Intel ရဲ့ Integrated Graphics Chipset တွေဟာ လက်ရှိ Intel Processor တွေအကုန်လုံးမှာ ပါဝင်နေတာဖြစ်ပြီးတော့ သီးခြား Graphic Card ပါဝင်ခြင်းမရှိတဲ့ ကွန်ပျူတာတွေ အကုန်လုံးမှာ အဓိကအနေနဲ့ အသုံးပြုနေရတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Intel ကနေ သူရဲ့ Integrated Graphic Chipset တွေကို ပိုပြီး စွမ်းဆောင်ရည်ကောင်းလာဖို့ နဲ့ Battery Life တိုးတက်လာစေဖို့အတွက် Feature အသစ်တစ်ခုကို ထည့်သွင်းပေးတော့မှာဖြစ်ပါတယ်။

Intel Processor 

အဆိုပါ Feature ကို Accelerated Memory Scanning လို့ နာမည်ပေးထားပြီး Intel Integrated Graphic Processor တွေက Virus အပါအဝင်အခြား စက်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်တဲ့အကြောင်းတွေကို CPU အစား စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Intel ရဲ့ အစောပိုင်း စမ်းသပ်ချက်တွေအရတော့ အခုလိုမျိုး Integrated Graphic Chip တွေကို ပြောင်းလဲပြီး အသုံးပြုလိုက်တာက CPU အသုံးချမှုကို ၂၀ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားစေတယ်လို့ သိရပါတယ်။

Intel ရဲ့ အခု Threat Detection နည်းပညာဟာ Intel ရဲ့ 6th ၊ 7th နဲ့ 8th Generation Processor တွေမှာ ရရှိလာမှာဖြစ်ပြီးတော့ Virus Scanning ကို CPU အစား GPU ကပြောင်းလဲလုပ်ဆိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် CPU အနေနဲ့ လုပ်ဆောင်ရတဲ့ လုပ်ငန်းတစ်ခုလျော့နည်းသွားပြီး Performance ရော Battery Life ပါ တိုးတက်လာမှာဖြစ်ပါတယ်။

Intel

Intel ဟာ ယခုနည်းပညာအတွက် Microsoft နဲ့ အတူယှဉ်တွဲပြီးဆောင်ရွက်နေတာဖြစ်ပြီးတော့ Microsoft ကလည်း သူရဲ့ Windows Defender Protection Threat (ATP) စနစ်အသစ်ကို ယခုလမှာမိတ်ဆက်သွားမှာဖြစ်ပါတယ်။

Intel ကနေ အခုလိုမျိုးပြောင်းလဲမှုတွေဆောင်ရွက်သွားတာက ပြီးခဲ့တဲ့ လပိုင်းတုန်းက Intel Processor တွေကို ထိခိုက်သွားစေတဲ့ Spectre နဲ့ Meltdown Malware တွေကြောင့်လို့ ယူဆရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]