[Zawgyi]

မန္စီးတီးရဲ႕ ဇာတ္ပို႔တစ္ဦး၊ ဘာနာဒိုေဆးလ္ဗား Bernardo Silva

ဘာနာဒိုေဆးလ္ဗား Bernardo Silva ဟာ မိုနာကိုမွာ သူရဲေကာင္းလိုထည္၀ါခဲ့ေပမယ့္ မန္စီးတီးကိုေရာက္ေတာ့ ပံုမွန္ပြဲထြက္ခြင့္မရဘဲ ဇာတ္ပို႔တစ္ဦးလိုျဖစ္ေနရရွာတယ္။ ဒါေပမဲ့ ဘာနာဒိုေဆးလ္ဗားက မန္စီးတီးနည္းျပ ဂြါဒီယိုလာ Guardiola နဲ႔ လက္တြဲခြင့္ရတာကံေကာင္းျခင္းပဲလို႔ ခံယူထားတယ္။ ဂြါဒီယိုလာဆီကေန သင္ယူေနရတာဟာ ေပ်ာ္ရႊင္စရာလို႔ ေတြးေတာထားတယ္။ ဘာနာဒိုေဆးလ္ဗားရဲ႕ မန္စီးတီးကမၻာထဲက စကားလံုးေတြကို ျပန္လည္ေဖာ္ျပလိုက္ပါတယ္။

ေမး – မန္စီးတီးကို ဘာလို႔ ေျပာင္းလာတာလဲ။

ေျဖ – မိုနာကိုမွာ ေအာင္ျမင္မႈေတြရခဲ့ၿပီးေနာက္ ကြဲျပားျခားနားတဲ့စိန္ေခၚမႈေတြကို ကၽြန္ေတာ္ ႀကိဳးစားၾကည့္ခ်င္လာတယ္။ မန္စီးတီးကစားေနတာကလည္း ကမၻာ့အေကာင္းဆံုးလိဂ္တစ္ခုျဖစ္တဲ့ပရီးမီးယား လိဂ္မွာ၊ ၿပီးေတာ့ နည္းျပဂြါဒီယိုလာ၊ ကစားသမားေကာင္းေတြနဲ႔ ဆံုေတြ႕ရမယ္။ သူတုိ႔ဆီကေန ေန႔စဥ္သင္ယူခြင့္ရေနမယ္ဆုိတဲ့အခ်က္ေတြဟာ ကၽြန္ေတာ့္ကို ဆြဲေဆာင္ခဲ့ပါတယ္။

ေမး – ဂြါဒီယိုလာနဲ႔ မိုနာကိုနည္းျပ ယာဒင္း Jardim တို႔ၾကား ဘာေတြကြာျခားလဲ။

ေျဖ – နည္းျပတုိင္းက မတူညီကြဲျပားပါတယ္။ ယာဒင္းကလည္း နည္းျပေကာင္းတစ္ဦးျဖစ္ၿပီး ကၽြန္ေတာ့္ကို ပိုၿပီးတုိးတက္ေအာင္ ကူညီေပးခဲ့သူပါ။ ဒီအတြက္သူ႕ကိုအရမ္းေက်းဇူးတင္ၿပီး သူဟာ လူငယ္ကစားသမားေတြကိုဖြံ႕ၿဖိဳးတုိးတက္ေအာင္ကူညီေပးတတ္ပါတယ္။ မုိနာကိုမွာ ရွိခဲ့တဲ့သံုးႏွစ္တာကာလ အတြင္း ကၽြန္ေတာ့္အတြက္သူလုပ္ေပးခဲ့တာေတြ အားလံုးကို ကၽြန္ေတာ္အမွတ္ရေနပါမယ္။

ေမး – မိုနာကိုက မႏွစ္ကျပင္သစ္လီဂူးခ်န္ပီယံျဖစ္ခဲ့တယ္။ သြင္းဂိုး (၁၀၇)ဂိုးနဲ႔ စံခ်ိန္တင္ခဲ့တယ္။ မိုနာကိုရဲ႕ လွ်ဳိ႕၀ွက္ခ်က္ကို ေျပာျပပါဦး။

