
Intel



Intel Processor



Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Intel ကနေ လက်ရှိ 8th Generation Processor တွေကိုထုတ်ပေးထားတာအခုဆိုရင် အချိန်အားဖြင့် ၁ နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Intel ကနေ မကြာခင်အချိန်အတွင်းမှာ နောက်ထပ် 9th Generation Processor တွေကို ထုတ်ပေးတော့မယ်လို့ သိရပါတယ်။

Intel

လက်ရှိသိရတဲ့သတင်းတွေအရတော့ Intel ဟာ 9th Generation Processor တွေကို အောက်တိုဘာလ ၁ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Intel ဟာ 10nm Architecture ကို အသုံးပြုလာမယ့်အချိန်ကို ၂၀၁၉ ကို ရွှေ့ဆိုင်းလိုက်ရတဲ့အတွက်ကြောင့် အခု 9th Generation Processor တွေက လက်ရှိ 14nm Architecture ကိုပဲ အဆင့်မြှင့်တင်မှုတွေပြုလုပ်လာမှာဖြစ်တယ်လို့ ယူဆရပါတယ်။

Intel ဟာ လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ 9th Generation Core i9 ၊ i7 နဲ့ i5 Processor အသစ်တွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပြီးတော့ နာမည်ကိုတော့ဘယ်လိုပေးထားဦးမလဲဆိုတာ မသိသေးပါဘူး။

Intel Processor

အခု Intel 9th Generation Processor တွေအနေနဲ့ အမြင့်ဆုံး Intel Core i9-9900K ကို 8 Cores နဲ့ 16 Threads တွေပါဝင်လာမှာဖြစ်ပြီးတော့ အခု Processor ဟာ ပထမဆုံး Mainstream Core i9 Processor တစ်ခုဖြစ်လာတာပါ။ 9th Gen Core i7 Processor ကိုလည်း လက်ရှိ 6 Cores ကနေ 8 Cores 8 Threads အနေနဲ့ အဆင့်မြှင့်တင်လာမယ်လို့ သိရပါတယ်။ Core i5 Processor ကတော့ 6 Cores 6 Threads ပါဝင်လာမှာပါ။

Intel ကနေ အခု အောက်တိုဘာလ ၁ ရက်နေ့မှာ ထုတ်မယ့် Processor တွေက Overclock ပြုလုပ်နိုင်တဲ့ K Series Processor တွေကို အရင်ထုတ်လုပ်မှာဖြစ်ပြီး ကျန်တဲ့ 9th Gen Intel Processor တွေကတော့ လာမယ့်နှစ်မှ စတင်ထွက်ရှိလာမှာဖြစ်ပါတယ်။ အခုလိုမျိုး အဆင့်မြှင့်တင်မှုတွေဟာ လက်ရှိ 8th Gen Processor သုံးနေတဲ့သူတွေအတွက်တော့ သိသာတဲ့ အဆင့်မြှင့်တင်မှုလို့ ပြောလို့မရပေမယ့်လည်း လက်ရှိအချိန်မှာ Processor အသစ်ဝယ်ဖို့ စဉ်းစားနေရင်တော့ 9th Gen တွေကို စောင့်သင့်တယ်လို့ ပြောလို့ရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com