Laptop တွေအတွက် Core i9 Processor ကို ထုတ်ပေးလိုက်တဲ့ Intel






Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Intel ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Workstation Desktop ကွန်ပျူတာတွေအတွက် Intel Core i9 Processor တွေကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Intel ကနေ Core i9 Processor တွေကို Laptop တွေအတွက်ပါ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။

Intel ကတော့ အခု Laptop တွေရဲ့ Core i9 Processor တွေဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော Gaming နဲ့ Creation အတွက် အသုံးပြုနိုင်တဲ့ Laptop Processor တွေဖြစ်လာမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အခုကြေငြာသွားတဲ့ Intel Core i9 Processor တွေထဲမှာ အကောင်းဆုံးကတော့ Intel Core i9-8950HK Processor ဖြစ်ပြီးတော့ အဆိုပါ Processor ဟာ လက်ရှိပထမဆုံးသော 6 Core 12 Threads Processor တွေကိုအသုံးပြုထားတာဖြစ်ပြီးတော့ Turbo Boost 4.8Ghz အထိကို ရောက်ရှိနိုင်တာဖြစ်ပါတယ်။ Intel ကတော့ 7th Gen Processor တွေထက် အကုန်လုံးမှာ ၂၉ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာပြီးတော့ Gaming မှာ ၄၁ ရာခိုင်နှုန်း၊ 4K Video Editing မှာ ၅၉ ရာခိုင်နှုန်းပိုမိုမြန်ဆန်လာမှာပဲဖြစ်ပါတယ်။

Intel ကနေ Core i9 Processor အပြင် High Performance Intel 8th Generation H-Series Core i5 နဲ့ i7 Processor တွေကိုပါ ကြေငြာသွားခဲ့ပါတယ်။ အဆိုပါ Processor တွေက Intel ရဲ့ Coffee Lake Architecture ဖြစ်တဲ့ 14++nm Architecture ကိုအသုံးပြုထားတာဖြစ်ပြီးတော့ Core i7 Processor တွေမှာ 6 Cores ၊ 12 Threads နဲ့ Core i5 Processor တွေမှာ 4 Cores ၊ 8 Threads ပါဝင်မှာဖြစ်ပါတယ်။

အခု Intel ရဲ့ 8th Generation High Performance Core i9 ၊ i7 နဲ့ i5 Processor တွေက Gaming Laptops တွေအတွက် အဓိကရည်ရွယ်သွားမှာဖြစ်ပြီး နောက်ဆုံးမှာတော့ Laptop ကွန်ပျူတာတွေမှာလည်း Desktop Processor တွေနီးပါး စွမ်းဆောင်ရည်ရရှိလာတာပဲဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com