ေျဖ – စိတ္ပိုင္းဆုိင္ရာခံယူခ်က္ပါပဲ။ ႏုိင္ပြဲတစ္ပြဲရသြားၿပီဆုိရင္ ေနာက္ထပ္ႏုိင္ပြဲေတြကို ရယူလုိစိတ္၊ ဆာေလာင္စိတ္ဟာျပင္းျပလာပါလိမ့္မယ္။ ကၽြန္ေတာ္တုိ႔အသင္း ခ်န္ပီယံျဖစ္မယ္၊ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အထိေရာက္မယ္လို႔ ဘယ္သူမွမထင္ထားပါဘူး။ ဒါေပမဲ့ လူငယ္အမ်ားစုနဲ႔ဖြဲ႕စည္းထားတဲ့ ကၽြန္ေတာ္တုိ႔အသင္းက ေအာင္ပြဲေတြကိုဆာေလာင္စိတ္ျပင္းျပခဲ့လို႔ ေအာင္ျမင္ခဲ့တာပါပဲ။

ေမး – အဂၤလန္မွာ ေနရတာေရာ အဆင္ေျပရဲ႕လား။

ေျဖ – ေအးေဆးပါပဲ။ အသင္းေဖာ္ေတြနဲ႔မန္စီးတီးအသင္း၀န္ထမ္းေတြက ကၽြန္ေတာ့္ကို ေႏြးေထြးစြာႀကိဳဆိုခဲ့ ပါတယ္။ အခက္အခဲနည္းနည္းရွိခဲ့ေပမယ့္ အခုဆိုတျဖည္းျဖည္းနဲ႔ သက္ေသာင့္သက္သာပိုရွိလာပါၿပီ။ မန္စီးတီးကို တတ္စြမ္းသမွ်ကူညီၿပီး ဆုဖလားေတြရယူေပးခ်င္ပါတယ္။

ေမး – ေဒးဗစ္ေဆးလ္ဗား David Silva က အသက္ (၃၃)ႏွစ္ျပည့္ေတာ့မယ္။ သူနဲ႔ ခင္ဗ်ားကဘယ္သန္ခ်င္း၊ ကစားပံုခ်င္း၊ အရပ္အေမာင္းခ်င္းတူညီေနတယ္။ သူ႔ေနရာကို အစား၀င္မယ့္သူျဖစ္လာမလား။

ေျဖ – ကၽြန္ေတာ္ေမွ်ာ္လင့္ထားပါတယ္။ သူက ကမၻာေပၚမွာအေကာင္းဆံုးကြင္းလယ္လူတစ္ဦးပါပဲ။ တစ္ေန႔မွာသူ႕လိုအဆင့္အတန္းမ်ဳိး ကၽြန္ေတာ္ရခ်င္ပါတယ္။ သူက မန္စီးတီးအတြက္ အေရးပါတဲ့ကစားသမား တစ္ဦး၊ ကၽြန္ေတာ္အေစာပုိင္းမွာေျပာခဲ့သလုိပါပဲ။ မန္စီးတီကကစားသမားေကာင္းေတြနဲ႔ အတူလက္တြဲေလ့က်င့္ခြင့္ရတာေက်နပ္စရာေကာင္းပါတယ္။

ေမး – ခံစစ္ေရာ၊ တုိက္စစ္ပါကစားခုိင္းတာ အဆင္ေျပရဲ႕လား။

ေျဖ – ေဘာလံုးေလာကမွာ မ်ဳိးဆက္အေျပာင္းအလဲျဖစ္ေနၿပီး ကစားဟန္အသစ္ကို ျမင္ေနရပါၿပီ။ ကစားသမားတုိင္းဟာ ခံစစ္ေရာ၊ တုိက္စစ္ပါကစားႏုိင္ရပါမယ္။ ေဘာလံုးဆံုး႐ႈံးသြားၿပီဆုိရင္ ကစားသမားတုိင္းဟာ တတ္ႏိုင္သမွ်အျမန္ဆံုး တားဆီးရပါမယ္။ ေဘာလံုးရလာၿပီဆုိရင္ ထိန္းသိမ္းထားၿပီး ဂိုးသြင္းႏုိင္ဖို႔အထိ ေဆာင္ရြက္ဖို႔ ဂြါဒီယိုလာက မွာထားပါတယ္။ အေသးစိတ္ကအစ စီမံကိန္းခ်ၿပီးေဆာင္ရြက္  ေလ့ရွိပါတယ္။ ေဘာလံုးရေနခ်ိန္၊ ေဘာလံုးဆံုး႐ႈံးေနခ်ိန္၊ ဖရီးကစ္၊ ေထာင့္ကန္ေဘာနဲ႔ အေျခအေနမ်ဳိးစံုမွာ အေကာင္းဆံုးတု႔ံျပန္ႏုုိင္ဖို႔ မွာထားပါတယ္။ ဒါဟာ ဂြါဒီယုိလာရဲ႕ အႀကီးမားဆံုးအားသာခ်က္ပါပဲ။

