[Zawgyi] 

Battery Health ကိုၾကည့္လို႔ရတဲ့ Feature ပါလာၿပီျဖစ္တဲ့ iOS 11.3 Update

Apple က iOS 11.3 ကို Developer ေတြအတြက္ Beta Version ေတြျဖန္႔ေပးထားတာေတာ္ေတာ္ၾကာသြားၿပီးေနာက္ပိုင္း Public Stable Version ကိုမေန႔ညကပဲ ထုတ္ေပးလိုက္ပါတယ္။ iOS 11.3 မွာေတာ့ အေစာပိုင္း iOS 11 Version ေတြမွာပါခဲ့တဲ့ Bug ေတြကိုျပန္ျပင္ေပးထားပါတယ္။

iOS 11.3 မွာစတင္ပါဝင္လာတဲ့အဓိက Feature ကေတာ့ iPhone Battery Health ဆိုတဲ့သင့္ iPhone  Battery ဘယ္ေလာက္ေကာင္းေသးတယ္ဆိုတာကိုျပေပးမယ့္ Feature ပဲျဖစ္ပါတယ္။ iPhone Battery Health မွာေတာ့ iPhone ရဲ႕ Battery ကဘယ္ေလာက္ေကာင္းေသးတယ္ဆိုတာကို 100% ကိုစံသတ္မွတ္ၿပီး လက္ရွိ Battery အားသိုေလွာင္ႏိုင္စြမ္းက ဘယ္ေလာက္ရွိသလဲဆိုတာ % နဲ႔ျပေပးမွာပဲျဖစ္ပါတယ္။ Battery Health ထဲက 100% ဆိုတာကေတာ့ Battery အားျပည့္တာကိုေျပာတာမဟုတ္ပဲ သိုေလွာင္ထားတဲ့အားကိုထိမ္းထားေပးႏိုင္တဲ့အေျခအေနကိုျပတာပဲျဖစ္ပါတယ္။ Battery ပိုင္းနဲ႔ပတ္သက္လို႔ iPad ေတြအတြက္ကိုလည္း Feature အသစ္ေတြထပ္ထည့္ေပးထားပါေသးတယ္။ iPad ေတြကို အားသြင္းရင္းအသံုးျပဳတာပဲျဖစ္ျဖစ္၊ အခ်ိန္အၾကာႀကီးအားသြင္းႀကိဳးတပ္ထားတာပဲျဖစ္ျဖစ္လုပ္တဲ့အခါ  Battery အားသြင္းတာကိုအလိုအေလွ်ာက္ရပ္တန္႔ေပးမွာျဖစ္ပါတယ္။ Battery ကိုအားျပည့္ေအာင္သြင္းေပတာမိ်ဳးလုပ္မွာမဟုတ္ေတာ့ပဲ လက္ရွိ Battery ပမာဏထက္ေလ်ာ့မသြားေအာင္ထိမ္းထားေပးမယ့္ Feature တစ္ခုပဲျဖစ္ပါတယ္။

 

အျခား Feature အသစ္အေနနဲ႔ကေတာ့ iPhone X ေတြအတြက္ Animoji အသစ္ေလးေတြထည့္ေပးထားတာပဲျဖစ္ပါတယ္။ ျခေသၤ့၊ ဝက္ဝံ၊ နဂါး နဲ႔ အ႐ိုးေခါင္း Animoji အသစ္ေလးေတြအသစ္ပါလာတာပဲျဖစ္ပါတယ္။ Apple Music အသံုးျပဳသူေတြအတြက္လည္း Music Video ပိုင္းမွာပိုေကာင္းတဲ့အေတြ႔အႀကံဳေတြရရွိေအာင္ျပန္လည္ျပင္ဆင္ေပးထားပါေသးတယ္။ iOS 11.3  ကအရင္က အဆင္မေျပတဲ့ Bug ေတြကိုျပန္ျပင္ေပးထားတာေၾကာင့္ သင့္ iPhone မွာ Update ရတယ္ဆိုရင္လုပ္သင့္တဲ့ Update တစ္ခုပါ။ iOS 11.3 ကိုေတာ့ iPhone 5s နွင့္ေနာက္ပိုင္း၊ iPad Air နွင့္ေနာက္ပိုင္း၊ iPad Mini 2 ႏွင့္ေနာက္ပိုင္း နဲ႔ iPod Touch 6th Generation Device ေတြမွာ Update လုပ္လို႔ရမွာပဲျဖစ္ပါတယ္။ ဖုန္းေပၚမွာ Upadate လုပ္ဖို႔အတြက္ေတာ့ WiFi လိုအပ္မွာျဖစ္ၿပီး Settings > General > Software Update မွာလုပ္ႏိုင္ပါတယ္။

