[Zawgyi]

Luis Suarez ရဲ႕ ဖရီးကစ္ကုိ အလန္းစားပုံစံနဲ႔ ကာကြယ္ခဲ့တဲ့ Brozovic

ေဘာလုံးေလာကမွာ နည္းစနစ္သစ္ေတြက တစ္ေန႔တစ္မ်ိဳး မ႐ုိးႏုိင္ေအာင္ ေျပာင္းလဲေနတယ္။ အဲဒီအထဲမွာ အင္တာမီလန္ေနာက္ခံလူ ဘ႐ုိဇုိဗစ္ Marcelo Brozovic ရဲ႕ ဖရီးကစ္ကာကြယ္တဲ့ ပံုစံလည္း ပါ၀င္ပါတယ္။ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔မွာ ဘာစီလုိနာနဲ႔ အင္တာမီလန္တို႔ ခ်န္ပီယံလိဂ္အုပ္စုပဲြအျဖစ္ ကစားခဲ့ၿပီး ပဲြမတိုင္ခင္ ယူဆခဲ့သလုိပဲ ဘာစီလုိနာက (၂-၀)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။ ပဲြက ဘာမွ မထူးျခားေပမယ့္ ဘ႐ုိဇုိဗစ္ကေတာ့ ပရိသတ္ေတြ ပါးစပ္အေဟာင္းသားျဖစ္ေလာက္တဲ့ ပုံစံနဲ႔ ဆြာရက္ဇ္ Luis Suarez ရဲ႕ ဖရီးကစ္ကုိ ကာကြယ္ခဲ့ၿပီး ဒီျဖစ္ရပ္က အခုဆုိရင္ လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ေနရာယူထားပါၿပီ။

Marcelo-Brozovic-block

Marcelo-Brozovic-block

အဲဒီပဲြ ဒုတိယပုိင္းမွာ ဘာစီလုိနာအသင္း ဖရီးကစ္ကန္ခြင့္ရတယ္။ အဲဒါကုိ ဆြာရက္ဇ္က အပုိင္ေနရာယူၿပီး Tricky Shot ပုံစံနဲ႔ ၿပိဳင္ဘက္ေနာက္ခံလူေတြရဲ႕ ေျခေထာက္ၾကားကေန ကန္သြင္းဖုိ႔ ႀကိဳးစားခဲ့တယ္။ ဒါမ်ိဳးကုိ ေရာ္နယ္လ္ဒင္ဟုိ Ronaldinho ၊ မက္ဆီ Messi တို႔လည္း အရင္တုန္းက ကန္ခဲ့ဖူးတယ္။ ဒါေပမဲ့ ဆြာရက္ဇ္ရဲ႕ Trick က အလုပ္မျဖစ္ခဲ့ပါဘူး။ ဆြာရက္ဇ္ရဲ႕ အႀကံကုိ ႀကိဳသိေနတဲ့ ဘ႐ုိဇုိဗစ္က Wall ေနာက္ကေန လဲွခ်ခဲ့လုိ႔ သူနဲ႔ထိၿပီး ေဘာလုံးက ေထာင့္ကန္ေဘာျဖစ္သြားခဲ့တယ္။ ဘ႐ုိဇုိဗစ္ရဲ႕ လုပ္ရပ္ကုိ ပရိသတ္ေတြအျပင္ ပဲြၾကည့္စင္မွာ ၾကည့္ေနတဲ့ မက္ဆီ Messi ကလည္း သေဘာက်ခဲ့ၿပီး ရယ္ေမာတဲ့အထိျဖစ္ခဲ့ရပါတယ္။ ဒါေပမဲ့ အင္တာမီလန္အသင္း ကံမေကာင္းခဲ့ဘဲ ႏူးကမ့္မွာ ႐ႈံးပဲြနဲ႔ ႀကံဳေတြ႕ခဲ့ရတယ္။ ဒါေပမဲ့ ဘ႐ုိဇုိဗစ္ရဲ႕ လုပ္ရပ္ကုိ ပရိသတ္ေတြ သေဘာက်ႏွစ္သက္ခဲ့ၿပီး အခုဆုိရင္ ဘ႐ုိဇုိဗစ္ကုိ ေနာက္ေျပာင္ Troll ေနၾကတဲ့ ပုံေတြလည္း လူမႈကြန္ရက္ေတြေပၚမွာ ပ်႔ံႏွံ႔ေနၿပီျဖစ္ပါေတာ့တယ္ . .