ေမး – ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏုိက္တက္ကို ဘယ္လိုျမင္လဲ။

ေျဖ – သူတုိ႔က ေတာင့္တင္းတဲ့အသင္းတစ္သင္း၊ အေကာင္းဆံုးရာသီကို ျဖတ္သန္းေနတယ္။ နည္းျပေမာ္ရင္ဟို Mourinho နဲ႔အတူ ဒုတိယရာသီကို သူတို႔ျဖတ္သန္းေနၿပီး တိုးတက္လာပါတယ္။ ေမာ္ရင္ဟိုက သူ႕အသင္းကို ၿပိဳင္ဆုိင္မႈျပင္းထန္တဲ့အသင္းျဖစ္ေအာင္ တည္ေဆာက္ထားတယ္။ ခံစစ္ေကာင္းမြန္ၿပီး အႏုိင္ရဖို႔အတြက္ အၿမဲလိုလိုႀကိဳးပမ္းေနတဲ့အသင္းပါပဲ။

ေမး – မန္ခ်က္စတာႏွစ္သင္းရဲ႕ ကစားပံုစတုိင္ဟာ ဘယ္လုိကြဲျပားေနလဲ။

ေျဖ – ႏွစ္သင္းစလံုးက ခံစစ္ကစားပံုေကာင္းမြန္တယ္။ မန္ခ်က္စတယူႏုိက္တက္က တန္ျပန္တုိက္စစ္ေတြနဲ႔ ပြဲကိုထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေလ့ရွိတယ္။ မန္ခ်က္စတာယူႏုိက္တက္ဟာ ႐ုပ္ပိုင္းဆုိင္ရာႀကံ့ခုိင္တဲ့အသင္းတစ္သင္း  ျဖစ္ၿပီး ကၽြန္ေတာ္တုိ႔ကေတာ့ ေဘာလံုးပုိင္ဆုိင္ခြင့္ရေအာင္ယူၿပီး ပြဲကိုထိန္းခ်ဳပ္မယ္။ ၿပိဳင္ဘက္ကို ေဘာလံုးမေပးဘူး။ ၿပီးရင္ ကၽြန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ပါတယ္။ ႏွစ္သင္းစလံုးကစားပံုမတူညီေပမယ့္ ဒီရာသီမွာေအာင္ျမင္ေနပါတယ္။

ေမး – ခ်န္ပီယံလိဂ္မွာ မန္စီးတီး ဗို္လ္စြဲႏုိင္မလား။

ေျဖ – ႐ႈံးထြက္ၿပိဳင္ပြဲေတြဟာ ခန္႔မွန္းရခက္ၿပီး မျမင္ရတဲ့ျဖစ္ရပ္ေတြလည္း ၀င္လာေလ့ရွိပါတယ္။ အၿမဲတမ္း အာ႐ံုစူးစုိက္ထားဖို႔ လုိအပ္ပါတယ္။ ဘာစီလုိနာ၊ ဘုိင္ယန္ျမဴးနစ္၊ ရီးယဲလ္၊ ဂ်ဴဗင္တပ္စ္၊ PSG တို႔လိုအသင္းေတြရွိေနတဲ့ၿပိဳင္ပြဲမ်ဳိးမွာ ဗို္လ္စြဲဖို႔ဆိုတာ ကံတရားရဲ႕ေဖးမမႈလည္းရွိရပါမယ္။

