Intel ဟာ Processor သစ်အမျိုးအစားတွေဖြစ်တဲ့ “Core X” Desktop Processors တွေကို Computex ပွဲမှာ ထုတ်ဖော်လိုက်ပြီးတော့ လက်ရှိ Core i5 နဲ့ Core i7 မော်ဒယ်တွေကို ပိုမိုအားကောင်းအောင် ပြုလုပ်ပေးနိုင်မှာ ဖြစ်တဲ့အပြင် Core i9 ကိုလည်း စူပါပါဝါ တစ်ခုဖြစ်လာအောင်ပြုလုပ်စေနိုင်မှာပါ။

Core X ပလက်ဖောင်းဟာ ဂိမ်မာတွေနဲ့ Gamers နဲ့ Content Creator တွေကို အထူးသဖြင့် ရည်ရွယ်ထားပြီးတော့ လူတွေအနေနဲ့ နောက်ဆုံးပေါ်ဂိမ်းတွေကို အကောင်းဆုံး Resolution တွေ၊ ခံစားမှုတွေနဲ့ ဆော့ကစားနိုင်မှာပါ။

Core X စီးရီးဟာ 4-Core အုပ်ထားတဲ့ ဒေါ်လာ ၁၉၉၉ တန် Core i9 Extreme တွေအတွက် စကေးဆွဲထားတာပါ။

Core X မိသားစုဟာ ၂၄၂ဒေါ်လာတန် Core i5-7640X  ကနေ စတင်မှာဖြစ်ပြီး 4-cores နဲ့ 4threads ပါဝင်ပါတယ်။ Core i7 X-Series ကတော့ ရှိမှာဖြစ်ပြီး 4-core / 8-thread မော်ဒယ် ကတော့ ဒေါ်လာ ၃၄၀နဲ့ 10-core / 20-thread chip ကတော့ ဒေါ်လာ ၆၀၀ ရှိမှာ ဖြစ်ပါတယ်။

Core i9 အတွက်ကတော့ Intel ဟာ မော်ဒယ်လေးမျိုး Offer လုပ်ထားပြီး ဒေါ်လာ ၉၉၉တန် ကို 12-core / 24-thread processor ကနေ 16-core / 32-thread chip အတွက်ကတော့ ဒေါ်လာ ၁၆၉၉ ရှိမှာပါ။

Desktop Core X Processor တွေကို Intel ရဲ့ X299 motherboard chipset နဲ့လည်း အလုပ်လုပ်အောင် ဒီဇိုင်းထုတ်ထားပြီး ဒါဟာဆိုရင် ကုမ္ပဏီနဲ့အတူလက်တွဲထားတဲ့ Partner Products တွေမှာ နောက်သီတင်းပတ်ကျရင် Processors အသစ်တွေနဲ့အတူ ရရှိနိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ထပ်တိုးအနေနဲ့ High-end Core X Family ကို Intel  က Update လုပ်ခဲ့ပြီး လက်ရှိအထိ Intel Chips တွေထဲမှာ စတုတ္ထမြောက်အဖြစ်ဝင်ရောက်လာတဲ့ 8th Generation Line ဖြစ်ပါတယ်။ အစောပိုင်းအရ 7th Generation Kaby Lake လိုင်းထက် လုပ်ဆောင်ချက် ၁၅ရာခိုင်နှုန်းတိုးတက်သွားမယ်လို့ ဆိုခဲ့သော်ငြားလည်း တကယ်တမ်းတော့ ၃၀ရာခိုင်နှုန်းအထိ တိုးမြှင့်လာခဲ့တာပါ။

 

Joker (Akhayar)

Ref: The Verge