အင်တာမီလန်အသင်းဟာ ဂျူဗင်တပ်စ်နဲ့ ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီ Antonio Conte ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ နည်းပြစပယ်လက်တီ Spalletti ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ကွန်တီ ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ကွန်တီ ဟာ သတင်းတွေထွက်ပေါ်ခဲ့တဲ့ အတိုင်း အင်တာမီလန်အသင်းနည်းပြသစ်ဖြစ်လာတာဖြစ်ပြီး မန်ယူတိုက်စစ်မှူး လူကာကူ Lukaku က သူ့ရဲ့အင်တာမီလန်အသင်းအတွက် ပထမဆုံးခေါ်ယူမှုဖြစ်လာဖို့ရှိနေသလို တိုက်စစ်မှူး အီကာဒီ Icardi ကို ရောင်းထုတ်သွားဖို့ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

လက်ရှိ အင်တာမီလန်အသင်းရဲ့ Chairman မာရော့တာ Marotta ဟာ ကွန်တီ နဲ့ ဂျူဗင်တပ်စ်အသင်းမှာ လက်တွဲညီခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း ဖြစ်တာကြောင့် အင်တာမီလန်အသင်းမှာ သူတို့(၂)ဦးရဲ့ ပေါင်းစပ်မှုကို ပြန်မြင်တွေ့ရမှာဖြစ်ပါတယ်။ ကွန်တီ ဟာ ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေချန်ပီယံဆု (၃)နှစ်ဆက်နဲ့ အီတလီစူပါဖလား (၂)နှစ်ဆက်ရယူပေးခဲ့သလို ချယ်လ်ဆီးအသင်းအတွက်လည်း (၂)ရာသီအတွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ FA Cup တွေကို ရယူပေးခဲ့သူဖြစ်ပါတယ်။ ကွန်တီ ဟာ အရည်အသွေးမြင့် နည်းပြကောင်းတစ်ဦးဖြစ်သလို အီတလီမြေမှာလည်း အောင်မြင်မှုတွေရယူခဲ့သူဖြစ်တာကြောင့် အင်တာမီလန်အသင်းအတွက် ဆုဖလားအောင်မြင်မှုတွေ ရှာဖွေပေးသွားမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref: ESPN
Photo: The Sun , The National
Ko Kyue(Akhayar)
www.akhayar.com