This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဘရာဇီးလ္၊ ဂ်ာမနီတို႔အဆင့္ကုိ အဂၤလန္အသင္း မေရာက္ေသးဘူးလုိ႔ ၀န္ခံခဲ့တဲ့ ေဆာက္ဂိတ္ Southgate

လူငယ္ေတြအမ်ားစုနဲ႔ဖဲြ႕စည္းထားတဲ့ အဂၤလန္အသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ တတိယအသက္အငယ္ဆုံးအသင္းအျဖစ္ မွတ္တမ္း၀င္ေနပါတယ္။ အုပ္စုတြင္းမွာ ဘယ္လ္ဂ်ီယံ၊ တူနီးရွား၊ ပနားမားအသင္းတို႔နဲ႔ ဆုံေတြ႕ေနတဲ့ အဂၤလန္အသင္းဟာ ခ်န္ပီယံအျဖစ္ေရပန္းစားေနတဲ့စာရင္းမွာ ဘရာဇီးလ္၊ ဂ်ာမနီ တို႔ရဲ႕ေနာက္ အဆင့္(၇)ေနရာမွာသာ ရပ္တည္ေနတဲ့ အဂၤလန္အသင္း ၂၀၁၈ ကမၻာ႔ဖလားမွာ ဘယ္အဆင့္အထိ ေရာက္ႏုိင္မလဲဆုိတာ စိတ္၀င္စားစရာပါ။ ဒါေၾကာင့္ ကမၻာ႔ဖလားမတိုင္ခင္ အဂၤလန္အသင္းရဲ႕အေနအထားနဲ႔ပတ္သတ္လုိ႔ နည္းျပေဆာက္ဂိတ္ Southgate ကုိ စပိန္နာမည္ေက်ာ္အားကစားသတင္းစာ Marca က ေတြ႕ဆုံေမးျမန္းခဲ့ၿပီး အဲဒီ Interview ကုိ ပရိသတ္ေတြ သိရွိႏုိင္ေအာင္ ေဖာ္ျပလုိက္ပါတယ္ . .

Interview-with-Southgate

Interview-with-Southgate

ေမး – အဂၤလန္ရဲ႕အုပ္စုတြင္းၿပိဳင္ဘက္ေတြအေပၚ သုံးသပ္ေပးပါဦး။
ေျဖ – တူနီးရွား၊ ပနားမားအသင္းတို႔ရဲ႕ အေနအထားကုိေတာ့ မခန္႔မွန္းတတ္ပါဘူး။ ဘယ္လ္ဂ်ီယံအသင္းေလာက္ သူတို႔ႏွစ္သင္းအေၾကာင္းကုိ သိပ္မသိလုိ႔ပါ။ အဲဒီႏွစ္သင္းဟာ ေမွ်ာ္လင့္ခ်က္ သိပ္မထားေပမယ့္ စိတ္ဓာတ္ျပင္းထန္တဲ့အသင္းေတြျဖစ္တာေၾကာင့္ အႏၱရာယ္ေပးႏုိင္တဲ့အသင္းေတြျဖစ္ပါတယ္။

ေမး – ကမၻာ႔ဖလားခ်န္ပီယံျဖစ္ဖုိ႔အထိ ခင္ဗ်ား ပစ္မွတ္ထားရဲလား။
ေျဖ – အဲဒါက ကုိယ့္ရဲ႕ ေမွ်ာ္လင့္ခ်က္နဲ႔ပဲ သက္ဆုိင္ပါတယ္။ ကၽြန္ေတာ္တို႔ဟာ ကမၻာ႔အဆင့္(၁၂)ေနရာမွာသာ ရပ္တည္ေနၿပီး ကုိယ့္အဆင့္ကုိ ကုိယ္သိရမွာပါ။ ကၽြန္ေတာ္တို႔အသငး္က ဘရာဇီးလ္၊ ဂ်ာမနီအသင္းတို႔လုိ အဆင့္မ်ိဳး မေရာက္ေသးပါဘူး။ လက္ရွိအသင္းမွာ လူငယ္ကစားသမားေတြကုိ အေတြ႕အႀကံဳရဖုိ႔က ဦးစားေပးျဖစ္ၿပီး အနာဂတ္မွာ ေအာင္ျမင္မႈေတြရယူႏုိင္ဖုိ႔အတြက္ တည္ေဆာက္ထားတာပါ။

