[Zawgyi]

Together Festival Yangon 2018 ရဲ့ International DJ Lineup ေတြအေၾကာင္း တေစ့တေစာင္း

ႏွစ္တုိင္း ျမန္မာႏိုင္ငံက Raver ေတြ အၾကီးအက်ယ္ဝုန္းၾက၊ ဆင္ႏႊဲလာၾကတဲ့ Together Festival ၾကီးကေတာ့ (၄) ႏွစ္ေျမာက္အေနနဲ႔ မနက္ျဖန္ ေမလ (၅) ရက္၊ စေနေန႔မွာ Thuwunnabhumi Event Park ၾကီးကို ေရာက္ရွိလို႔ လာျပန္ပါျပီ။

ဒီတစ္ခါမွာေတာ့ ကမာၻ႔အေကာင္းဆံုး DJ ( ၂ ၾကိမ္) ရရွိထားတဲ့ Hardwell ၾကီးနဲ႔အတူ တျခား ကမာၻေက်ာ္ DJ ေတြ ျဖစ္တဲ့ 4B, Brohug ၊ G.T.A , Matisse & Sadko တို႔ေတြတင္မက Local DJ ေတြအေနနဲ႔လည္း Aladin ၊ Double U ၊ OUJ တို႔က လာေရာက္ပါဝင္ေဖ်ာ္ေျဖမယ္လို႔ ဆုိပါတယ္။ ဒါေၾကာင့္ ဒီလူေတြရဲ့ အေၾကာင္းကို သြားမကဲခင္ ေႏႊးရေအာင္ ေဖာ္ျပလိုက္ပါတယ္။

Hardwell

Hardwell

Hardwell အေၾကာင္းကေတာ့ ထူးျပီး ေျပာဖို႔ မလို သိျပီးသားျဖစ္မွာပါ။ Hardwell ရဲ့ နာမည္ရင္းက Robbert van de Corput ျဖစ္ျပီး အသက္ (၃၀) ရွိျပီျဖစ္ပါတယ္။ Hardwell ရဲ့ စတိုင္ေတြကေတာ့ Electro House ၊ Progressive House Music၊ Big Room House ၊ Dutch House စတုိင္စံုပါတယ္။ DJ Mag မဂၢဇင္းရဲ့ World No. (1) DJ ကို ၂၀၁၃ ခုႏွစ္နဲ႔ ၂၀၁၄ ခုႏွစ္မွာ ႏွစ္ၾကိမ္ဆက္တုိက္ရရွိခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္မွာေတာ့ World Top Ten DJ 100 မွာ သူ႔အေနနဲ႔ နံပါတ္ (၄) ေနရာက ရပ္တည္ေနခဲ့ပါတယ္။

Hardwell ကို Ultra Music Festival ၊ Sunburn နဲ႔ Tomorrowland Festival တို႔မွာ ဖြင့္တဲ့ ပံုစံေတြေၾကာင့္ လူသိမ်ားခဲ့တာ ျဖစ္ပါတယ္။ ရန္ကုန္မွာလည္း 808 Festival မွာ ေဖ်ာ္ေျဖဖူးျပီး စင္ေအာက္မွာ ရန္ျဖစ္တာကို လွမ္းတားတဲ့ အျဖစ္အပ်က္ေလးကိုေတာ့ အမွတ္ထင္ထင္ရွိၾကမွာပါ။ လက္ရွိလႈပ္ရွားမႈအေနနဲ႔လည္း Steve Aoki feat.Kris Kiss တို႔နဲ႔ Anthem ဆိုတဲ့ Track အလန္းစားၾကီးတစ္ပုဒ္ကို ဧျပီ ၁၃ ရက္ေန႔က တင္ထားပါတယ္။ Together Festival မွာ Hardwell တစ္ေယာက္ ဘယ္လိုျဖဳတ္မယ္ဆိုတာေတာ့ ရင္ခုန္စရာပါ။

