Mobile Device ေတြမွာ Operating System Update ကို အျမန္ဆံုးလုပ္ႏုိင္စြမ္းမွာေတာ့ Apple ကို မွီဖုိ႔ပိုခက္သြားပါျပီ။ ဘာေၾကာင့္လဲဆိုရင္ အခုထြက္ရွိလာတဲ့ စစ္တမ္းေတြအရ iOS 12 ကို အသံုးျပဳေနတဲ့ iDevice ေတြ စုစုေပါင္း ၅၀ ရာခုိင္ႏႈန္းျပည့္သြားျပီျဖစ္ျပီးေတာ့ လက္ရွိ ရွိသမွ် iDevice ေတြရဲ႕ ထက္ဝက္က iOS 12 ကို အသံုးျပဳေနျပီျဖစ္လုိ႔ပါ။

iOS 12

ျပီးခဲ့တဲ့ ရက္သတၱပတ္ေတြတုန္းက Third Party Analytics တစ္ခုက iOS 12 ကို အသံုးျပဳေနတဲ့ Apple iDevice ေပါင္း ၄၇.၅၄ ရာခုိင္ႏႈန္းရွိျပီလုိ႔ ေျပာၾကားခဲ့ျပီး အခုအခ်ိန္မွာေတာ့ Apple ကိုယ္တုိင္က တရားဝင္ေၾကညာလုိက္တာျဖစ္ပါတယ္။

အခုစစ္တမ္းဟာ ေအာက္တုိဘာလ ၁၀ ရက္ေန႔အထိေကာက္ယူထားတဲ့ ရလဒ္ေတြျဖစ္ျပီးေတာ့ iOS 12 က ၉၀ ရာခုိင္ႏႈန္းနဲ႔ iOS 11 က ၃၉ ရာခုိင္ႏႈန္းရွိေနျပီးေတာ့ အေစာပိုင္း Version ေတြကေတာ့ ၁၁ ရာခိုင္ႏႈန္းပဲရွိေနတာျဖစ္ပါတယ္။ ဒါက ျပီးခဲ့တဲ့ ၄ ႏွစ္ စက္တင္ဘာ ၂၀၁၄ ကစတင္ျပီး မိတ္ဆက္ခဲ့တဲ့ Devices ေတြအေနနဲ႔ၾကည့္မယ္ဆိုရင္ iOS 12 က ၅၃ ရာခိုင္ႏႈန္း ၊ iOS 11 က ၄၀ ရာခုိင္ႏႈန္းနဲ႔ အေစာပိုင္ Version ေတြက ၇ ရာခိုင္ႏႈန္းပဲရွိေနတာျဖစ္ပါတယ္။

iOS 12 Usage Chart

အခုလုိမ်ိဳး iOS 12 က ျပီးခဲ့တဲ့ စက္တင္ဘာလ ၁၇ ရက္ေန႔ကမွ ထြက္ရွိထားတဲ့အတြက္ အခုလုိမ်ိဳး အခ်ိန္ ၁ လေလာက္မရွိေသးေပမယ့္ သံုးစြဲသူ ၅၀ ရာခုိင္ႏႈန္းေလာက္ရွိလာတာ တကယ္ကို အထင္ၾကီးဖုိ႔ေကာင္းျပီးေတာ့ ဒါက Apple iDevice ေတြကို Android Device ေတြနဲ႔ ယွဥ္ရင္ ကြာျခားသြားေစတဲ့အခ်က္လည္းျဖစ္ပါတယ္။ တဖက္မွာ Google က Android Pie ကို ထုတ္ေပးတာ လနဲ႔ခ်ီၾကာေနျပီဆိုေပမယ့္ အခုထိ သံုးစဲြမႈအမ်ားဆံုး Android Version ေတြထဲမွာ Android Pie က ပါဝင္ျခင္းမရွိေသးပါဘူး။