ေမး-အခု ကမၻာ႔ဖလားမွာ အဂၤလန္အသင္းက အံ့အားသင့္စရာေတြကုိ လုပ္ျပႏုိင္မလား။
ေျဖ – အေသအခ်ာပါပဲ။ ကၽြန္ေတာ့္ ရည္ရြယ္ခ်က္ကလည္း လူတိုင္းကုိ အံ့အားသင့္စရာေတြ လုပ္ျပခ်င္ေနတာပါ။

ေမး – ခ်န္ပီယံျဖစ္ႏုိင္မယ့္အသင္းကုိ ခန္႔မွန္းေပးပါဦး။
ေျဖ – အခုလက္ရွိ ေရပန္းစားေနတဲ့ ဂ်ာမနီ၊ ဘရာဇီးလ္တို႔နဲ႔ ကၽြန္ေတာ္တို႔အသငး္ ၿပီးခဲ့တဲ့လေတြတုန္းက ေျခစမ္းပဲြကစားခဲ့ဖူးၿပီး ႏွစ္သင္းစလုံးရဲ႕ ေျခစြမ္းက အံ့မခန္းပါပဲ။ စပိန္အသင္းကလည္း ေသြးသစ္ေလာင္းထားသလုိ၊ ဘယ္လ္ဂ်ီယံရဲ႕စုဖြဲ႕မႈက အားရစရာပါ။ ဒါေပမဲ့ ဘရာဇီးလ္အသင္းဟာ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ဆြတ္ခူးဖုိ႔ ႐ုပ္ပုိင္း စိတ္ပုိင္းဆုိင္ရာ ႀကံ့ခုိင္မႈ၊ နည္းစနစ္ေတြန႔ဲ ျပည့္စုံတယ္လုိ႔ ထင္ပါတယ္။

ေမး – ယူ႐ုိ-၂၀၁၆ တုန္းက အုိက္စလန္ကုိ ႐ႈံးခဲ့တဲ့ပဲြက သင္ခန္းစာ ရယူႏုိင္ခဲ့လား။
ေျဖ – ကၽြန္ေတာ္တို႔ အဲဒီ႐ႈံးပဲြကုိ မေမ့ပစ္ဖုိ႔ ႀကိဳးစားရမွာျဖစ္ပါတယ္။ တကယ္လုိ႔ ေမ့ေဖ်ာက္လုိက္ရင္ အဲဒီ႐ႈံးပဲြနဲ႔ပတ္သက္လုိ႔ ဘာသင္ခန္းစာမွရမွာ မဟုတ္ပါဘူး။ အုိက္စလန္နဲ႔ပဲြက အမွားေတြအတြက္ သင္ခန္းစာယူၿပီး စိတ္ပုိင္းဆုိင္ရာ၊ နည္းဗ်ဴဟာအေျပာင္းအလဲေတြကုိ ကၽြန္ေတာ္တို႔ အစီအစဥ္ခ်မွတ္ေဆာင္ရြက္ခဲ့ပါတယ္။

REF:Marca
Photo: Getty Images,Youtube
Naing Linn(Akhayar)

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဘရာဇီးလ်၊ ဂျာမနီတို့အဆင့်ကို အင်္ဂလန်အသင်း မရောက်သေးဘူးလို့ ဝန်ခံခဲ့တဲ့ ဆောက်ဂိတ် Southgate

လူငယ်တွေအများစုနဲ့ဖွဲ့စည်းထားတဲ့ အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယအသက်အငယ်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နေပါတယ်။ အုပ်စုတွင်းမှာ ဘယ်လ်ဂျီယံ၊ တူနီးရှား၊ ပနားမားအသင်းတို့နဲ့ ဆုံတွေ့နေတဲ့ အင်္ဂလန်အသင်းဟာ ချန်ပီယံအဖြစ်ရေပန်းစားနေတဲ့စာရင်းမှာ ဘရာဇီးလ်၊ ဂျာမနီ တို့ရဲ့နောက် အဆင့်(၇)နေရာမှာသာ ရပ်တည်နေတဲ့ အင်္ဂလန်အသင်း ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဘယ်အဆင့်အထိ ရောက်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒါကြောင့် ကမ္ဘာ့ဖလားမတိုင်ခင် အင်္ဂလန်အသင်းရဲ့အနေအထားနဲ့ပတ်သတ်လို့ နည်းပြဆောက်ဂိတ် Southgate ကို စပိန်နာမည်ကျော်အားကစားသတင်းစာ Marca က တွေ့ဆုံမေးမြန်းခဲ့ပြီး အဲဒီ Interview ကို ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . .

