[Zawgyi]

အာဂ်င္တီးနားကို ဘရာဇီးလ္ အႏိုင္ရခဲ႔ျပီး ဘယ္လ္ဂ်ီယံနဲ႔ နယ္သာလန္တို႔ သေရက်ခဲ႔ၾကတဲ႔ ေျခစမ္းပြဲစဥ္မ်ား

ဒီတစ္ပတ္မွာ ကစားခဲ႔တဲ႔ ႏိုင္ငံတကာေျခစမ္းပြဲစဥ္ေတြမွာေတာ႔ ပြဲေကာင္းေတြနဲ႔ အသင္းၾကီးအခ်င္းခ်င္း ထိပ္တိုက္ေတြ႕ဆံုခဲ႔တဲ႔ ပြဲေတြပါ၀င္ခဲ႔ပါတယ္။ ေတာင္အေမရိကရဲ႕ ဒါဘီလို႔ တင္စားရမယ္႔ အာဂ်င္တီးနားနဲ႔ ဘရာဇီးလ္ပြဲမွာေတာ႔ ဘရာဇီးလ္က ( ၀ – ၁ )နဲ႔ အႏိုင္ရရိွခဲ႔ျပီး ဥေရာပရဲ႕ နာမည္ေက်ာ္အသင္းႏွစ္သင္း ျဖစ္တဲ႔ ဘယ္လ္ဂ်ီယံနဲ႔ နယ္သာလန္တို႔ပြဲကေတာ႔ တစ္ဖက္(၁)ဂိုးစီနဲ႔ သေရရလဒ္ထြက္ေပၚခဲ႔ပါတယ္။

အာဂ်င္တီးနား ၀ – ၁ ဘရာဇီးလ္

ဒီပြဲစဥ္မွာေတာ႔ အာဂ်င္တီးနားအသင္းရဲ႕ ပြဲထြက္လူစာရင္းဟာ အားရစရာသိပ္မရိွခဲ႔ဘဲ ဘရာဇီးလ္အသင္းကေတာ႔ အင္ျပည္႔အားျပည္႔နဲ႔ ပြဲထြက္လာခဲ႔ပါတယ္။ အာဂ်င္တီးနားအသင္းကို အီကာဒီ Icardi ၊ ဒီဘားလား Dybala တို႔ကဦးေဆာင္လာခဲ႔ျပီး ဘရာဇီးလ္အသင္းကိုေတာ႔ ေနမာ Neymar ၊ ေဖမီႏို Firmino ၊ ေဂ်းဆု Jesus နဲ႔ ေကာ္တင္ဟို Coutinho တို႔ကဦးေဆာင္လာခဲ႔ပါတယ္။ အျပန္အလွန္ထိုးေဖာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ႔ၾကေပမယ္႔ ဘရာဇီးလ္အသင္းက အာဂ်င္တီးနားအသင္းကို အသာစီးနဲ႔ ကစားႏိုင္ခဲ႔ပါတယ္။ ဘရာဇီးလ္အသင္းရဲ႕ ထိုးေဖာက္ကန္သြင္းမႈေတြကိုလည္း အာဂ်င္တီးနားဂိုးသမား ႐ိုမဲ႐ိုး Romero လက္စြမ္းျပကာကြယ္ႏိုင္ခဲ႔ပါတယ္။ ဘရာဇီးလ္အသင္းအတြက္ အဖိုးတန္အႏိုင္ဂိုးကိုေတာ႔ ပြဲခ်ိန္(၉၃)မိနစ္မွာ ေနမာရဲ႕ ေထာင္ကန္ေဘာ ကန္တင္မႈကေန မီရန္ဒါ Miranda ကေခါင္းတိုက္သြင္းယူခဲ႔တာပါ။