ေမး – ခ်န္ပီယံလိဂ္ထက္ ကမၻာ့ဖလားကို ပိုၿပီးအာ႐ံုေရာက္ေနမလား။

ေျဖ – ၿပိဳင္ပြဲႏွစ္ခုစလံုးက အေရးႀကီးပါတယ္။ ခ်န္ပီယံလိဂ္ဆိုတာကလပ္အသင္းေလာကမွာ အေရးႀကီးဆံုးၿပိဳင္ပြဲပါပဲ။ ကမၻာ့ဖလားဆိုတာကလည္း အဆင့္ျမင့္ဆံုးႏုိင္ငံတကာၿပိဳင္ပြဲႀကီးပါပဲ။ ၿပိဳင္ပြဲတစ္ခုခုမွာ ဗုိလ္စြဲရင္ သိပ္ေကာင္းတာေပါ့။ ဒါေပမဲ့ မလြယ္ကူႏုိင္ပါဘူး။ ကမၻာ့ဖလားဟာ ေလးႏွစ္တစ္ႀကိမ္မွ က်င္းပတာျဖစ္လို႔ ၿပိဳင္ပြဲအေၾကာင္းေျပာရတာ အရမ္းမုိက္ပါတယ္။ ဒဏ္ရာျပႆနာမရွိပါေစနဲ႔လို႔ ကၽြန္ေတာ္ဆုေဆာင္းေနၿပီး ေပၚတူဂီအသင္းေအာင္ျမင္မယ္လို႔လည္း ထင္မိတယ္။

ေမး – ယူ႐ို-၂၀၁၆ ၿပိဳင္ပြဲနဲ႔ လဲြခဲ့ေတာ့ ဘယ္လုိခံစားရလဲ။

ေျဖ – အရမ္းခက္ခဲခဲ့တဲ့အခ်ိန္ေတြပါ။ အသင္းကိုမကူညီႏုိင္ခဲ့လို႔ စိတ္ပ်က္မိတယ္။ ဒါေပမဲ့ ေပၚတူဂီအသင္းက ခ်န္ပီယံအျဖစ္ေအာင္ပြဲခံခဲ့လို႔ ႏုိင္ငံအတြက္ ဂုဏ္ယူမိေပမယ့္ ကၽြန္ေတာ္မပါႏုိင္ခဲ့လို႔ စိတ္မေကာင္းျဖစ္ရတယ္။

ေမး – ၿပီးခဲ့တဲ့ကြန္ဖက္ဒေရးရွင္းဖလားဟာ ခင္ဗ်ားအတြက္ ပထမဆံုးႏုိင္ငံတကာၿပိဳင္ပြဲျဖစ္ခဲ့တယ္၊ ေပၚတူဂီက ဆီမီးဖုိင္နယ္တက္ႏုိင္ခဲ့တယ္။ ဘယ္လုိလဲ အေတြ႕အႀကံဳေလးေတြေျပာပါဦး။

ေျဖ – ႏုိင္ငံအသင္းအတြက္ကစားရခ်ိန္ုတုိင္း ဂုဏ္ယူမိပါတယ္။ ဆီမီးဖိုင္နယ္မွာ ပယ္နယ္တီအဆံုးအျဖတ္နဲ႔ ခ်ီလီကို ကံမေကာင္းဘဲအေရးနိမ့္ခဲ့ရတယ္။ ၿပိဳင္ပြဲေကာင္းတစ္ခုျဖစ္ခဲ့သလုိ၊ ၂၀၁၈ ကမၻာ့ဖလားအႀကိဳ႐ုရွားကြင္းေတြရဲ႕အေနအထားကိုလည္း ေလ့လာခြင့္ရခဲ့ပါတယ္။

ေမး – VAR ကို ဘယ္လုိျမင္လဲ။

ေျဖ – ႐ုပ္သံအကူဒုိင္စနစ္ VAR ဟာ ကြင္းလယ္ဒုိင္ေတြကို မွန္ကန္တဲ့ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ေရးမွာ ကူညီေပးနပါတယ္။ လူတုိင္းက ကြင္းလယ္ဒုိင္ကိုအျပစ္ေျပာေလ့ရွိတယ္။ VAR သာစနစ္တက်ျဖစ္လာမယ္ဆုိရင္ ပရိသတ္ေတြဟာပြဲကိုပိုၿပီး အာ႐ုံစုက္ႏုိမယ္။ အျငင္းပြားဖြယ္ျဖစ္ရပ္ေတြ ေလ်ာ့ပါးသြားႏုိင္ပါတယ္။

