ပြင်ပေးထားတဲ့ News App ၊ Apple Books ၊ Voive Memos ၊ Stocks နဲ့ Measure လို App အသစ်တွေလည်းပါဝင်ပါသေးတယ်။ iPad တွေအတွက်လည်း အရင်က iPhone မှာပဲရခဲ့တဲ့ App တွေ ထည့်သွင်းပေးလာပါတယ်။ အသိသာဆုံးအချက်ကတော့ iOS 12 ကြောင့် iPhone က အရင်ကထက် ပိုပြီးမြန်ဆန်လာတာပါပဲ။ iOS 12 ကိုတော့ iPhone 5s နဲ့ နောက်ပိုင်း iPhone အားလုံးမှာ Install လုပ်နိုင်ပါတယ်။ 

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။