




Intel Processor




Ref : The Verge | Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Intel ကနေ 8th Generation Processor တွေကို မနှစ်တုန်းက ဒီအချိန်မှာပဲ U Series Kaby Lake-R Processor တွေနဲ့အတူ ထုတ်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ၁ နှစ်ပြည့်သွားပြီဖြစ်တဲ့အတွက် Laptop တွေအတွက် U Series Whiskey Lake Processor တွေကို ထပ်မံထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် Intel က အခု Generation တွေကို 8th Gen လို့ပဲ ခေါ်ဆိုနေပြီးတော့ Y Series Amber Lake Processor တွေကိုပါ ထုတ်ခဲ့တာဖြစ်ပါတယ်။

Microsoft Surface Laptop

Intel ရဲ့ အခု Y Series Amber Lake Processor တွေဟာ 8th Gen Intel Processor တွေထဲမှာ ပထမဆုံးသော Processor တွေဖြစ်ပြီးတော့ ကျန်တဲ့ U Series Processor တွေလိုမျိုးမဟုတ်ဘဲ Dual Core ၊ Four Threads Processor တွေပဲဖြစ်ပြီးတော့ ပါဝါစားသက်သာတဲ့အတွက် Ultrabook တွေနဲ့ Portable Convertible Laptop တွေအတွက်လို့ ယူဆရပါတယ်။ Y Series Processor တွေကတော့ Intel m3-8100Y 1.1GHz(Turbo Boost Up To 3.4GHz) ၊ i5-8200Y 1.3GHz (Turbo Boost Up To 3.9GHz) နဲ့ i5-8500Y 1.5GHz (Turbo Boost Up To 4.2GHz) တွေဖြစ်တယ်လို့ သိရပါတယ်။ ဒီ Y Series Processor တွေက 5 Watt TDP ပဲရှိတဲ့အတွက် Fan လိုအပ်မှာမဟုတ်တဲ့အပြင် Battery Life လည်း အကြာကြီးအသုံးပြုနိုင်မှာဖြစ်တယ်လို့ ယူဆရပါတယ်။

Intel Amber Lake & Whiskey Lake

Intel ရဲ့ U Series Processor အသစ်တွေကတော့ Whiskey Lake လို့ နာမည်ပေးထားပြီးတော့ အနိမ့်ဆုံးအနေနဲ့ကတော့ Dual Core ၊ Four Threads i3-U145U 2.1GHz (Turbo Boost Up To 3.9GHz) နဲ့ထွက်လာမှာဖြစ်ပြီးတော့ Quad Core ၊ Eight Threads Processor တွေဖြစ်တဲ့ i5-8265U 1.6GHz (Turbo Boost Up To 3.9GHz) နဲ့ i7-8565U 1.8GHz (Turbo Boost Up To 4.6GHz) တွေဆိုပြီး ထုတ်လုပ်လာတာဖြစ်ပါတယ်။

Intel Processor

Intel ရဲ့ အခု ဒီ 8th Generation အသစ် Processor တွေဟာ စွမ်းဆောင်ရည်ပိုင်း သိသိသာသာမြင့်မားသွားတာမျိုးမရှိသလို အဓိကပြောင်းလဲမှုအနေနဲ့ကတော့ Intel Wireless-AC 160MHz ကို အသုံးပြုထားတဲ့အတွက်ကြောင့် Wi-Fi Speed က သိသိသာသာတိုးလာမှာဖြစ်ပြီးတော့ Gigabit Download Speed ကို ရရှိလာတော့မှာပါ။ ဒါ့အပြင် Quad Core Audio DSP ကြောင့်လည်း Voice Command တွေကို ပိုပြီး ခိုင်းစေနိုင်မှာဖြစ်ပါတယ်။ Intel ရဲ့ ပြောကြားချက်အရဆိုရင် ကွန်ပျူတာကို Sleep လုပ်ထားတဲ့အချိန်မှာတောင် Assistant ကို ခိုင်းစေနိုင်မယ်လို့ သိရပါတယ်။

Intel New 8th Gen Processor

ဘာပဲဖြစ်ဖြစ် Laptop အသစ်ကို ဝယ်ယူဖို့ စဉ်းစားနေတဲ့သူတွေအနေနဲ့ Intel ရဲ့ Processor အသစ်ကို စောင့်ကြည့်သင့်တယ်လို့ ပြောရမှာပါ။

Ref : The Verge | Engadget

Zawyè (Akhayar) 

www.akhayar.com