[Zawgyi]

ရီးယဲလ္ Real Madrid အသင္းက မိုဒရစ္ Modric ထြက္ခြာေတာ့မလား

ရီးယဲလ္မက္ဒရစ္အသင္း Real Madrid အသင္းရဲ႕အဓိကကြင္းလယ္လူ မိုဒရစ္ Modric တစ္ေယာက္အသင္းကေနထြက္ခြာေတာ့မလားဆိုတာစိတ္ဝင္စားစရာျဖစ္ေနပါၿပီ။ မိုဒရစ္ ရဲ႕ ခရိုေအးရွားအသင္းေဖာ္ ဗာဆယ္လ္ကိုေခၚယူထားတဲ့ အင္တာမီလန္အသင္းက မိုဒရစ္ကိုပါ ေခၚယူဖို႔ စိိတ္ဝင္စားေနၿပီး လက္ရိွအခ်ိန္မွာေတာ့အေျပာင္းအေ႐ႊ ့အတြက္ ေဆြးေႏြးမႈေတြျပဳလုပ္သြားဖို႔ရိွတယ္လို႔သတင္းေတြထြက္ေနပါတယ္။ ဒီအေနအထားက ရီးယဲလ္မက္ဒရစ္ အသင္းကိုအားေပးသူ ပရိတ္သတ္ေတြအတြက္ စိုးရိမ္စရာျဖစ္ၿပီး အသင္းရဲ႕အဓိကတိုက္စစ္မႈး စီေရာ္နယ္လ္ဒို Cristiano Ronaldo ကို လက္လႊတ္ထားရအၿပီးမွာ ေနာက္ထပ္ အဓိကကစားသမား မိုဒရစ္ရဲ႕အနာဂတ္ကိုပါ ရင္ခုန္ေနၾကရပါတယ္။

Modric-Celebrate-with-Champions-Leageu-Trophy

Modric-Celebrate-with-Champions-Leageu-Trophy

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ခရိုေအးရွားအသင္းရဲ႕ကြင္းလယ္ကိုအေကာင္းဆံုးေမာင္းနွင္ဦးေဆာင္နိုင္ခဲ့ၿပီး ဒုတိယဆုအထိရရိွေအာင္စြမ္းေဆာင္ေပးထားတဲ့ မိုဒရစ္ ဟာ The Best ဆုကိုရရိွဖို႔အတြက္လည္းေရပန္းစားေနသူပါ။ လက္ရိွအခ်ိန္မွာ အသက္(၃၂)နွစ္အ႐ြယ္ရိွၿပီျဖစ္သူ မိုဒရစ္ဟာ ရီးယဲလ္အသင္းကို စပါးအသင္းကေန ၂၀၁၂ ခုနွစ္ကေျပာင္းေ႐ႊ ့လာခဲ့သူျဖစ္ၿပီး ရီးယဲလ္အသင္းအတြက္ပြဲေပါင္း(၂၅၇)ပြဲကစား၊ သြင္းဂိုး(၁၃)ဂိုးသြင္းယူထားပါတယ္။ မိုဒရစ္ဟာ ရီးယဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ ခ်န္ပီယံဆု(၄)ႀကိမ္အပါအဝင္ တျခားဆုဖလားေအာင္ျမင္မႈေတြကိုလည္း ရယူထားသူပါ။မိုဒရစ္ရဲ႕အသက္ကလည္း(၃၂)နွစ္အ႐ြယ္ရိွေနၿပီျဖစ္တာေၾကာင့္ အေျပာင္းအေ႐ႊ ့ျဖစ္ေပၚလာမလားဆိုတာကလည္း စိတ္ဝင္စားစရာေကာင္းေနပါတယ္။ လက္ရိွ အင္တာမီလန္အသင္းရဲ႕အေျပာင္းအေ႐ႊ ့လုပ္ေဆာင္ပံုေတြကေျခလွမ္းသြက္ေနသေလာက္ ရီးယဲလ္မက္ဒရစ္အသင္းကေတာ့ေျပာင္းျပန္ျဖစ္ေနၿပီး အေျပာင္းအေ႐ႊ့ေစ်းကြက္ထဲမွာေျခၿငိမ္ေနေပမယ့္ အဓိကကစားသမားေတြရဲ႕အနာဂတ္ေတြက လႈတ္ခတ္ေနတယ္။ မိုဒရစ္ ရဲ႕အနာဂတ္ဘယ္ကိုေရာက္ရိွသြားမလဲဆိုတာ‌ကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကရပါလိမ့္မယ္ …

