Europol ဥေရာပရဲေအဂ်င္စီ ရဲ႕ ေျပာၾကားခ်က္အရ ႏုိင္ငံတကာ “ransomware” ဆုိက္ဘာ တုိက္ခုိက္မႈဟာ ႏုိင္ငံ ၁၅၀မွာ ရွိတဲ့ အဖြဲ႕အစည္းေပါင္း တစ္သိန္းေက်ာ္ကုိ ထိခုိက္ခဲ့တယ္လုိ႔ ဆုိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ျဖစ္ပြားခဲ့တဲ့ ဆုိက္ဘာတုိက္ခုိက္မႈဟာ ႏုိင္ငံမ်ားစြာကုိ ထိခိုက္သြားတဲ့အတြက္ “သတိေပးခ်က္တစ္ခု” ျဖစ္လာခဲ့တယ္လုိ႔လည္း Microsoft ကဆုိခဲ့ပါတယ္။

ေျပာေရးဆုိခြင့္ရွိသူ Jan Op Gen Oorth က ဆိုက္ဘာတုိက္ခုိက္မႈခံရတဲ့ အေရအတြက္ ျမင့္မားလာႏုိင္တယ္လုိ႔ တနဂၤေႏြေန႔က ဆုိပါတယ္။ ဒီတုိက္ခိုက္မႈဟာ တနလၤာေန႔မွာ ျပန္လည္ ျဖစ္ပြားႏုိင္ၿပီး ေသာၾကာေန႔မွာ စတင္ခဲ့တာေၾကာင့္ အလုပ္ဖြင့္လုိ႔ ျပန္လာတဲ့လူေတြဟာ အထူးသျဖင့္ ခံရဖြယ္ရွိေၾကာင္း သံုးသပ္ခဲ့တာပါ။

တရုတ္သတင္းဌာနရဲ႕ ထုတ္ျပန္ခ်က္အရ တစ္ကမာၻလံုးတုိက္ခို္က္ခံေနရတဲ့ ransomware ဗိုင္းရပ္စ္ဟာ တရုတ္ႏုိင္ငံက တကၠသိုလ္ကြန္ယက္အေတာ္မ်ားမ်ားကိုလည္း တုိက္ခုိက္လုိက္ေၾကာင္းဆုိပါတယ္။ Beijing News က ႏုိင္ငံတဝွမ္းရွိ တကၠသိုလ္အေတာ္မ်ားမ်ားက ေက်ာင္းသားေတြဟာ ဗိုင္းရပ္စ္တုိက္ခုိက္မႈကုိခံလုိက္ရတယ္လုိ႔ ဆုိပါတယ္။

ဒီလုိတုိက္ခိုက္ခံလုိက္ရတဲ့အျပင္ Pop-up window ထဲဝင္ဖုိ႔၊ ဖုိင္ေတြ ထုတ္ျပေစဖုိ႔အတြက္ ေဒၚလာ ၃၀၀ ေလာက္ေတာင္းခဲ့ေၾကာင္းလဲ သိရပါတယ္။

ေသာၾကာေန႔က ျဖစ္ပြားခဲ့တဲ့ တုိက္ခုိက္မႈဟာ အႀကီးမားဆံုး အြန္လုိင္းအၾကမ္းဖက္ခံရမႈအျဖစ္ စံခ်ိန္တင္ခဲ့ၿပီး စက္ရုံအလုပ္ရုံမ်ား၊ ဘဏ္မ်ား၊ အစိုးရေအဂ်င္စီမ်ားနဲ႔ သယ္ယူပုိ႔ေဆာင္ေရး စနစ္ေတြက ကြန္ပ်ဴတာေတြအေတာ္မ်ားမ်ား ထိခုိက္သြားခဲ့တာပါ။ ဒီတုိက္ခုိက္မႈဟာ ၿဗိတိသွ်က်န္းမာေရးစနစ္ႀကီးကုိလည္း ထိခ်က္နာေစခဲ့ၿပီး က်န္းမာေရးေစာင့္ေရွာက္မႈ အဖြဲ႔ေတြရဲ႕ ၂၀ရာခုိင္ႏႈန္းမွာ ထိခုိက္ခဲ့တာေၾကာင့္ လူေထာင္ေပါင္းမ်ားစြာရဲ႕ ေဆးဝါးကုသမႈေတြကုိ ဖ်က္သိမ္းလုိက္ရပါတယ္။

