အင်တာမီလန်အသင်းကို လက်ရှိမှာနည်းပြ Spalletti က ကိုင်တွယ်နေပေမယ့် လာမယ့်နွေမှာတော့ အသင်းအနေနဲ့ နည်းပြသစ်တစ်ယောက်ကို ခန့်အပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ အင်တာမီလန်အသင်း ခန့်အပ်လိုတဲ့ နည်းပြစာရင်းမှာတော့ နာမည်ကျော်နည်းပြ(၂)ဦးဖြစ်တဲ့ ကွန်တီ Conte နဲ့ မော်ရင်ဟို Mourinho တို့ကရှိနေကြတာပါ။ သူတို့ (၂)ဦးလုံးဟာ လက်ရှိမှာအသင်းလက်မဲ့ဖြစ်နေကြပြီး လာမယ့်ရာသီမှာတော့ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ဖို့ရှိနေကြသူတွေလည်း ဖြစ်ပါတယ်။ မော်ရင်ဟိုက မန်ယူ ၊ ကွန်တီ က ချယ်လ်ဆီးအသင်းတွေကို နောက်ဆုံးတာဝန်ယူကိုင်တွယ်ထားကြပြီး (၂)ဦးလုံးဟာ သက်ဆိုင်ရာအသင်းတွေနဲ့ အောင်မြင်မှုတွေရခဲ့ကြပါတယ်။

အင်တာမီလန်အသင်းပိုင်ရှင်တွေကတော့ အသင်းကို ဖလား(၃)လုံးရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြမော်ရင်ဟို ကို အသင်းရဲ့နည်းပြသစ်အဖြစ်ပြန်လည်ခန့်အပ်ဖို့ ဆန္ဒရှိနေပြီး အသင်းရဲ့ဒါရိုက်တာ မာရော့တာ Marotta က သူ့နဲ့ ဂျူဗင်တပ်စ်အသင်းမှာ လက်တွဲညီခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း နည်းပြကွန်တီ ကိုခန့်အပ်ဖို့လိုလားနေပါတယ်။ မော်ရင်ဟိုနဲ့ ကွန်တီ (၂)ဦးလုံးဟာစီးရီးအေမှာ အောင်မြင်ခဲ့ကြသူတွေဖြစ်တာကြောင့် အင်တာမီလန်အသင်းအနေနဲ့ သူတို့ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ထဲထဲဝင်ဝင်ကြိုးစားသင့်ပါတယ်။ လက်ရှိမှာတော့ အင်တာမီလန်အသင်းဟာ စီးရီးအေမှာ ရမှတ်(၅၇)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

Ref: Goal.com
Photo: The Sun , Metro
Ko Kyue(Akhayar)
www.akhayar.com