5G Laptops ေတြထုတ္လုပ္ဖုိ႔ Microsoft ၊ Dell ၊ HP နဲ႔ Lenovo တို႔နဲ႔ ပူးေပါင္းလုိက္တဲ့ Intel

5G Network ဟာ အမွန္တကယ္ကို အရွိန္အဟုန္နဲ႔ ျဖစ္ေပၚေနပါျပီ။

လက္ရွိအခ်ိန္မွာ Network Operator ေတြအျပင္ Chipset & Modem ထုတ္လုပ္သူေတြျဖစ္တဲ့ Qualcomm ၊ Intel နဲ႔ အျခားသူေတြအကုန္လုံးကလည္း 5G Network ကုိ Support ေပးတဲ့ Modem ေတြကို ထုတ္လုပ္ဖုိ႔ စိုင္းျပင္းေနၾကျပီျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ Intel ကေန ေၾကျငာခ်က္တစ္ခုကို ထုတ္ျပန္ခဲ့ျပီး 5G Network ကို Mobile Devices ေတြအျပင္ ကြန္ပ်ဴတာထုတ္လုပ္သူေတြျဖစ္တဲ့ Microsoft ၊ Dell ၊ HP နဲ႔ Lenovo တုိ႔နဲ႔ ပူးေပါင္းျပီး 5G Network ကို Laptop PC ေတြကိုပါ အသံုးျပဳႏုိင္ေအာင္ျပဳလုပ္ေတာ့မွာျဖစ္ပါတယ္။ Intel ရဲ႕ ေျပာၾကားခ်က္အရေတာ့ အဆုိပါ ကြန္ပ်ဴတာထုတ္လုပ္သူ ၄ ဦးဟာ Intel ရဲ႕ 5G Modem ေတြကို အသံုးျပဳျပီး လာမယ့္ ၂၀၁၉ အားလပ္ရက္ေတြမတိုင္ခင္မွာ 5G PC ကြန္ပ်ဴတာေတြကို ထုတ္လုပ္သြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။

Intel ကေန အခုထုတ္ျပန္ခ်က္အေပၚ သတင္းအတိအက်ေျပာၾကားခဲ့ျခင္းေတာ့မရွိပဲ အခုလုိမ်ိဳး 5G Network နဲ႔ ကြန္ပ်ဴတာေတြကို ထုတ္လုပ္ဖုိ႔ စိတ္ကူးတာက Gigabits နဲ႔ခ်ီတဲ့ အင္တာနက္အျမန္ႏႈန္းရရွိဖုိ႔ရည္ရြယ္တာျဖစ္တယ္လုိ႔ပဲ ေျပာၾကားခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Qualcomm ကေန လာမယ့္ ၂၀၁၉ မွာ 5G Modems ေတြကို စမတ္ဖုန္းေတြမွာ အသံုးျပဳလာဖုိ႔အတြက္ ဖုန္းကုမၸဏီ ၁၈ ခုနဲ႔ ပူးေပါင္းခဲ့ျပီးေတာ့ အခုအခ်ိန္မွာေတာ့ Intel ကေန ကြန္ပ်ဴတာထုတ္လုပ္သူေတြနဲ႔ ပူးေပါင္းခဲ့တာျဖစ္ပါတယ္။ လက္ရွိ US က နာမည္ၾကီး Telecom Operator ေတြျဖစ္တဲ့ AT&T ၊ Verizon နဲ႔ T-Mobile တို႔ကလည္း 5G Network ကို ယခုႏွစ္ကုန္ေနာက္ပိုင္းမွာ စတင္ဝန္ေဆာင္မႈေပးသြားမယ္လုိ႔ ေျပာၾကားေနၾကတဲ့အတြက္ ဘာပဲျဖစ္ျဖစ္ လာမယ့္ ၂၀၁၉ ခုႏွစ္ကေတာ့ 5G Network က ေရပန္းအစားဆံုးနည္းပညာတစ္ခုျဖစ္လာမယ္ဆုိတာက က်ိန္းေသေနပါျပီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

5G Network ဟာ အမှန်တကယ်ကို အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေပါပြီ။

လက်ရှိအချိန်မှာ Network Operator တွေအပြင် Chipset & Modem ထုတ်လုပ်သူတွေဖြစ်တဲ့ Qualcomm ၊ Intel နဲ့ အခြားသူတွေအကုန်လုံးကလည်း 5G Network ကို Support ပေးတဲ့ Modem တွေကို ထုတ်လုပ်ဖို့ စိုင်းပြင်းနေကြပြီဖြစ်ပါတယ်။

အခုအချိန်မှာတော့ Intel ကနေ ကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး 5G Network ကို Mobile Devices တွေအပြင် ကွန်ပျူတာထုတ်လုပ်သူတွေဖြစ်တဲ့ Microsoft ၊ Dell ၊ HP နဲ့ Lenovo တို့နဲ့ ပူးပေါင်းပြီး 5G Network ကို Laptop PC တွေကိုပါ အသုံးပြုနိုင်အောင်ပြုလုပ်တော့မှာဖြစ်ပါတယ်။ Intel ရဲ့ ပြောကြားချက်အရတော့ အဆိုပါ ကွန်ပျူတာထုတ်လုပ်သူ ၄ ဦးဟာ Intel ရဲ့ 5G Modem တွေကို အသုံးပြုပြီး လာမယ့် ၂၀၁၉ အားလပ်ရက်တွေမတိုင်ခင်မှာ 5G PC ကွန်ပျူတာတွေကို ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Intel ကနေ အခုထုတ်ပြန်ချက်အပေါ် သတင်းအတိအကျပြောကြားခဲ့ခြင်းတော့မရှိပဲ အခုလိုမျိုး 5G Network နဲ့ ကွန်ပျူတာတွေကို ထုတ်လုပ်ဖို့ စိတ်ကူးတာက Gigabits နဲ့ချီတဲ့ အင်တာနက်အမြန်နှုန်းရရှိဖို့ရည်ရွယ်တာဖြစ်တယ်လို့ပဲ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Qualcomm ကနေ လာမယ့် ၂၀၁၉ မှာ 5G Modems တွေကို စမတ်ဖုန်းတွေမှာ အသုံးပြုလာဖို့အတွက် ဖုန်းကုမ္ပဏီ ၁၈ ခုနဲ့ ပူးပေါင်းခဲ့ပြီးတော့ အခုအချိန်မှာတော့ Intel ကနေ ကွန်ပျူတာထုတ်လုပ်သူတွေနဲ့ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။ လက်ရှိ US က နာမည်ကြီး Telecom Operator တွေဖြစ်တဲ့ AT&T ၊ Verizon နဲ့ T-Mobile တို့ကလည်း 5G Network ကို ယခုနှစ်ကုန်နောက်ပိုင်းမှာ စတင်ဝန်ဆောင်မှုပေးသွားမယ်လို့ ပြောကြားနေကြတဲ့အတွက် ဘာပဲဖြစ်ဖြစ် လာမယ့် ၂၀၁၉ ခုနှစ်ကတော့ 5G Network က ရေပန်းအစားဆုံးနည်းပညာတစ်ခုဖြစ်လာမယ်ဆိုတာက ကျိန်းသေနေပါပြီ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com