iOS 12 Screen Time

ေနာက္ထပ္ျဖစ္ႏုိင္တာတစ္ခုက iOS 12 ဟာ ျပီးခဲ့တဲ့ႏွစ္က iOS 11 ထြက္တုန္းကလုိမ်ိဳး Error ေတြသိပ္မရွိခဲ့သလုိ Apple က အခု iOS 12 မွာ Feature Update ေတြထက္ ပိုျပီး ျမန္ဆန္လာေအာင္ေဆာင္ရြက္ထားေပးတဲ့အတြက္ အခုလုိမ်ိဳး အသံုးျပဳသူေတြ အခ်ိန္တုိအတြင္းမွာ အလြန္မ်ားျပားလာတာလုိ႔ ယူဆရပါတယ္။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Mobile Device တွေမှာ Operating System Update ကို အမြန်ဆုံးလုပ်နိုင်စွမ်းမှာတော့ Apple ကို မှီဖို့ပိုခက်သွားပါပြီ။ ဘာကြောင့်လဲဆိုရင် အခုထွက်ရှိလာတဲ့ စစ်တမ်းတွေအရ iOS 12 ကို အသုံးပြုနေတဲ့ iDevice တွေ စုစုပေါင်း ၅၀ ရာခိုင်နှုန်းပြည့်သွားပြီဖြစ်ပြီးတော့ လက်ရှိ ရှိသမျှ iDevice တွေရဲ့ ထက်ဝက်က iOS 12 ကို အသုံးပြုနေပြီဖြစ်လို့ပါ။

iOS 12

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက Third Party Analytics တစ်ခုက iOS 12 ကို အသုံးပြုနေတဲ့ Apple iDevice ပေါင်း ၄၇.၅၄ ရာခိုင်နှုန်းရှိပြီလို့ ပြောကြားခဲ့ပြီး အခုအချိန်မှာတော့ Apple ကိုယ်တိုင်က တရားဝင်ကြေညာလိုက်တာဖြစ်ပါတယ်။

အခုစစ်တမ်းဟာ အောက်တိုဘာလ ၁၀ ရက်နေ့အထိကောက်ယူထားတဲ့ ရလဒ်တွေဖြစ်ပြီးတော့ iOS 12 က ၉၀ ရာခိုင်နှုန်းနဲ့ iOS 11 က ၃၉ ရာခိုင်နှုန်းရှိနေပြီးတော့ အစောပိုင်း Version တွေကတော့ ၁၁ ရာခိုင်နှုန်းပဲရှိနေတာဖြစ်ပါတယ်။ ဒါက ပြီးခဲ့တဲ့ ၄ နှစ် စက်တင်ဘာ ၂၀၁၄ ကစတင်ပြီး မိတ်ဆက်ခဲ့တဲ့ Devices တွေအနေနဲ့ကြည့်မယ်ဆိုရင် iOS 12 က ၅၃ ရာခိုင်နှုန်း ၊ iOS 11 က ၄၀ ရာခိုင်နှုန်းနဲ့ အစောပိုင် Version တွေက ၇ ရာခိုင်နှုန်းပဲရှိနေတာဖြစ်ပါတယ်။

iOS 12 Usage Chart

အခုလိုမျိုး iOS 12 က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ကမှ ထွက်ရှိထားတဲ့အတွက် အခုလိုမျိုး အချိန် ၁ လလောက်မရှိသေးပေမယ့် သုံးစွဲသူ ၅၀ ရာခိုင်နှုန်းလောက်ရှိလာတာ တကယ်ကို အထင်ကြီးဖို့ကောင်းပြီးတော့ ဒါက Apple iDevice တွေကို Android Device တွေနဲ့ ယှဉ်ရင် ကွာခြားသွားစေတဲ့အချက်လည်းဖြစ်ပါတယ်။ တဖက်မှာ Google က Android Pie ကို ထုတ်ပေးတာ လနဲ့ချီကြာနေပြီဆိုပေမယ့် အခုထိ သုံးစွဲမှုအများဆုံး Android Version တွေထဲမှာ Android Pie က ပါဝင်ခြင်းမရှိသေးပါဘူး။

iOS 12 Screen Time

နောက်ထပ်ဖြစ်နိုင်တာတစ်ခုက iOS 12 ဟာ ပြီးခဲ့တဲ့နှစ်က iOS 11 ထွက်တုန်းကလိုမျိုး Error တွေသိပ်မရှိခဲ့သလို Apple က အခု iOS 12 မှာ Feature Update တွေထက် ပိုပြီး မြန်ဆန်လာအောင်ဆောင်ရွက်ထားပေးတဲ့အတွက် အခုလိုမျိုး အသုံးပြုသူတွေ အချိန်တိုအတွင်းမှာ အလွန်များပြားလာတာလို့ ယူဆရပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com