[Zawgyi] 
Ref: The Verge 
Min Than Htike (Akhayar)
www.akhayar.com
[Unicode] 
Smart Glasses တွေအတွက် ရင်းနှီးမြှုပ်နှံသူတွေမရှိတာကြောင့် ရပ်နားလိုက်တဲ့ Intel
ဝတ်ဆင်လို့ရတဲ့ နည်းပညာထုတ်ကုန်တွေထွက်လာခဲ့တာ အချိန်တစ်ခုကြာခဲ့ပါပြီ။ အဲ့ဒီထဲကမှ နာရီတွေက တိုးတက်မှုအရှိဆုံးလို့ပြောလို့ရပါတယ်။ Smart Watch တော်တော်များများက အရင်ကထက်ပိုကောင်းလာသလို ပိုပြီးတော့လည်း ကျစ်လစ်လာပါပြီ။ 
Superlight Concept Glasses
Smart Glass တွေကတော့ Smart Watch တွေနဲ့ဆန့်ကျင်ဖက်ဖြစ်နေခဲ့ပါတယ်။ ကြီးမားတဲ့ တိုးတက်မှုတွေမရှိခဲ့သလို လူအများစိတ်ဝင်စားမှုလည်း နည်းခဲ့ပါတယ်။ Intel ရဲ့  Superlight Project ကတော့ သာမန် Smart Glasses နည်းပညာတွေကနေကွဲထွက်နေခဲ့သလို မြင်သာတဲ့ ပြောင်းလဲမှုတွေကိုသယ်ဆောင်လာခဲ့ပါတယ်။ 
Intel ရဲ့ချဉ်းကပ်ပုံကတော့ ရိုးရှင်းပါတယ်။ သာမန် မျက်မှန်တစ်လက်ကို မျက်မှန်တစ်လက်နဲ့ သိသိသာသာကွဲပြားနေတဲ့ သွင်ပြင်မျိုးကို ပြောင်းမသွားစေပဲ Smart Glasses ဖြစ်စေမယ့် နည်းပညာပါ။ သာမန်မျက်မှန် အမျိုးမျိုးကို နည်းပညာပစ္စည်းအစိတ်အပိုင်းလေး နည်းနည်းထပ်ထည့်လိုက်တာနဲ့ မိုးလေဝသအချက်အလက်တွေ၊ သင်လမ်းလျှောက်တဲ့အကွာအဝေး၊ သင့်ဖုန်းထဲက Notification စတဲ့အချက်အလက်တွေကို သင့်မျက်လုံးမြင်ကွင်းထဲမှာပဲ မြင်ရအောင် မျက်မှန်ရဲ့ မှန်သားပေါ်ကနေပဲ ဖော်ပြပေးမှာပါ။ 
ဒါပေမယ့် အခုနည်းပညာနဲ့ပတ်သက်လို့ မျက်မှန်ထုန်လုပ်တဲ့ နာမည်ကြီးကုမ္ပဏီတွေနဲ့ တခြားကုမ္ပဏီတွေက စိတ်ဝင်စားမှုနည်းပြီး ရင်းနှီးမြှုပ်နှံခြင်းမရှိတာကြောင့် Intel အနေနဲ့ Superlight Project ကိုပိတ်သိမ်းလိုက်ပါပြီ။ အနာဂတ်မှာ Smart Glasses တွေနဲ့ပတ်သက်လို့တော့ ဈေးကွက်တစ်ခုဖြစ်ပေါ်လာဖို့ဆိုတာ မေ ျှာ်မှန်းရခက်နေဆဲပါပဲ။
Ref: The Verge 
Min Than Htike (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။