[Zawgyi]

ရီးယဲလ္မွာ ဆက္ရွိေနမယ့္ မိုဒရစ္ Modric

ဥေရာပကလပ္အသင္းအမ်ားစုရဲ႕ ပစ္မွတ္ထားျခင္းကို ခံေနရတဲ့ ကြင္းလယ္လူ မိုဒရစ္ Modric ဟာ ရီးယဲလ္အသင္းမွာ ဆက္ရွိေနေတာ့မွာျဖစ္ပါတယ္။ ရီးယဲလ္အသင္းနဲ႔ မိုဒရစ္ Modric တို႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ နီးစပ္ေနခဲ့ၿပီလို႔ စပိန္အေျခစိုက္ မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။ ရီးယဲလ္အသင္းက မိုဒရစ္ Modric ရဲ႕ လက္ရွိလုပ္ခလစာထက္ (၂)ဆအထိ တိုးျမွင့္ကမ္းလွမ္းမႈကို ကစားသမားက လက္ခံခဲ့တာပါ။ စပိန္အေျခစိုက္ နာမည္ေက်ာ္ အားကစားသတင္းဌာနတစ္ခုျဖစ္တဲ့ MARCA က ခရိုေအးရွားကြင္းလယ္လူ မိုဒရစ္ Modric အေနနဲ႔ အသင္းေခါင္းေဆာင္ ရာမို႔စ္ Ramos ရီးယဲလ္အသင္းမွာ ရရွိေနတဲ့ လုပ္ခလစာနဲ႔ တန္းတူရရွိသြားမွာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ မိုဒရစ္ Modric ရဲ႕ တစ္ႏွစ္လုပ္ခလစာက ေပါင္ (၉)သန္းအထိ တိုးျမွင့္ရရွိမွာျဖစ္ပါတယ္။

Inter-Milan-target-Luka-Modric-is-set-to-stay-at-La-Liga-giants-Real-Madrid

Inter-Milan-target-Luka-Modric-is-set-to-stay-at-La-Liga-giants-Real-Madrid

ခရိုေအးရွားကြင္းလယ္လူ မိုဒရစ္ Modric ဟာ ရီးယဲလ္အသင္းရဲ႕ ဒုတိယလုပ္ခလစာ အမ်ားဆံုးအထိ ရရွိတဲ့ ကစားသမားျဖစ္လာေတာ့မွာျဖစ္ပါတယ္။ အေစာပိုင္းက စီးရီးေအကလပ္ အင္တာမီလန္အသင္းနဲ႔ အေျပာင္းအေရႊ႕သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ မိုဒရစ္ Modric က ရီးယဲလ္အသင္းမွာ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့တာပါ။ ရီးယဲလ္အသင္းမွာ ဆက္ေနဖို႔ ဆံုးျဖတ္ခဲ့တာေၾကာင့္ မိုဒရစ္ Modric အေနနဲ႔ လာမယ့္ဗုဒၶဟူးေန႔မွာ ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကိုအသင္းနဲ႔ ကစားမယ့္ ဥေရာပစူပါဖလားလုပြဲမွာ ပါဝင္ကစားဖို႔ အသင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။ နည္းျပသစ္ လိုပယ္တက္ဂီ Lopetegui ရဲ႕ ရီးယဲလ္အသင္းဟာ စူပါဖလားပြဲစဥ္အၿပီးမွာ လာလီဂါအဖြင့္ပြဲစဥ္အျဖစ္ ၾသဂုတ္လ (၁၉)ရက္ေန႔မွာ ဂီတာေဖးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။

REF:Daily Mail
Photo:TheWorldNews.net, Serie A Tickets Online
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ်မှာ ဆက်ရှိနေမယ့် မိုဒရစ် Modric

ဥရောပကလပ်အသင်းအများစုရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတဲ့ ကွင်းလယ်လူ မိုဒရစ် Modric ဟာ ရီးယဲလ်အသင်းမှာ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ ရီးယဲလ်အသင်းနဲ့ မိုဒရစ် Modric တို့ စာချုပ်သစ်ချုပ်ဆိုဖို့ နီးစပ်နေခဲ့ပြီလို့ စပိန်အခြေစိုက် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ ရီးယဲလ်အသင်းက မိုဒရစ် Modric ရဲ့ လက်ရှိလုပ်ခလစာထက် (၂)ဆအထိ တိုးမြှင့်ကမ်းလှမ်းမှုကို ကစားသမားက လက်ခံခဲ့တာပါ။ စပိန်အခြေစိုက် နာမည်ကျော် အားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ MARCA က ခရိုအေးရှားကွင်းလယ်လူ မိုဒရစ် Modric အနေနဲ့ အသင်းခေါင်းဆောင် ရာမို့စ် Ramos ရီးယဲလ်အသင်းမှာ ရရှိနေတဲ့ လုပ်ခလစာနဲ့ တန်းတူရရှိသွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ မိုဒရစ် Modric ရဲ့ တစ်နှစ်လုပ်ခလစာက ပေါင် (၉)သန်းအထိ တိုးမြှင့်ရရှိမှာဖြစ်ပါတယ်။

Inter-Milan-target-Luka-Modric-is-set-to-stay-at-La-Liga-giants-Real-Madrid

Inter-Milan-target-Luka-Modric-is-set-to-stay-at-La-Liga-giants-Real-Madrid

ခရိုအေးရှားကွင်းလယ်လူ မိုဒရစ် Modric ဟာ ရီးယဲလ်အသင်းရဲ့ ဒုတိယလုပ်ခလစာ အများဆုံးအထိ ရရှိတဲ့ ကစားသမားဖြစ်လာတော့မှာဖြစ်ပါတယ်။ အစောပိုင်းက စီးရီးအေကလပ် အင်တာမီလန်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မိုဒရစ် Modric က ရီးယဲလ်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ ရီးယဲလ်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် မိုဒရစ် Modric အနေနဲ့ လာမယ့်ဗုဒ္ဓဟူးနေ့မှာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းနဲ့ ကစားမယ့် ဥရောပစူပါဖလားလုပွဲမှာ ပါဝင်ကစားဖို့ အသင့်ဖြစ်နေပြီလို့ သိရပါတယ်။ နည်းပြသစ် လိုပယ်တက်ဂီ Lopetegui ရဲ့ ရီးယဲလ်အသင်းဟာ စူပါဖလားပွဲစဉ်အပြီးမှာ လာလီဂါအဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ (၁၉)ရက်နေ့မှာ ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။

REF:Daily Mail
Photo:TheWorldNews.net, Serie A Tickets Online
Aung Kyaw Wai (Akhayar)
www.akhayar.com