
Apple iOS 11.4.1 Update







Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Apple ဟာ သူရဲ့ iDevices တွေအတွက် iOS 11.4.1 Update ကို ထုတ်ပေးလိုက်ပြီး လက်ရှိ iDevices အသုံးပြုသူတွေအများအပြား Update ပြုလုပ်နေနိုင်ပြီဖြစ်ပါတယ်။ အခု iOS 11.4.1 Update မှာ Find My AirPod Feature အပါအဝင် Stability Fixes တွေလည်းပါဝင်ခဲ့ပြီး Apple ကနေ Released Notes မှာ ပါဝင်ခြင်းမရှိတဲ့ Feature တစ်ခုကိုလည်း ထည့်သွင်းလာခဲ့ပါတယ်။

Apple iOS 11.4.1 Update

အခု Apple ကနေ ထည့်သွင်းလာခဲ့တဲ့ Feature အသစ်ကတော့ USB Restricted Mode ပဲဖြစ်ပြီး အခု Feature ဟာ ယခင်ထဲက iOS 12 Beta အသုံးပြုနေတဲ့သူတွေအနေနဲ့ ရရှိနေပြီးဖြစ်ပေမယ့် အခုမှ iOS 11.4.1 Update မှာ ပါဝင်လာတာပဲဖြစ်ပါတယ်။

Apple iPhone USB connection

အခု Apple iDevices တွေမှာ ပါဝင်လာတဲ့ USB Restricted Mode Feature က ဘာကိုလုပ်ပေးနိုင်လဲဆိုရင် တကယ်လို့ အသုံးမပြုဘဲ ဖုန်းကို Lock ပြုလုပ်ထားတာ ၁ နာရီကျော်သွားတယ်ဆိုရင် Apple ကနေ USB Access ကို လုံးဝ Disable ပြုလုပ်ပစ်သွားမှာဖြစ်ပါတယ်။ ယခင်က အခု USB Access ကို Disable လုပ်နိုင်ဖို့က အချိန် ၁ ပတ်ကြာ Lock ပြုလုပ်ပြီး အသုံးမပြုဖို့ လိုအပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အချိန် ၁ နာရီ Lock လုပ်ထားတာနဲ့ Disable ဖြစ်သွားမှာပါ။

iOS 11.4.1 USB Restricted Mode

အခုလိုမျိုး USB Access ကို Disable ပြုလုပ်ရတာက Apple အနေနဲ့ iPhone တွေကို တရားဥပဒေအရ ကိစ္စရပ်တွေမှာ USB ကနေတဆင့် ချိတ်ဆက်ပီး Password ကို ဖြေဖို့ ကြိုးစားတာနဲ့ Encrypted ပြုလုပ်ထားတဲ့ Data တွေကို ရယူဖို့ ကြိုးစားတာတွေကို ပြုလုပ်နိုင်ခြင်းမရှိအောင် ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။

Apple ဟာ အခုလိုမျိုး iDevices တွေအပေါ်မှာ လုံခြုံရေးပိုင်းကို ပိုပြီးတိုးမြှင့်လာတဲ့အတွက် iOS ဟာ Android ထက်တော့ လက်ရှိအချိန်အထိ လုံခြုံရေးပိုင်းမှာ သာလွန်နေတာကိုတော့ ငြင်းလို့မရပါဘူး။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com