[Zawgyi] 




Dead Battery


Ref: Macrumors

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

iOS 11.4 ရဲ့ နောက် Update မှာ Battery ပြဿနာတွေကို ဖြေရှင်းပေးလာနိုင်မယ်

Apple ရဲ့နောက်ဆုံး Update ဖြစ်တဲ့ iOS 11.4 ကိုထုတ်ပေးထားတာ မကြာသေးပါဘူး။ iOS 11.4 Update မှတော့ AirPlay 2 နဲ့ Messages in iCloud ဆိုတဲ့ Feature အသစ်တွေပါဝင်ခဲ့ပေမယ့် ပြဿနာအနည်းငယ်ရှိခဲ့ပါတယ်။ 

Low Power Mode နဲ့လည်း Battery စားသက်သာအောင်လုပ်လို့ရပါတယ်။

iOS 11.4 ကို Update လုပ်ခဲ့ကြသူတွေရဲ့ iPhone တော်တော်များများမှာ Battery အသုံးမခံတာမျိုးတွေဖြစ်ခဲ့ပါတယ်။ Apple ရဲ့ Support Forum တွေမှာလည်း Battery ပိုင်းနဲ့ပတ်သက်ပြီး မေးခွန်းတွေနဲ့ အငြင်းပွားမှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။ Apple ကတော့ Battery ပိုင်းနဲ့ပတ်သက်လို့ iOS Restore လုပ်တာ၊ App တွေကို Update လုပ်တာတွေနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ပြောခဲ့ပါတယ်။ အဆင်ပြေတဲ့ iPhone တွေရှိသလို အခုအချိန်အထိ အဆင်မပြေသေးတဲ့ iPhone တွေလည်း ရှိနေပါတယ်။ 

Dead Battery

iOS 11.4.1 Developer Beta ကိုလည်း ထုတ်ပေးလိုက်ပါပြီ။ Developer Beta အသစ်မှာတော့ Feature အသစ်တွေ ပါမလာပေမယ့် Bug တွေနဲ့ Battery ပြဿနာကိုဖြေရှင်းပေးထားမယ်လို့ ခန့်မှန်းရပါတယ်။ Public Beta မှာလည်း Feature အသစ်မတွေ့ရပါဘူး။ မကြာခင်မှာ iOS 11.4.1 Update ကို Apple ထုတ်ပေးလာတော့မှာပါ။ Update မှာတော့ အခုဖြစ်နေတဲ့ Battery ပြဿနာတွေကို ဖြေရှင်းပေးသွားမယ်လို့လည်း ခန့်မှန်းရပါတယ်။ Battery အားမခံတဲ့ iPhone တွေကတော့ iPhone SE ကနေ iPhone X အထိ လက်ရှိအသုံးအများဆုံး iPhone တွေအားလုံးပါနေပါတယ်။ သင့် iPhone မှာလည်း အခုလိုဖြစ်နေတယ်ဆိုရင်တော့ နောက် Update ကိုစောင့်ရမှာပါ။ 

Ref: Macrumors

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။