Miranda-Celebreation

Miranda-Celebreation

ဘယ္လ္ဂ်ီယံ ၁ – ၁ နယ္သာလန္

ဘယ္လ္ဂ်ီယံနဲ႔ နယ္သာလန္တို႔ရဲ႕ ပြဲစဥ္ကေတာ႔ သေရနဲ႔သာျပီးဆံုးခဲ႔ပါတယ္။ ႏွစ္သင္းလံုးဟာ အဓိကကစားသမားေတြနဲ႔ အရန္ကစားသမားေတြကို ေရာစပ္ျပီးပြဲထြက္လာခဲ႔ၾကတာပါ။ နည္းျပ ေရာ္နယ္ကိုးမန္း Ronald Koeman လက္ထက္မွာ တိုးတက္မႈေတြရိွလာတဲ႔ နယ္သာလန္အသင္းဟာ ပံုစံေကာင္းရေနတဲ႔ ဘယ္လ္ဂ်ီယံ ကို သေရကစားႏိုင္ခဲ႔တာေၾကာင္႔ အရင္လိုနယ္သာလန္အသင္းကို ျပန္ေတြ႕ရဖို႔ နီးစပ္ေနျပီလို႔ ဆိုရမွာပါ။ ဘယ္လ္ဂ်ီယံအသင္းဟာ ပိုေကာင္းတဲ႔အသင္းျဖစ္ခဲ႔ေပမယ္႔ နယ္သာလန္အသင္းကလည္း အေကာင္းဆံုး တံု႔ျပန္ကစားႏိုင္ခဲ႔ပါတယ္။ ဘယ္လ္ဂ်ီယံအတြက္ ဦးေဆာင္ဂိုးကို ပြဲခ်ိန္(၅)မိနစ္မွာ မာတင္စ္ Mertens ကေကာင္းမြန္တဲ႔ ကန္ခ်က္နဲ႔သြင္းယူခဲ႔သလို နယ္သာလန္အသင္းအတြက္ ေခ်ပဂိုးကိုေတာ႔ ပြဲခ်ိန္(၂၇)မိနစ္မွာ ဒီပိုင္း Depay ရဲ႕ ဖန္တီးမႈကေန ဂ႐ိုးေနဗယ္ Groeneveld ကသြင္းယူခဲ႔တာပါ။

Belgium-1-1-Netherlands

Belgium-1-1-Netherlands

ႏိုင္ငံတကာေျခစမ္းပြဲစဥ္ ရလဒ္မ်ား

Japan 4 – 3 Uruguay
South Korea 2 – 2 Panama
Cambodia 1 – 2 Singapore
Indonesia 1 – 1 Hong Kong
Laos 1 – 4 Mongolia
China 2 – 0 Syria
Malaysia 0 – 1 Kyrgyzstan
Uzbekistan 2 – 0 Qatar
U.A.E. 0 – 2 Venezuela
Oman0 – 0 Ecuador
Iran 2 – 1 Bolivia
Bahrain 4 – 1 Myanmar
Denmark 2 – 0 Austria
Sweden 1 – 1 Slovakia
Colombia 3 – 1 Costa Rica
USA 1 – 1 Peru
Mexico 0 – 1 Chile

Photo: Goal.com , The Independent , Bleacher Report
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အာဂျင်တီးနားကို ဘရာဇီးလ် အနိုင်ရခဲ့ပြီး ဘယ်လ်ဂျီယံနဲ့ နယ်သာလန်တို့ သရေကျခဲ့ကြတဲ့ ခြေစမ်းပွဲစဉ်များ

ဒီတစ်ပတ်မှာ ကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ်တွေမှာတော့ ပွဲကောင်းတွေနဲ့ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပွဲတွေပါဝင်ခဲ့ပါတယ်။ တောင်အမေရိကရဲ့ ဒါဘီလို့ တင်စားရမယ့် အာဂျင်တီးနားနဲ့ ဘရာဇီးလ်ပွဲမှာတော့ ဘရာဇီးလ်က ( ၀ – ၁ )နဲ့ အနိုင်ရရှိခဲ့ပြီး ဥရောပရဲ့ နာမည်ကျော်အသင်းနှစ်သင်း ဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ နယ်သာလန်တို့ပွဲကတော့ တစ်ဖက်(၁)ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

