Intel
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
လက်ရှိအချိန်မှာ ကွန်ပျူတာ Graphic Card တွေလို့ ပြောလိုက်ရင် Nvidia နဲ့ AMD ကိုပဲ ပြေးမြင်မိကြမှာပါ။ Nvidia ရဲ့ Graphic Card တွေက လက်ရှိအချိန်မှာ အကောင်းဆုံးလို့ ပြောလို့ရနေပြီးတော့ AMD ကိုလည်း တချို့သောသူတွေက အသုံးပြုနေကြပါတယ်။
Intel
ဒါပေမယ့် အခုလိုမျိုး Graphic Card တွေရဲ့ ယှဉ်ပြိုင်မှုမှာ အခု နောက်ထပ် Player တစ်ဦးဝင်ရောက်လာတော့မယ့်ပုံပါပဲ။ ဘာဖြစ်လို့လဲဆိုရင် လက်ရှိမှာ အကြီးမားဆုံး Processor ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Intel ကနေ Graphic Card တွေကို ၂၀၂၀ ခုနှစ်မှာ ထုတ်လုပ်သွားမယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။
Intel ဟာ လက်ရှိအချိန်မှာ CPU Processor ကိုပဲ ထုတ်လုပ်နေတာဖြစ်ပြီးတော့ Graphic Card ကို သီးခြားထုတ်လုပ်ခြင်းမရှိသေးပဲ CPU Processor နဲ့ပဲ Onboard Graphic တွေပဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး သီးခြား Graphic Card တွေကို Intel ထုတ်မယ်ဆိုတာက စိတ်လှုပ်ရှားစရာလို့ ပြောလို့ရပါတယ်။
Intel Graphic Card Rumor
Intel ဟာ ယခင်ကလည်း SSD ဈေးကွက်ကို ဝင်ရောက်ခဲ့ဖူးပြီး အခုလိုမျိုး Graphic Card ထုတ်ချင်တယ်ဆိုတာကလည်း Nvidia နဲ့ AMD ရဲ့ ဈေးကွက်ကို လုယူချင်ပုံပါပဲ။
Akhayar ပရိသတ်ကြီးရော လက်ရှိ Nvidia နဲ့ AMD Graphic Card တွေတင်မဟုတ်ပဲ Intel က Graphic Card ထုတ်လာမယ်ဆိုရင်ရော လက်ခံကြမှာလား?
Zawyè (Akhayar) 
www.akhayar.com