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Battery Health ကိုကြည့်လို့ရတဲ့ Feature ပါလာပြီဖြစ်တဲ့ iOS 11.3 Update

Apple က iOS 11.3 ကို Developer တွေအတွက် Beta Version တွေဖြန့်ပေးထားတာတော်တော်ကြာသွားပြီးနောက်ပိုင်း Public Stable Version ကိုမနေ့ညကပဲ ထုတ်ပေးလိုက်ပါတယ်။ iOS 11.3 မှာတော့ အစောပိုင်း iOS 11 Version တွေမှာပါခဲ့တဲ့ Bug တွေကိုပြန်ပြင်ပေးထားပါတယ်။

iOS 11.3 မှာစတင်ပါဝင်လာတဲ့အဓိက Feature ကတော့ iPhone Battery Health ဆိုတဲ့သင့် iPhone  Battery ဘယ်လောက်ကောင်းသေးတယ်ဆိုတာကိုပြပေးမယ့် Feature ပဲဖြစ်ပါတယ်။ iPhone Battery Health မှာတော့ iPhone ရဲ့ Battery ကဘယ်လောက်ကောင်းသေးတယ်ဆိုတာကို 100% ကိုစံသတ်မှတ်ပြီး လက်ရှိ Battery အားသိုလှောင်နိုင်စွမ်းက ဘယ်လောက်ရှိသလဲဆိုတာ % နဲ့ပြပေးမှာပဲဖြစ်ပါတယ်။ Battery Health ထဲက 100% ဆိုတာကတော့ Battery အားပြည့်တာကိုပြောတာမဟုတ်ပဲ သိုလှောင်ထားတဲ့အားကိုထိမ်းထားပေးနိုင်တဲ့အခြေအနေကိုပြတာပဲဖြစ်ပါတယ်။ Battery ပိုင်းနဲ့ပတ်သက်လို့ iPad တွေအတွက်ကိုလည်း Feature အသစ်တွေထပ်ထည့်ပေးထားပါသေးတယ်။ iPad တွေကို အားသွင်းရင်းအသုံးပြုတာပဲဖြစ်ဖြစ်၊ အချိန်အကြာကြီးအားသွင်းကြိုးတပ်ထားတာပဲဖြစ်ဖြစ်လုပ်တဲ့အခါ  Battery အားသွင်းတာကိုအလိုအလျှောက်ရပ်တန့်ပေးမှာဖြစ်ပါတယ်။ Battery ကိုအားပြည့်အောင်သွင်းပေတာမျိုးလုပ်မှာမဟုတ်တော့ပဲ လက်ရှိ Battery ပမာဏထက်လျော့မသွားအောင်ထိမ်းထားပေးမယ့် Feature တစ်ခုပဲဖြစ်ပါတယ်။

 

အခြား Feature အသစ်အနေနဲ့ကတော့ iPhone X တွေအတွက် Animoji အသစ်လေးတွေထည့်ပေးထားတာပဲဖြစ်ပါတယ်။ ခင်္သြေ့၊ ဝက်ဝံ၊ နဂါး နဲ့ အရိုးခေါင်း Animoji အသစ်လေးတွေအသစ်ပါလာတာပဲဖြစ်ပါတယ်။ Apple Music အသုံးပြုသူတွေအတွက်လည်း Music Video ပိုင်းမှာပိုကောင်းတဲ့အတွေ့အကြုံတွေရရှိအောင်ပြန်လည်ပြင်ဆင်ပေးထားပါသေးတယ်။ iOS 11.3  ကအရင်က အဆင်မပြေတဲ့ Bug တွေကိုပြန်ပြင်ပေးထားတာကြောင့် သင့် iPhone မှာ Update ရတယ်ဆိုရင်လုပ်သင့်တဲ့ Update တစ်ခုပါ။ iOS 11.3 ကိုတော့ iPhone 5s နှင့်နောက်ပိုင်း၊ iPad Air နှင့်နောက်ပိုင်း၊ iPad Mini 2 နှင့်နောက်ပိုင်း နဲ့ iPod Touch 6th Generation Device တွေမှာ Update လုပ်လို့ရမှာပဲဖြစ်ပါတယ်။ ဖုန်းပေါ်မှာ Upadate လုပ်ဖို့အတွက်တော့ WiFi လိုအပ်မှာဖြစ်ပြီး Settings > General > Software Update မှာလုပ်နိုင်ပါတယ်။

Ref: Apple

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။