ေမး – ခင္ဗ်ားရဲ႕တက္တူးေဘးက စာသားဟာ ဘယ္လုိအဓိပၸာရလဲ။

ေျဖ – (၁၂)ႏွစ္ၾကာက်င္လည္ခဲ့တဲ့ ဘင္ဖိအာအသင္းကို အမွတ္ရတဲ့အေနနဲ႔ ထိုးတားတာပါ။ Out of Many One လို႔ အဓိပၸာယ္ရပါတယ္။ ကၽြန္ေတာ္က အခုအခ်ိန္အထိဘင္ဖီကာပရိသတ္ျဖစ္ေနဆဲပါ။

ေမး – ေက်ာင္းျပန္တက္ျဖစ္ဦးမလား

ေျဖ – ဒီေန႔အထိ ကၽြန္ေတာ္မစဥ္းစားဖူးေသးဘူး။ ေဘာလံုးမွာပဲကၽြန္ေတာ့္ရဲ႕ဘ၀ကို နစ္ျမွဳပ္ထားၿပီးကစားသမားဘ၀က အနာယူၿပီးရင္လည္း နည္းျပဘ၀ကို ကူးေျပာင္းပါမယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မန်စီးတီးရဲ့ ဇာတ်ပို့တစ်ဦး၊ ဘာနာဒိုဆေးလ်ဗား Bernardo Silva

ဘာနာဒိုဆေးလ်ဗား Bernardo Silva ဟာ မိုနာကိုမှာ သူရဲကောင်းလိုထည်ဝါခဲ့ပေမယ့် မန်စီးတီးကိုရောက်တော့ ပုံမှန်ပွဲထွက်ခွင့်မရဘဲ ဇာတ်ပို့တစ်ဦးလိုဖြစ်နေရရှာတယ်။ ဒါပေမဲ့ ဘာနာဒိုဆေးလ်ဗားက မန်စီးတီးနည်းပြ ဂွါဒီယိုလာ Guardiola နဲ့ လက်တွဲခွင့်ရတာကံကောင်းခြင်းပဲလို့ ခံယူထားတယ်။ ဂွါဒီယိုလာဆီကနေ သင်ယူနေရတာဟာ ပျော်ရွှင်စရာလို့ တွေးတောထားတယ်။ ဘာနာဒိုဆေးလ်ဗားရဲ့ မန်စီးတီးကမ္ဘာထဲက စကားလုံးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

မေး – မန်စီးတီးကို ဘာလို့ ပြောင်းလာတာလဲ။

ဖြေ – မိုနာကိုမှာ အောင်မြင်မှုတွေရခဲ့ပြီးနောက် ကွဲပြားခြားနားတဲ့စိန်ခေါ်မှုတွေကို ကျွန်တော် ကြိုးစားကြည့်ချင်လာတယ်။ မန်စီးတီးကစားနေတာကလည်း ကမ္ဘာ့အကောင်းဆုံးလိဂ်တစ်ခုဖြစ်တဲ့ပရီးမီးယား လိဂ်မှာ၊ ပြီးတော့ နည်းပြဂွါဒီယိုလာ၊ ကစားသမားကောင်းတွေနဲ့ ဆုံတွေ့ရမယ်။ သူတို့ဆီကနေ နေ့စဉ်သင်ယူခွင့်ရနေမယ်ဆိုတဲ့အချက်တွေဟာ ကျွန်တော့်ကို ဆွဲဆောင်ခဲ့ပါတယ်။

မေး – ဂွါဒီယိုလာနဲ့ မိုနာကိုနည်းပြ ယာဒင်း Jardim တို့ကြား ဘာတွေကွာခြားလဲ။

ဖြေ – နည်းပြတိုင်းက မတူညီကွဲပြားပါတယ်။ ယာဒင်းကလည်း နည်းပြကောင်းတစ်ဦးဖြစ်ပြီး ကျွန်တော့်ကို ပိုပြီးတိုးတက်အောင် ကူညီပေးခဲ့သူပါ။ ဒီအတွက်သူ့ကိုအရမ်းကျေးဇူးတင်ပြီး သူဟာ လူငယ်ကစားသမားတွေကိုဖွံ့ဖြိုးတိုးတက်အောင်ကူညီပေးတတ်ပါတယ်။ မိုနာကိုမှာ ရှိခဲ့တဲ့သုံးနှစ်တာကာလ အတွင်း ကျွန်တော့်အတွက်သူလုပ်ပေးခဲ့တာတွေ အားလုံးကို ကျွန်တော်အမှတ်ရနေပါမယ်။