အာဂျင်တီးနား ၀ – ၁ ဘရာဇီးလ်

ဒီပွဲစဉ်မှာတော့ အာဂျင်တီးနားအသင်းရဲ့ ပွဲထွက်လူစာရင်းဟာ အားရစရာသိပ်မရှိခဲ့ဘဲ ဘရာဇီးလ်အသင်းကတော့ အင်ပြည့်အားပြည့်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ အာဂျင်တီးနားအသင်းကို အီကာဒီ Icardi ၊ ဒီဘားလား Dybala တို့ကဦးဆောင်လာခဲ့ပြီး ဘရာဇီးလ်အသင်းကိုတော့ နေမာ Neymar ၊ ဖေမီနို Firmino ၊ ဂျေးဆု Jesus နဲ့ ကော်တင်ဟို Coutinho တို့ကဦးဆောင်လာခဲ့ပါတယ်။ အပြန်အလှန်ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပေမယ့် ဘရာဇီးလ်အသင်းက အာဂျင်တီးနားအသင်းကို အသာစီးနဲ့ ကစားနိုင်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းရဲ့ ထိုးဖောက်ကန်သွင်းမှုတွေကိုလည်း အာဂျင်တီးနားဂိုးသမား ရိုမဲရိုး Romero လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ ပွဲချိန်(၉၃)မိနစ်မှာ နေမာရဲ့ ထောင်ကန်ဘော ကန်တင်မှုကနေ မီရန်ဒါ Miranda ကခေါင်းတိုက်သွင်းယူခဲ့တာပါ။

Miranda-Celebreation

Miranda-Celebreation

ဘယ်လ်ဂျီယံ ၁ – ၁ နယ်သာလန်

ဘယ်လ်ဂျီယံနဲ့ နယ်သာလန်တို့ရဲ့ ပွဲစဉ်ကတော့ သရေနဲ့သာပြီးဆုံးခဲ့ပါတယ်။ နှစ်သင်းလုံးဟာ အဓိကကစားသမားတွေနဲ့ အရန်ကစားသမားတွေကို ရောစပ်ပြီးပွဲထွက်လာခဲ့ကြတာပါ။ နည်းပြ ရော်နယ်ကိုးမန်း Ronald Koeman လက်ထက်မှာ တိုးတက်မှုတွေရှိလာတဲ့ နယ်သာလန်အသင်းဟာ ပုံစံကောင်းရနေတဲ့ ဘယ်လ်ဂျီယံ ကို သရေကစားနိုင်ခဲ့တာကြောင့် အရင်လိုနယ်သာလန်အသင်းကို ပြန်တွေ့ရဖို့ နီးစပ်နေပြီလို့ ဆိုရမှာပါ။ ဘယ်လ်ဂျီယံအသင်းဟာ ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပေမယ့် နယ်သာလန်အသင်းကလည်း အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံအတွက် ဦးဆောင်ဂိုးကို ပွဲချိန်(၅)မိနစ်မှာ မာတင်စ် Mertens ကကောင်းမွန်တဲ့ ကန်ချက်နဲ့သွင်းယူခဲ့သလို နယ်သာလန်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန်(၂၇)မိနစ်မှာ ဒီပိုင်း Depay ရဲ့ ဖန်တီးမှုကနေ ဂရိုးနေဗယ် Groeneveld ကသွင်းယူခဲ့တာပါ။

Belgium-1-1-Netherlands

Belgium-1-1-Netherlands

နိုင်ငံတကာခြေစမ်းပွဲစဉ် ရလဒ်များ

Japan 4 – 3 Uruguay
South Korea 2 – 2 Panama
Cambodia 1 – 2 Singapore
Indonesia 1 – 1 Hong Kong
Laos 1 – 4 Mongolia
China 2 – 0 Syria
Malaysia 0 – 1 Kyrgyzstan
Uzbekistan 2 – 0 Qatar
U.A.E. 0 – 2 Venezuela
Oman0 – 0 Ecuador
Iran 2 – 1 Bolivia
Bahrain 4 – 1 Myanmar
Denmark 2 – 0 Austria
Sweden 1 – 1 Slovakia
Colombia 3 – 1 Costa Rica
USA 1 – 1 Peru
Mexico 0 – 1 Chile

Photo: Goal.com , The Independent , Bleacher Report
Ko Kyue(Akhayar)
www.akhayar.com