
[Zawgyi]
မုိနာကုိ ေတာင္ပံကစားသမား ကီတာဘယ္လ္ဒီ Keita Balde ကုိ အငွားနဲ႔ ေခၚယူခဲ့တဲ့ အင္တာမီလန္
အင္တာမီလန္အသင္းဟာ မုိနာကုိအသင္း ေတာင္ပံကစားသမား ကီတာဘယ္လ္ဒီ Keita Balde ကုိ တစ္ရာသီအငွားနဲ႔ ေခၚယူလုိက္ၿပီျဖစ္ပါတယ္။ ဒီရာသီ ခ်န္ပီယံလိဂ္၀င္ခြင့္ရရွိထားတဲ့ အင္တာမီလန္အသငး္ဟာ အခုေႏြရာသီအတြင္း ကစားသမားသစ္ေတြ ေခၚယူအားျဖည့္ေနၿပီး ကီတာဘယ္လ္ဒီက အင္တာမီလန္ကုိ ေရာက္ရွိခဲ့တဲ့ (၈)ဦးေျမာက္ ကစားသမားျဖစ္ပါတယ္။ အင္တာမီလန္အသင္းက ကီတာဘယ္လ္ဒီရဲ႕ အေျပာင္းအေရႊ႕သတင္းကုိ ၿပီးခဲ့တဲ့တနလၤာေန႔က အတည္ျပဳထုတ္ျပန္ေၾကညာခဲ့ၿပီး လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ အၿပီးသတ္ေခၚယူသြားဖုိ႔ ရွိေနပါၿပီ။

Inter-Milan-have-completed-the-signing-of-Keita-Balde-on-a-season-long-loan-from-Monaco
အခု အငွားစာခ်ဳပ္အတြက္ အင္တာမီလန္အသင္းက မုိနာကုိအသင္းကုိ ယူ႐ုိ(၆)သန္းေပးေခ်ရမွာျဖစ္ၿပီး အၿပီးသတ္ေခၚယူမယ္ဆုိရင္ေတာ့ ယူ႐ုိ(၄၂)သန္းနဲ႔ ေနာက္ထပ္ ဆုေၾကးေငြေတြ ေပးေခ်ရမွာပါ။ အသက္(၂၃)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ကီတာဘယ္လ္ဒီဟာ ၂၀၁၇ ေႏြရာသီတုန္းက မုိနာကုိအသင္းကုိ ေျပာင္းေရႊ႕ခဲ့ေပမယ့္ ဘာေပ Mbappe ၊ မန္ဒီ Mendy ၊ ဘာနာဒုိေဆးလ္ဗား Bernardo Silva တို႔လုိပဲ မုိနာကုိအသင္းနဲ႔ လမ္းခဲြၿပီး ဥေရာပထိပ္သီးအသင္းေတြဆီ ေျပာင္းေရႊ႕ခဲ့ျပန္ပါၿပီ။ မုိနာကုိအသင္းကေတာ့ ကီတာဘယ္လ္ဒီ အီတလီေျမမွာ ေအာင္ျမင္မႈရပါေစဆုိၿပီး သူတို႔ရဲ႕ Official Website ကေန ဆုေတာင္းေပးခဲ့ပါတယ္။

The-winger-has-signed-with-the-option-of-making-the-move-to-Italy-permanent-next-summer
အခုေႏြရာသီကာလအတြင္း အင္တာမီလန္ ေခၚယူထားတဲ့ကစားသမားမ်ား
Radja Nainggolan – Roma (£34.20m)
Keita Balde – Monaco (loan £5.4m)
Sime Vrsaljko – Atletico (loan £5.8m)
Stefan De Vrij – Lazio (free)
Matteo Politano – Sassulo (loan £4.5m)
Kwadwo Asamoah – Juventus (free)
Lautaro Martinez – Racing (£14.4m)
Federico Dimarco – FC Sion (£6.3m)
REF:Daily Mail
Photo:BolaVip
Naing Linn(Akhayar)
www.akhayar.com
[Unicode]
မိုနာကို တောင်ပံကစားသမား ကီတာဘယ်လ်ဒီ Keita Balde ကို အငှားနဲ့ ခေါ်ယူခဲ့တဲ့ အင်တာမီလန်
အင်တာမီလန်အသင်းဟာ မိုနာကိုအသင်း တောင်ပံကစားသမား ကီတာဘယ်လ်ဒီ Keita Balde ကို တစ်ရာသီအငှားနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတဲ့ အင်တာမီလန်အသင်းဟာ အခုနွေရာသီအတွင်း ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်နေပြီး ကီတာဘယ်လ်ဒီက အင်တာမီလန်ကို ရောက်ရှိခဲ့တဲ့ (၈)ဦးမြောက် ကစားသမားဖြစ်ပါတယ်။ အင်တာမီလန်အသင်းက ကီတာဘယ်လ်ဒီရဲ့ အပြောင်းအရွှေ့သတင်းကို ပြီးခဲ့တဲ့တနင်္လာနေ့က အတည်ပြုထုတ်ပြန်ကြေညာခဲ့ပြီး လာမယ့်နှစ်၊ နွေရာသီကျရင် အပြီးသတ်ခေါ်ယူသွားဖို့ ရှိနေပါပြီ။

Inter-Milan-have-completed-the-signing-of-Keita-Balde-on-a-season-long-loan-from-Monaco
အခု အငှားစာချုပ်အတွက် အင်တာမီလန်အသင်းက မိုနာကိုအသင်းကို ယူရို(၆)သန်းပေးချေရမှာဖြစ်ပြီး အပြီးသတ်ခေါ်ယူမယ်ဆိုရင်တော့ ယူရို(၄၂)သန်းနဲ့ နောက်ထပ် ဆုကြေးငွေတွေ ပေးချေရမှာပါ။ အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကီတာဘယ်လ်ဒီဟာ ၂၀၁၇ နွေရာသီတုန်းက မိုနာကိုအသင်းကို ပြောင်းရွှေ့ခဲ့ ပေမယ့် ဘာပေ Mbappe ၊ မန်ဒီ Mendy ၊ ဘာနာဒိုဆေးလ်ဗား Bernardo Silva တို့လိုပဲ မိုနာကိုအသင်းနဲ့ လမ်းခွဲပြီး ဥရောပထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ခဲ့ပြန်ပါပြီ။ မိုနာကိုအသင်းကတော့ ကီတာဘယ်လ်ဒီ အီတလီမြေမှာ အောင်မြင်မှုရပါစေဆိုပြီး သူတို့ရဲ့ Official Website ကနေ ဆုတောင်းပေးခဲ့ပါတယ်။

The-winger-has-signed-with-the-option-of-making-the-move-to-Italy-permanent-next-summer
အခုနွေရာသီကာလအတွင်း အင်တာမီလန် ခေါ်ယူထားတဲ့ကစားသမားများ
Radja Nainggolan – Roma (£34.20m)
Keita Balde – Monaco (loan £5.4m)
Sime Vrsaljko – Atletico (loan £5.8m)
Stefan De Vrij – Lazio (free)
Matteo Politano – Sassulo (loan £4.5m)
Kwadwo Asamoah – Juventus (free)
Lautaro Martinez – Racing (£14.4m)
Federico Dimarco – FC Sion (£6.3m)
REF:Daily Mail
Photo:BolaVip
Naing Linn(Akhayar)
www.akhayar.com