Google ဟာ သူတို့ရဲ့ Instant Apps ကို Android ဖုန်းအတွက် Live Testing လုပ်ခဲ့ပြီး  ဒါဟာ Developers တွေ နဲ့ Company အတွက်  မိုဘိုင်းလောကမှာ စတင်မယ့် ခြေလှမ်းတွေကို ပိုလွယ်ကူစေတယ်လို့ Google က ပြောကြားခဲ့ပါတယ်။

Developers တွေရဲ့အကောင်းဆုံးဖြစ်စေမယ့် အောင်မြင်မှုကတော့ User တွေ အနေနဲ့ ဒီ Apps ကို install လုပ်စရာမလို ပဲ သုံးနိုင်တာပါပဲ။ မေလမှာ Google Instant Apps ရဲ့ Outline ကို Google I/O မှာတွေ့ရမှာပါ။ ဒီစိတ်ကူးဟာ Web နဲ့ App ကို ရောစပ်ပြီး ကိုက်ညီဖို့အတွက် လုပ်ထားတာဖြစ်ပါတယ်။

Google ဟာ အတွေ့အကြုံရှိတဲ့ Developers တွေနဲ့  ဒီ Apps ကို ဖန်တီးပြီး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ BuzzFeed နဲ့ Periscope တို့ဟာ Instant Apps မှာ ပထမဆုံး ပါဝင်တာပါ။  Developer တွေအနေနဲ့ သူတို့ရဲ့ Instant Apps ကို သတ်မှတ်ထားတဲ့စံချိန်နဲ့အညီ ပြုလုပ်မှာဖြစ်ပြီး နည်းပညာ လုပ်ငန်းဆောင်ရွက်တဲ့သူတွေအတွက် ဒီ Project ဟာ သေချာစောင့်ကြည့်သင့် ပါတယ်။  ဘာကြောင့်လည်းဆိုတော့ Modular Apps ဟာ Web ပိုင်းဆိုင်ရာ အထောက်အပံ့ပေးတာနဲ့ ချိတ်ဆက်ထားတာကြောင့် Apps ကို ပြုပြင်တာနဲ့ Update လုပ်တဲ့အခါ သာမာန်ထက် ပိုမို လွယ်ကူစေမှာပါ။

Instant Apps ကို Mobile Web နဲ့ App နဲ့ပေါင်းစပ်ထားတဲ့အတွက် လေးလံ တာကြောင့် Android Apps ကို Support လုပ်တဲ့ အခါ အဟန့်အတား ဖြစ်စေမှာပါ။ Web နဲ့ ပေါင်းစပ်ထားတာကြောင့်  ပြည်တွင်း အတွေ့အကြုံရှိတဲ့ Company များမှ  ဦးဆောင်ပြီး Subscription နဲ့ Data Activity တွေကို ပိုမိုရောင်းရစေရန် ပံ့ပိုးပေးထားပါတယ်။

Ref : ZD Net

Jan ( Akhayar )