Interview-with-Southgate

Interview-with-Southgate

မေး – အင်္ဂလန်ရဲ့အုပ်စုတွင်းပြိုင်ဘက်တွေအပေါ် သုံးသပ်ပေးပါဦး။
ဖြေ – တူနီးရှား၊ ပနားမားအသင်းတို့ရဲ့ အနေအထားကိုတော့ မခန့်မှန်းတတ်ပါဘူး။ ဘယ်လ်ဂျီယံအသင်းလောက် သူတို့နှစ်သင်းအကြောင်းကို သိပ်မသိလို့ပါ။ အဲဒီနှစ်သင်းဟာ မျှော်လင့်ချက် သိပ်မထားပေမယ့် စိတ်ဓာတ်ပြင်းထန်တဲ့အသင်းတွေဖြစ်တာကြောင့် အန္တရာယ်ပေးနိုင်တဲ့အသင်းတွေဖြစ်ပါတယ်။

မေး – ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့အထိ ခင်ဗျား ပစ်မှတ်ထားရဲလား။
ဖြေ – အဲဒါက ကိုယ့်ရဲ့ မျှော်လင့်ချက်နဲ့ပဲ သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာ့အဆင့်(၁၂)နေရာမှာသာ ရပ်တည်နေပြီး ကိုယ့်အဆင့်ကို ကိုယ်သိရမှာပါ။ ကျွန်တော်တို့အသင်းက ဘရာဇီးလ်၊ ဂျာမနီအသင်းတို့လို အဆင့်မျိုး မရောက်သေးပါဘူး။ လက်ရှိအသင်းမှာ လူငယ်ကစားသမားတွေကို အတွေ့အကြုံရဖို့က ဦးစားပေးဖြစ်ပြီး အနာဂတ်မှာ အောင်မြင်မှုတွေရယူနိုင်ဖို့အတွက် တည်ဆောက်ထားတာပါ။

မေး-အခု ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းက အံ့အားသင့်စရာတွေကို လုပ်ပြနိုင်မလား။
ဖြေ – အသေအချာပါပဲ။ ကျွန်တော့် ရည်ရွယ်ချက်ကလည်း လူတိုင်းကို အံ့အားသင့်စရာတွေ လုပ်ပြချင်နေတာပါ။

မေး – ချန်ပီယံဖြစ်နိုင်မယ့်အသင်းကို ခန့်မှန်းပေးပါဦး။
ဖြေ – အခုလက်ရှိ ရေပန်းစားနေတဲ့ ဂျာမနီ၊ ဘရာဇီးလ်တို့နဲ့ ကျွန်တော်တို့အသင်း ပြီးခဲ့တဲ့လတွေတုန်းက ခြေစမ်းပွဲကစားခဲ့ဖူးပြီး နှစ်သင်းစလုံးရဲ့ ခြေစွမ်းက အံ့မခန်းပါပဲ။ စပိန်အသင်းကလည်း သွေးသစ်လောင်းထားသလို၊ ဘယ်လ်ဂျီယံရဲ့စုဖွဲ့မှုက အားရစရာပါ။ ဒါပေမဲ့ ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးဖို့ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ နည်းစနစ်တွေနဲ့ ပြည့်စုံတယ်လို့ ထင်ပါတယ်။

မေး – ယူရို-၂၀၁၆ တုန်းက အိုက်စလန်ကို ရှုံးခဲ့တဲ့ပွဲက သင်ခန်းစာ ရယူနိုင်ခဲ့လား။
ဖြေ – ကျွန်တော်တို့ အဲဒီရှုံးပွဲကို မမေ့ပစ်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ တကယ်လို့ မေ့ဖျောက်လိုက်ရင် အဲဒီရှုံးပွဲနဲ့ပတ်သက်လို့ ဘာသင်ခန်းစာမှရမှာ မဟုတ်ပါဘူး။ အိုက်စလန်နဲ့ပွဲက အမှားတွေအတွက် သင်ခန်းစာယူပြီး စိတ်ပိုင်းဆိုင်ရာ၊ နည်းဗျူဟာအပြောင်းအလဲတွေကို ကျွန်တော်တို့ အစီအစဉ်ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။

REF:Marca
Photo: Getty Images,Youtube
Naing Linn(Akhayar)