ဒီအႀကီးမားဆံုး တုိက္ခုိက္မႈကုိ Microsoft က အႀကီးမားဆံုးတိုက္ခုိက္မႈအျဖစ္ ရည္ညႊန္းခဲ့ၿပီး Windows ေတြမွာလည္း ျဖစ္ပြားခဲ့တယ္လုိ႔ ဆုိခဲ့ပါတယ္။

Joker (Akhayar)

Ref: Time, BBC, The Guardian

=================

[Unicode]

ကမာၻ႔ႏုိင္ငံ ၁၅၀ကုိ ထိခုိက္ခဲ့တဲ့ ransomware တုိက္ခုိက္မႈ

Europol ဥရောပရဲအေဂျင်စီ ရဲ့ ပြောကြားချက်အရ နိုင်ငံတကာ “ransomware” ဆိုက်ဘာ တိုက်ခိုက်မှုဟာ နိုင်ငံ ၁၅၀မှာ ရှိတဲ့ အဖွဲ့အစည်းပေါင်း တစ်သိန်းကျော်ကို ထိခိုက်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုဟာ နိုင်ငံများစွာကို ထိခိုက်သွားတဲ့အတွက် “သတိပေးချက်တစ်ခု” ဖြစ်လာခဲ့တယ်လို့လည်း Microsoft ကဆိုခဲ့ပါတယ်။

ပြောရေးဆိုခွင့်ရှိသူ Jan Op Gen Oorth က ဆိုက်ဘာတိုက်ခိုက်မှုခံရတဲ့ အရေအတွက် မြင့်မားလာနိုင်တယ်လို့ တနင်္ဂနွေနေ့က ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ တနင်္လာနေ့မှာ ပြန်လည် ဖြစ်ပွားနိုင်ပြီး သောကြာနေ့မှာ စတင်ခဲ့တာကြောင့် အလုပ်ဖွင့်လို့ ပြန်လာတဲ့လူတွေဟာ အထူးသဖြင့် ခံရဖွယ်ရှိကြောင်း သုံးသပ်ခဲ့တာပါ။

တရုတ်သတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးတိုက်ခိုက်ခံနေရတဲ့ ransomware ဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံက တက္ကသိုလ်ကွန်ယက်အတော်များများကိုလည်း တိုက်ခိုက်လိုက်ကြောင်းဆိုပါတယ်။ Beijing News က နိုင်ငံတဝှမ်းရှိ တက္ကသိုလ်အတော်များများက ကျောင်းသားတွေဟာ ဗိုင်းရပ်စ်တိုက်ခိုက်မှုကိုခံလိုက်ရတယ်လို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်ခံလိုက်ရတဲ့အပြင် Pop-up window ထဲဝင်ဖို့၊ ဖိုင်တွေ ထုတ်ပြစေဖို့အတွက် ဒေါ်လာ ၃၀၀ လောက်တောင်းခဲ့ကြောင်းလဲ သိရပါတယ်။

သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ အကြီးမားဆုံး အွန်လိုင်းအကြမ်းဖက်ခံရမှုအဖြစ် စံချိန်တင်ခဲ့ပြီး စက်ရုံအလုပ်ရုံများ၊ ဘဏ်များ၊ အစိုးရအေဂျင်စီများနဲ့ သယ်ယူပို့ဆောင်ရေး စနစ်တွေက ကွန်ပျူတာတွေအတော်များများ ထိခိုက်သွားခဲ့တာပါ။ ဒီတိုက်ခိုက်မှုဟာ ဗြိတိသျှကျန်းမာရေးစနစ်ကြီးကိုလည်း ထိချက်နာစေခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့တွေရဲ့ ၂၀ရာခိုင်နှုန်းမှာ ထိခိုက်ခဲ့တာကြောင့် လူထောင်ပေါင်းများစွာရဲ့ ဆေးဝါးကုသမှုတွေကို ဖျက်သိမ်းလိုက်ရပါတယ်။

ဒီအကြီးမားဆုံး တိုက်ခိုက်မှုကို Microsoft က အကြီးမားဆုံးတိုက်ခိုက်မှုအဖြစ် ရည်ညွှန်းခဲ့ပြီး Windows တွေမှာလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

Ref: Time, BBC, The Guardian