မေး – မိုနာကိုက မနှစ်ကပြင်သစ်လီဂူးချန်ပီယံဖြစ်ခဲ့တယ်။ သွင်းဂိုး (၁၀၇)ဂိုးနဲ့ စံချိန်တင်ခဲ့တယ်။ မိုနာကိုရဲ့ လျှို့ဝှက်ချက်ကို ပြောပြပါဦး။

ဖြေ – စိတ်ပိုင်းဆိုင်ရာခံယူချက်ပါပဲ။ နိုင်ပွဲတစ်ပွဲရသွားပြီဆိုရင် နောက်ထပ်နိုင်ပွဲတွေကို ရယူလိုစိတ်၊ ဆာလောင်စိတ်ဟာပြင်းပြလာပါလိမ့်မယ်။ ကျွန်တော်တို့အသင်း ချန်ပီယံဖြစ်မယ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိရောက်မယ်လို့ ဘယ်သူမှမထင်ထားပါဘူး။ ဒါပေမဲ့ လူငယ်အများစုနဲ့ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့အသင်းက အောင်ပွဲတွေကိုဆာလောင်စိတ်ပြင်းပြခဲ့လို့ အောင်မြင်ခဲ့တာပါပဲ။

မေး – အင်္ဂလန်မှာ နေရတာရော အဆင်ပြေရဲ့လား။

ဖြေ – အေးဆေးပါပဲ။ အသင်းဖော်တွေနဲ့မန်စီးတီးအသင်းဝန်ထမ်းတွေက ကျွန်တော့်ကို နွေးထွေးစွာကြိုဆိုခဲ့ ပါတယ်။ အခက်အခဲနည်းနည်းရှိခဲ့ပေမယ့် အခုဆိုတဖြည်းဖြည်းနဲ့ သက်သောင့်သက်သာပိုရှိလာပါပြီ။ မန်စီးတီးကို တတ်စွမ်းသမျှကူညီပြီး ဆုဖလားတွေရယူပေးချင်ပါတယ်။

မေး – ဒေးဗစ်ဆေးလ်ဗား David Silva က အသက် (၃၃)နှစ်ပြည့်တော့မယ်။ သူနဲ့ ခင်ဗျားကဘယ်သန်ချင်း၊ ကစားပုံချင်း၊ အရပ်အမောင်းချင်းတူညီနေတယ်။ သူ့နေရာကို အစားဝင်မယ့်သူဖြစ်လာမလား။

ဖြေ – ကျွန်တော်မျှော်လင့်ထားပါတယ်။ သူက ကမ္ဘာပေါ်မှာအကောင်းဆုံးကွင်းလယ်လူတစ်ဦးပါပဲ။ တစ်နေ့မှာသူ့လိုအဆင့်အတန်းမျိုး ကျွန်တော်ရချင်ပါတယ်။ သူက မန်စီးတီးအတွက် အရေးပါတဲ့ကစားသမား တစ်ဦး၊ ကျွန်တော်အစောပိုင်းမှာပြောခဲ့သလိုပါပဲ။ မန်စီးတီကကစားသမားကောင်းတွေနဲ့ အတူလက်တွဲလေ့ကျင့်ခွင့်ရတာကျေနပ်စရာကောင်းပါတယ်။