4B

4B

4B ကေတာ့ အေမရိကန္လူမ်ိဳး DJ တစ္ေယာက္ျဖစ္ျပီး ဆရာၾကီးေတြျဖစ္တဲ့ Skrillex ၊ Diplo ၊ Tiesto နဲ႔ DJ Snake တို႔႔ရဲဲ့ အားေပးမႈေတြ ရရွိခဲ့သူလည္း ျဖစ္ပါတယ္။ 4B ရဲ့ Trademark ျဖစ္တဲ့ “Pop Dat” Track ဟာ ၂၀၁၅ ခုႏွစ္မွာ ထြက္ရွိျပီးတည္းက ၂၀၁၆ ခုႏွစ္ရဲ့ အဖြင့္ရဆံုး Trap Song ေတြထဲက တစ္ပုဒ္ျဖစ္လာခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္တြင္းမွာလည္း ပြဲၾကီးေတြျဖစ္တဲ့ Hard Summer ၊ Coachella နဲ႔ ULTRA Miami တို႔မွာ ဖြင့္ခဲဲ့ရျပီး အခု Together Festival ႔Yangon မွာလည္း သူ႔ရဲ့ ေဖ်ာ္ေျဖမႈက ဘယ္လိုဆိုတာ ရင္ခုန္စရာ ေတြ႔ရမွာပါ။

Brohug

Brohug

Brohug ကေတာ့ ဆြီဒင္လူမ်ိဳး DJ နဲ႔ Music Producer သံုးေယာက္အဖြဲ႔ျဖစ္ျပီး Christopher Lunde ၊ Niklas Lunde နဲ႔ John Dahlback တို႔ျဖစ္ကာ သူတို႔အားသန္တဲ့ Music Style ေတြကေတာ့ Bass House၊ Brohouse ၊ Future House ေတြ ဖြင့္ေလ့ရွိပါတယ္။ သူတို႔ရဲ့ ပြဲဦးထြက္ Single “In the Morning” ကိုေတာ့ ဇူလိုင္ ၂၀၁၆ မွာ ထြက္ရွိခဲ့ျပီး ၂၀၁၈ ဘယ္လ္ဂ်ီယံမွာလုပ္မယ့္ Tomorrowland ရဲ့ Lineup မွာလည္း သူတို႔ပါပါတယ္။ ကဲ! ဒီေတာ့ Together Festival Yangon 2018 မွာလည္း ဘယ္လိုေတြ လန္းမလဲ ဆက္လက္ေစာင့္ၾကည့္လုိက္ရေအာင္ဗ်ာ။

G.T.A

GTA

Good Time Ahead လို႔ နာမည္အရွည္ရွိတဲ့ GTA ဟာ Miami က DJ ႏွစ္ေယာက္တြဲျဖစ္ျပီး House ၊ Electro House ၊ Trap နဲ႔ Hip Hop ေတြ ဖြင့္တတ္ပါတယ္။ အဖြဲ႔ဝင္ႏွစ္ေယာက္ျဖစ္တဲ့ Julio Mejia နဲ႔ Matt Toth တို႔ရဲ့ GTA ဟာ DJ Ladiback Luke ရဲ့ အားေပးမႈနဲ႔ သီခ်င္းေတြ ဖန္တီးျပီးတဲ့အခါ နာမည္ၾကီး Diplo ရဲ့ စိတ္ဝင္စားမႈကို ရရွိခဲ့ပါတယ္။ ဒီဘဲေတြဟာ Rihanna ရဲ့ ၂၀၁၃ Diamonds World Tour မွာလိုက္ပါဖူးသလို Calvin Harris & Tiesto တို႔ရဲ့ Greater Than World Tour ေတြမွာလည္း ေဖ်ာ္ေျဖဖူးပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ ႏွစ္ေယာက္တြဲလည္း အလုပ္လုပ္သလို တစ္ေယာက္ခ်င္းစီလည္း JWLS နဲ႔ Van Toth ဆိုျပီး တစ္ေယာက္ခ်င္းလည္း ဂီတေတြ ဖန္တီးၾကတာ ရွိပါတယ္။ သူတို႔ ထြက္ထားတဲ့ Vince Staples နဲ႔ တြဲလုပ္ထားတဲ့ Little Bit of This ဆိုတဲ့ သီခ်င္းဟာ အရမ္းမိုက္တာမို႔ ရန္ကုန္မွာေရာ ဘယ္လို အေကာင္းဆံုးေဖ်ာ္ေျဖမွာလဲ ၾကည့္ရမွာပါ။

Matisse & Sadko

MARTIN GARRIX AND MATISSE & SADKO

ဒီဘဲေတြကေတာ့ ရွရွားေတြျဖစ္ျပီး Progressive House ၊ Big Room House စတိုင္ေတြ တီးတတ္သူေတြပါ။ သူတို႔ကို DJ Martin Garrix နဲ႔ တြဲလုပ္တဲ့ Tracks ေတြ ျဖစ္တဲ့ Dragon ၊ Forever ၊ Break Through The Silence နဲ႔  Together တို႔ေၾကာင့္ သိၾကတာမ်ားျပီး အေကာင္းျမင္မွတ္ခ်က္ေတြလည္း ရခဲ့ဖူးသူပါ။  YouTube မွာ သူတို႔ရဲ့ ဖန္တီးမႈေတြကို ၾကိဳက္ႏွစ္သက္ျပီး သူတို႔နဲ႔  လုိက္ေမ်ာခ်င္တယ္ဆိုရင္ေတာ့ မနက္ျဖန္ Together Festival ကို အေရာက္သြားဖို႔ေတာ့ လိုတယ္ေနာ္။

Let’s Rave together!!!