REF:Daily Mail
Photo:TheHardTackle,.egypttoday
Ko Kyue (Akhayar)
www.akhayar.com

[Unicode]

ရီးယဲလ် Real Madrid အသင်းက မိုဒရစ် Modric ထွက်ခွာတော့မလား

ရီးယဲလ်မက်ဒရစ်အသင်း Real Madrid အသင်းရဲ့အဓိကကွင်းလယ်လူ မိုဒရစ် Modric တစ်ယောက်အသင်းကနေထွက်ခွာတော့မလားဆိုတာစိတ်ဝင်စားစရာဖြစ်နေပါပြီ။မိုဒရစ် ရဲ့ ခရိုအေးရှားအသင်းဖော် ဗာဆယ်လ်ကိုခေါ်ယူထားတဲ့ အင်တာမီလန်အသင်းက မိုဒရစ်ကိုပါ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လက်ရှိအချိန်မှာတော့အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ရှိတယ်လို့သတင်းတွေထွက်နေပါတယ်။ဒီအနေအထားက ရီးယဲလ်မက်ဒရစ် အသင်းကိုအားပေးသူ ပရိတ်သတ်တွေအတွက် စိုးရိမ်စရာဖြစ်ပြီး အသင်းရဲ့အဓိကတိုက်စစ်မှုးစီရော်နယ်လ်ဒို Cristiano Ronaldo ကို လက်လွှတ်ထားရအပြီးမှာ နောက်ထပ် အဓိကကစားသမား မိုဒရစ်ရဲ့အနာဂတ်ကိုပါရင်ခုန်နေကြရပါတယ်။

Modric-Celebrate-with-Champions-Leageu-Trophy

Modric-Celebrate-with-Champions-Leageu-Trophy

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းရဲ့ကွင်းလယ်ကိုအကောင်းဆုံးမောင်းနှင်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယဆုအထိရရှိအောင်စွမ်းဆောင်ပေးထားတဲ့ မိုဒရစ် ဟာ The Best ဆုကိုရရှိဖို့အတွက်လည်းရေပန်းစားနေသူပါ။ လက်ရှိအချိန်မှာ အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ မိုဒရစ်ဟာ ရီးယဲလ်အသင်းကို စပါးအသင်းကနေ ၂၀၁၂ ခုနှစ်ကပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ရီးယဲလ်အသင်းအတွက်ပွဲပေါင်း(၂၅၇)ပွဲကစား၊ သွင်းဂိုး(၁၃)ဂိုးသွင်းယူထားပါတယ်။ မိုဒရစ်ဟာ ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ချန်ပီယံဆု(၄)ကြိမ်အပါအဝင် တခြားဆုဖလားအောင်မြင်မှုတွေကိုလည်း ရယူထားသူပါ။မိုဒရစ်ရဲ့အသက်ကလည်း(၃၂)နှစ်အရွယ်ရှိနေပြီဖြစ်တာကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာမလားဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။လက်ရှိ အင်တာမီလန်အသင်းရဲ့အပြောင်းအရွှေ့လုပ်ဆောင်ပုံတွေကခြေလှမ်းသွက်နေသလောက် ရီးယဲလ်မက်ဒရစ်အသင်းကတော့ပြောင်းပြန်ဖြစ်နေပြီး အပြောင်းအရွှေ့ဈေးကွက်ထဲမှာခြေငြိမ်နေပေမယ့် အဓိကကစားသမားတွေရဲ့အနာဂတ်တွေက လှုတ်ခတ်နေတယ်။ မိုဒရစ် ရဲ့အနာဂတ်ဘယ်ကိုရောက်ရှိသွားမလဲဆိုတာ‌ကိုတော့ ဆက်လက်စောင့်ကြည့်ကြရပါလိမ့်မယ် …

REF:Daily Mail
Photo:TheHardTackle,.egypttoday
Ko Kyue (Akhayar)
www.akhayar.com