မေး – ခံစစ်ရော၊ တိုက်စစ်ပါကစားခိုင်းတာ အဆင်ပြေရဲ့လား။

ဖြေ – ဘောလုံးလောကမှာ မျိုးဆက်အပြောင်းအလဲဖြစ်နေပြီး ကစားဟန်အသစ်ကို မြင်နေရပါပြီ။ ကစားသမားတိုင်းဟာ ခံစစ်ရော၊ တိုက်စစ်ပါကစားနိုင်ရပါမယ်။ ဘောလုံးဆုံးရှုံးသွားပြီဆိုရင် ကစားသမားတိုင်းဟာ တတ်နိုင်သမျှအမြန်ဆုံး တားဆီးရပါမယ်။ ဘောလုံးရလာပြီဆိုရင် ထိန်းသိမ်းထားပြီး ဂိုးသွင်းနိုင်ဖို့အထိ ဆောင်ရွက်ဖို့ ဂွါဒီယိုလာက မှာထားပါတယ်။ အသေးစိတ်ကအစ စီမံကိန်းချပြီးဆောင်ရွက်  လေ့ရှိပါတယ်။ ဘောလုံးရနေချိန်၊ ဘောလုံးဆုံးရှုံးနေချိန်၊ ဖရီးကစ်၊ ထောင့်ကန်ဘောနဲ့ အခြေအနေမျိုးစုံမှာ အကောင်းဆုံးတုံ့ပြန်နိုုင်ဖို့ မှာထားပါတယ်။ ဒါဟာ ဂွါဒီယိုလာရဲ့ အကြီးမားဆုံးအားသာချက်ပါပဲ။

မေး – မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ဘယ်လိုမြင်လဲ။

ဖြေ – သူတို့က တောင့်တင်းတဲ့အသင်းတစ်သင်း၊ အကောင်းဆုံးရာသီကို ဖြတ်သန်းနေတယ်။ နည်းပြမော်ရင်ဟို Mourinho နဲ့အတူ ဒုတိယရာသီကို သူတို့ဖြတ်သန်းနေပြီး တိုးတက်လာပါတယ်။ မော်ရင်ဟိုက သူ့အသင်းကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းဖြစ်အောင် တည်ဆောက်ထားတယ်။ ခံစစ်ကောင်းမွန်ပြီး အနိုင်ရဖို့အတွက် အမြဲလိုလိုကြိုးပမ်းနေတဲ့အသင်းပါပဲ။

မေး – မန်ချက်စတာနှစ်သင်းရဲ့ ကစားပုံစတိုင်ဟာ ဘယ်လိုကွဲပြားနေလဲ။

ဖြေ – နှစ်သင်းစလုံးက ခံစစ်ကစားပုံကောင်းမွန်တယ်။ မန်ချက်စတယူနိုက်တက်က တန်ပြန်တိုက်စစ်တွေနဲ့ ပွဲကိုထိန်းချုပ်ဖို့ ကြိုးစားလေ့ရှိတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့အသင်းတစ်သင်း  ဖြစ်ပြီး ကျွန်တော်တို့ကတော့ ဘောလုံးပိုင်ဆိုင်ခွင့်ရအောင်ယူပြီး ပွဲကိုထိန်းချုပ်မယ်။ ပြိုင်ဘက်ကို ဘောလုံးမပေးဘူး။ ပြီးရင် ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ပါတယ်။ နှစ်သင်းစလုံးကစားပုံမတူညီပေမယ့် ဒီရာသီမှာအောင်မြင်နေပါတယ်။

မေး – ချန်ပီယံလိဂ်မှာ မန်စီးတီး ဗိုလ်စွဲနိုင်မလား။

ဖြေ – ရှုံးထွက်ပြိုင်ပွဲတွေဟာ ခန့်မှန်းရခက်ပြီး မမြင်ရတဲ့ဖြစ်ရပ်တွေလည်း ဝင်လာလေ့ရှိပါတယ်။ အမြဲတမ်း အာရုံစူးစိုက်ထားဖို့ လိုအပ်ပါတယ်။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ရီးယဲလ်၊ ဂျူဗင်တပ်စ်၊ PSG တို့လိုအသင်းတွေရှိနေတဲ့ပြိုင်ပွဲမျိုးမှာ ဗိုလ်စွဲဖို့ဆိုတာ ကံတရားရဲ့ဖေးမမှုလည်းရှိရပါမယ်။