Yoe Lu (Akhayar)

www.akhayar.com

[Unicode]

Together Festival Yangon 2018 ရဲ့ International DJ Lineup တွေအကြောင်း တစေ့တစောင်း

နှစ်တိုင်း မြန်မာနိုင်ငံက Raver တွေ အကြီးအကျယ်ဝုန်းကြ၊ ဆင်နွှဲလာကြတဲ့ Together Festival ကြီးကတော့ (၄) နှစ်မြောက်အနေနဲ့ မနက်ဖြန် မေလ (၅) ရက်၊ စနေနေ့မှာ Thuwunnabhumi Event Park ကြီးကို ရောက်ရှိလို့ လာပြန်ပါပြီ။

ဒီတစ်ခါမှာတော့ ကမ္ဘာ့အကောင်းဆုံး DJ ( ၂ ကြိမ်) ရရှိထားတဲ့ Hardwell ကြီးနဲ့အတူ တခြား ကမ္ဘာကျော် DJ တွေ ဖြစ်တဲ့ 4B, Brohug ၊ G.T.A , Matisse & Sadko တို့တွေတင်မက Local DJ တွေအနေနဲ့လည်း Aladin ၊ Double U ၊ OUJ တို့က လာရောက်ပါဝင်ဖျော်ဖြေမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလူတွေရဲ့ အကြောင်းကို သွားမကဲခင် နွှေးရအောင် ဖော်ပြလိုက်ပါတယ်။

Hardwell

Hardwell

Hardwell အကြောင်းကတော့ ထူးပြီး ပြောဖို့ မလို သိပြီးသားဖြစ်မှာပါ။ Hardwell ရဲ့ နာမည်ရင်းက Robbert van de Corput ဖြစ်ပြီး အသက် (၃၀) ရှိပြီဖြစ်ပါတယ်။ Hardwell ရဲ့ စတိုင်တွေကတော့ Electro House ၊ Progressive House Music၊ Big Room House ၊ Dutch House စတိုင်စုံပါတယ်။ DJ Mag မဂ္ဂဇင်းရဲ့ World No. (1) DJ ကို ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်မှာ နှစ်ကြိမ်ဆက်တိုက်ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ World Top Ten DJ 100 မှာ သူ့အနေနဲ့ နံပါတ် (၄) နေရာက ရပ်တည်နေခဲ့ပါတယ်။

Hardwell ကို Ultra Music Festival ၊ Sunburn နဲ့ Tomorrowland Festival တို့မှာ ဖွင့်တဲ့ ပုံစံတွေကြောင့် လူသိများခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မှာလည်း 808 Festival မှာ ဖျော်ဖြေဖူးပြီး စင်အောက်မှာ ရန်ဖြစ်တာကို လှမ်းတားတဲ့ အဖြစ်အပျက်လေးကိုတော့ အမှတ်ထင်ထင်ရှိကြမှာပါ။ လက်ရှိလှုပ်ရှားမှုအနေနဲ့လည်း Steve Aoki feat.Kris Kiss တို့နဲ့ Anthem ဆိုတဲ့ Track အလန်းစားကြီးတစ်ပုဒ်ကို ဧပြီ ၁၃ ရက်နေ့က တင်ထားပါတယ်။ Together Festival မှာ Hardwell တစ်ယောက် ဘယ်လိုဖြုတ်မယ်ဆိုတာတော့ ရင်ခုန်စရာပါ။

4B

4B

4B ကတော့ အမေရိကန်လူမျိုး DJ တစ်ယောက်ဖြစ်ပြီး ဆရာကြီးတွေဖြစ်တဲ့ Skrillex ၊ Diplo ၊ Tiesto နဲ့ DJ Snake တို့ရဲ့ အားပေးမှုတွေ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ 4B ရဲ့ Trademark ဖြစ်တဲ့ “Pop Dat” Track ဟာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိပြီးတည်းက ၂၀၁၆ ခုနှစ်ရဲ့ အဖွင့်ရဆုံး Trap Song တွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။

