[Zawgyi]



Raja Koduri


Intel Processor




2B (akhayar)
www.akhayar.com

[Unicode]

AMD နဲ့ Nvidia ကိုယှဉ်နိုင်မယ့် Graphics Card ကို Intel မိတ်ဆက်တော့မယ့်

ကွန်ပျူတာဈေးကွက်ရဲ့ 80% လောက်ကို ပိုင်ဆိုင်ထားတဲ့ Intel ကတော့ ကိုယ်ပိုင် Graphics Card အသစ်နဲ့ Market ချဲ့ထွင်ဖို့ Plan ချပြီးပြီထင်ပါတယ်။ ဒီဇင်ဘာလထဲ ကျင်းပသွားမယ့် GPU ပြပွဲမှာ Intel အနေနဲ့ Arctic Sound လို့ အမည်ရတဲ့ Graphics Card နည်းပညာ မိတ်ဆက်သွားဖွယ်ရှိနေပြီး အခမ်းနားဦးစီးကျင်းပမယ့်သူကတော့ Raji Koduri ပဲဖြစ်ပါတယ်။

Raja Koduri

သိကြပြီးတဲ့ AMD (Advanced Micro Device) ရဲ့ GPU Researcher ကြီး Raji Koduri ကို Intel ခေါ်ယူလိုက်ပြီးတဲ့အချိန်ကတည်းက HBM (High Bandwidth Memory) နည်းပညာကို Intel GPU နည်းပညာနဲ့ ပေါင်းစပ်နိုင်မယ်လို့ ခန့်မှန်းလို့ရပြီးသားပါ။ Raji က ဒီနေရာမှာ ကျွမ်းကျင်ပြီးသားဖြစ်တာမလို့ Intel အနေနဲ့ စိန်ခေါ်ရဲတာမဆန်းပါဘူး။

Intel Processor

ဒီလို Gaming Market ထဲ အပြိုင်ဆိုင်ဖြစ်နေတဲ့ AMD ၊ Nvidia နေရာကို တတိယ Position အနေနဲ့ ပါဝင်လာမယ့် Intel Strategy Plan က ပိုပြီးစိတ်ဝင်စားစရာ ကောင်းမယ်ထင်ပါတယ်။ ဘယ်လိုအားသာချက်တွေ ပါဝင်မလဲ မသိရပေမယ့် GPU နည်းပညာမှာ Ray Tracing ကို ယှဉ်နိုင်တဲ့ Graphics Card မျိုး AMD မထုတ်နိုင်သေးပါဘူး။

Gaming Oriented Geforce GTX GPUs

နောက်ပြီး Artificial Intelligence နဲ့ Deep Learning Analysis လုပ်ပြီး Server လုပ်ငန်းစုမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ Nvidia ရဲ့ Volta နည်းပညာကိုလည်း မကျော်လွှားနိုင်ကြသေးပါဘူး။ Intel ကတော့ ဒီအခန်းကဏ္ဍတွေမှာပါ အဆင့်မြင့်ထားတဲ့ Processing နည်းပညာတွေပါ မိတ်ဆက်သွားဖွယ်ရှိနေပြီး Graphics Card ချပြမယ်လို့ ပြောတဲ့ တတိယအစီစဉ်က တကယ်ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

2B (akhayar)
www.akhayar.com