ဆြာရက္ဇ္ရဲ႕ ဖရီးကစ္ကုိ ဘ႐ုိဇုိဗစ္ ကာကြယ္ခဲ့တဲ့ ႐ုပ္သံၾကည့္႐ႈရန္ လင့္ခ္

Photo:Blu Radio,.foxsportsasia
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Luis Suarez ရဲ့ ဖရီးကစ်ကို အလန်းစားပုံစံနဲ့ ကာကွယ်ခဲ့တဲ့ Brozovic

ဘောလုံးလောကမှာ နည်းစနစ်သစ်တွေက တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပြောင်းလဲနေတယ်။ အဲဒီအထဲမှာ အင်တာမီလန်နောက်ခံလူ ဘရိုဇိုဗစ် Marcelo Brozovic ရဲ့ ဖရီးကစ်ကာကွယ်တဲ့ ပုံစံလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ဘာစီလိုနာနဲ့ အင်တာမီလန်တို့ ချန်ပီယံလိဂ်အုပ်စုပွဲအဖြစ် ကစားခဲ့ပြီး ပွဲမတိုင်ခင် ယူဆခဲ့သလိုပဲ ဘာစီလိုနာက (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ပွဲက ဘာမှ မထူးခြားပေမယ့် ဘရိုဇိုဗစ်ကတော့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်လောက်တဲ့ ပုံစံနဲ့ ဆွာရက်ဇ် Luis Suarez ရဲ့ ဖရီးကစ်ကို ကာကွယ်ခဲ့ပြီး ဒီဖြစ်ရပ်က အခုဆိုရင် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ နေရာယူထားပါပြီ။

Marcelo-Brozovic-block

Marcelo-Brozovic-block

အဲဒီပွဲ ဒုတိယပိုင်းမှာ ဘာစီလိုနာအသင်း ဖရီးကစ်ကန်ခွင့်ရတယ်။ အဲဒါကို ဆွာရက်ဇ်က အပိုင်နေရာယူပြီး Tricky Shot ပုံစံနဲ့ ပြိုင်ဘက်နောက်ခံလူတွေရဲ့ ခြေထောက်ကြားကနေ ကန်သွင်းဖို့ ကြိုးစားခဲ့တယ်။ ဒါမျိုးကို ရော်နယ်လ်ဒင်ဟို Ronaldinho ၊ မက်ဆီ Messi တို့လည်း အရင်တုန်းက ကန်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဆွာရက်ဇ်ရဲ့ Trick က အလုပ်မဖြစ်ခဲ့ပါဘူး။ ဆွာရက်ဇ်ရဲ့ အကြံကို ကြိုသိနေတဲ့ ဘရိုဇိုဗစ်က Wall နောက်ကနေ လဲှချခဲ့လို့ သူနဲ့ထိပြီး ဘောလုံးက ထောင့်ကန်ဘောဖြစ်သွားခဲ့တယ်။ ဘရိုဇိုဗစ်ရဲ့ လုပ်ရပ်ကို ပရိသတ်တွေအပြင် ပွဲကြည့်စင်မှာ ကြည့်နေတဲ့ မက်ဆီ Messi ကလည်း သဘောကျခဲ့ပြီး ရယ်မောတဲ့အထိဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ အင်တာမီလန်အသင်း ကံမကောင်းခဲ့ဘဲ နူးကမ့်မှာ ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတယ်။ ဒါပေမဲ့ ဘရိုဇိုဗစ်ရဲ့ လုပ်ရပ်ကို ပရိသတ်တွေ သဘောကျနှစ်သက်ခဲ့ပြီး အခုဆိုရင် ဘရိုဇိုဗစ်ကို နောက်ပြောင် Troll နေကြတဲ့ ပုံတွေလည်း လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေပြီဖြစ်ပါတော့တယ် . .

ဆွာရက်ဇ်ရဲ့ ဖရီးကစ်ကို ဘရိုဇိုဗစ် ကာကွယ်ခဲ့တဲ့ ရုပ်သံကြည့်ရှုရန် လင့်ခ်

Photo:Blu Radio,.foxsportsasia
Naing Linn(Akhayar)
www.akhayar.com