၂၀၁၇ ခုနှစ်တွင်းမှာလည်း ပွဲကြီးတွေဖြစ်တဲ့ Hard Summer ၊ Coachella နဲ့ ULTRA Miami တို့မှာ ဖွင့်ခဲ့ရပြီး အခု Together Festival့Yangon မှာလည်း သူ့ရဲ့ ဖျော်ဖြေမှုက ဘယ်လိုဆိုတာ ရင်ခုန်စရာ တွေ့ရမှာပါ။

Brohug

Brohug

Brohug ကတော့ ဆွီဒင်လူမျိုး DJ နဲ့ Music Producer သုံးယောက်အဖွဲ့ဖြစ်ပြီး Christopher Lunde ၊ Niklas Lunde နဲ့ John Dahlback တို့ဖြစ်ကာ သူတို့အားသန်တဲ့ Music Style တွေကတော့ Bass House၊ Brohouse ၊ Future House တွေ ဖွင့်လေ့ရှိပါတယ်။ သူတို့ရဲ့ ပွဲဦးထွက် Single “In the Morning” ကိုတော့ ဇူလိုင် ၂၀၁၆ မှာ ထွက်ရှိခဲ့ပြီး ၂၀၁၈ ဘယ်လ်ဂျီယံမှာလုပ်မယ့် Tomorrowland ရဲ့ Lineup မှာလည်း သူတို့ပါပါတယ်။ ကဲ! ဒီတော့ Together Festival Yangon 2018 မှာလည်း ဘယ်လိုတွေ လန်းမလဲ ဆက်လက်စောင့်ကြည့်လိုက်ရအောင်ဗျာ။

G.T.A

GTA

Good Time Ahead လို့ နာမည်အရှည်ရှိတဲ့ GTA ဟာ Miami က DJ နှစ်ယောက်တွဲဖြစ်ပြီး House ၊ Electro House ၊ Trap နဲ့ Hip Hop တွေ ဖွင့်တတ်ပါတယ်။ အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Julio Mejia နဲ့ Matt Toth တို့ရဲ့ GTA ဟာ DJ Ladiback Luke ရဲ့ အားပေးမှုနဲ့ သီချင်းတွေ ဖန်တီးပြီးတဲ့အခါ နာမည်ကြီး Diplo ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ဒီဘဲတွေဟာ Rihanna ရဲ့ ၂၀၁၃ Diamonds World Tour မှာလိုက်ပါဖူးသလို Calvin Harris & Tiesto တို့ရဲ့ Greater Than World Tour တွေမှာလည်း ဖျော်ဖြေဖူးပါတယ်။

သူတို့နှစ်ယောက်ဟာ နှစ်ယောက်တွဲလည်း အလုပ်လုပ်သလို တစ်ယောက်ချင်းစီလည်း JWLS နဲ့ Van Toth ဆိုပြီး တစ်ယောက်ချင်းလည်း ဂီတတွေ ဖန်တီးကြတာ ရှိပါတယ်။ သူတို့ ထွက်ထားတဲ့ Vince Staples နဲ့ တွဲလုပ်ထားတဲ့ Little Bit of This ဆိုတဲ့ သီချင်းဟာ အရမ်းမိုက်တာမို့ ရန်ကုန်မှာရော ဘယ်လို အကောင်းဆုံးဖျော်ဖြေမှာလဲ ကြည့်ရမှာပါ။

Matisse & Sadko

MARTIN GARRIX AND MATISSE & SADKO

ဒီဘဲတွေကတော့ ရှရှားတွေဖြစ်ပြီး Progressive House ၊ Big Room House စတိုင်တွေ တီးတတ်သူတွေပါ။ သူတို့ကို DJ Martin Garrix နဲ့ တွဲလုပ်တဲ့ Tracks တွေ ဖြစ်တဲ့ Dragon ၊ Forever ၊ Break Through The Silence နဲ့  Together တို့ကြောင့် သိကြတာများပြီး အကောင်းမြင်မှတ်ချက်တွေလည်း ရခဲ့ဖူးသူပါ။  YouTube မှာ သူတို့ရဲ့ ဖန်တီးမှုတွေကို ကြိုက်နှစ်သက်ပြီး သူတို့နဲ့  လိုက်မျောချင်တယ်ဆိုရင်တော့ မနက်ဖြန် Together Festival ကို အရောက်သွားဖို့တော့ လိုတယ်နော်။

Let’s Rave together!!!

Yoe Lu (Akhayar)

www.akhayar.com