မေး – ချန်ပီယံလိဂ်ထက် ကမ္ဘာ့ဖလားကို ပိုပြီးအာရုံရောက်နေမလား။

ဖြေ – ပြိုင်ပွဲနှစ်ခုစလုံးက အရေးကြီးပါတယ်။ ချန်ပီယံလိဂ်ဆိုတာကလပ်အသင်းလောကမှာ အရေးကြီးဆုံးပြိုင်ပွဲပါပဲ။ ကမ္ဘာ့ဖလားဆိုတာကလည်း အဆင့်မြင့်ဆုံးနိုင်ငံတကာပြိုင်ပွဲကြီးပါပဲ။ ပြိုင်ပွဲတစ်ခုခုမှာ ဗိုလ်စွဲရင် သိပ်ကောင်းတာပေါ့။ ဒါပေမဲ့ မလွယ်ကူနိုင်ပါဘူး။ ကမ္ဘာ့ဖလားဟာ လေးနှစ်တစ်ကြိမ်မှ ကျင်းပတာဖြစ်လို့ ပြိုင်ပွဲအကြောင်းပြောရတာ အရမ်းမိုက်ပါတယ်။ ဒဏ်ရာပြဿနာမရှိပါစေနဲ့လို့ ကျွန်တော်ဆုဆောင်းနေပြီး ပေါ်တူဂီအသင်းအောင်မြင်မယ်လို့လည်း ထင်မိတယ်။

မေး – ယူရို-၂၀၁၆ ပြိုင်ပွဲနဲ့ လွဲခဲ့တော့ ဘယ်လိုခံစားရလဲ။

ဖြေ – အရမ်းခက်ခဲခဲ့တဲ့အချိန်တွေပါ။ အသင်းကိုမကူညီနိုင်ခဲ့လို့ စိတ်ပျက်မိတယ်။ ဒါပေမဲ့ ပေါ်တူဂီအသင်းက ချန်ပီယံအဖြစ်အောင်ပွဲခံခဲ့လို့ နိုင်ငံအတွက် ဂုဏ်ယူမိပေမယ့် ကျွန်တော်မပါနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ရတယ်။

မေး – ပြီးခဲ့တဲ့ကွန်ဖက်ဒရေးရှင်းဖလားဟာ ခင်ဗျားအတွက် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲဖြစ်ခဲ့တယ်၊ ပေါ်တူဂီက ဆီမီးဖိုင်နယ်တက်နိုင်ခဲ့တယ်။ ဘယ်လိုလဲ အတွေ့အကြုံလေးတွေပြောပါဦး။

ဖြေ – နိုင်ငံအသင်းအတွက်ကစားရချိန်ုတိုင်း ဂုဏ်ယူမိပါတယ်။ ဆီမီးဖိုင်နယ်မှာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ ချီလီကို ကံမကောင်းဘဲအရေးနိမ့်ခဲ့ရတယ်။ ပြိုင်ပွဲကောင်းတစ်ခုဖြစ်ခဲ့သလို၊ ၂၀၁၈ ကမ္ဘာ့ဖလားအကြိုရုရှားကွင်းတွေရဲ့အနေအထားကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။

မေး – VAR ကို ဘယ်လိုမြင်လဲ။

ဖြေ – ရုပ်သံအကူဒိုင်စနစ် VAR ဟာ ကွင်းလယ်ဒိုင်တွေကို မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ရေးမှာ ကူညီပေးနပါတယ်။ လူတိုင်းက ကွင်းလယ်ဒိုင်ကိုအပြစ်ပြောလေ့ရှိတယ်။ VAR သာစနစ်တကျဖြစ်လာမယ်ဆိုရင် ပရိသတ်တွေဟာပွဲကိုပိုပြီး အာရုံစုက်နိုမယ်။ အငြင်းပွားဖွယ်ဖြစ်ရပ်တွေ လျော့ပါးသွားနိုင်ပါတယ်။

မေး – ခင်ဗျားရဲ့တက်တူးဘေးက စာသားဟာ ဘယ်လိုအဓိပ္ပာရလဲ။

ဖြေ – (၁၂)နှစ်ကြာကျင်လည်ခဲ့တဲ့ ဘင်ဖိအာအသင်းကို အမှတ်ရတဲ့အနေနဲ့ ထိုးတားတာပါ။ Out of Many One လို့ အဓိပ္ပာယ်ရပါတယ်။ ကျွန်တော်က အခုအချိန်အထိဘင်ဖီကာပရိသတ်ဖြစ်နေဆဲပါ။

မေး – ကျောင်းပြန်တက်ဖြစ်ဦးမလား

ဖြေ – ဒီနေ့အထိ ကျွန်တော်မစဉ်းစားဖူးသေးဘူး။ ဘောလုံးမှာပဲကျွန်တော့်ရဲ့ဘဝကို နစ်မြှုပ်ထားပြီးကစားသမားဘဝက အနာယူပြီးရင်လည်း နည်းပြဘဝကို ကူးပြောင်းပါမယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။