Facebook ဟာ Messenger အတွက် Instant Game လုပ်ဆောင်ချက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်မိတ်ဆက်ခဲ့ရမှာ အသုံးပြုသူတွေ အတော်များများထံ ရရှိလာခဲ့ပါတယ်။ ဒါပေမယ့် ဒီအထဲက ဘယ်ဂိမ်းကိုမဆို ကမ္ဘာ့ပေါ်က နိုင်ငံအားလုံးမှာ ဒီနေ့ကစလို့ ဆော့ကစားနိုင်ပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။ Instant Games တွေကို တစ်ကမ္ဘာလုံးက Messenger သုံးစွဲသူ ၁.၂ဘီလီယံထံ ထုတ်လုပ်ပေးခဲ့တာ ဖြစ်တယ်လို့ Facebook က ဆိုခဲ့တာပါ။ Turn-Based game တွေလို ပိုမိုကောင်းမွန်တဲ့ ဂိမ်းလုပ်ဆောင်ချက်တွေကို Built in အနေနဲ့ ဆော့ကစားနိုင်မှာ ဖြစ်ပြီး Level အဆင့်တွေနဲ့ Reward တွေ ပါဝင်ပါတယ်။ ဒီ လက်ရွေးစင်ဂိမ်းတွေကို ထပ်မံလဲ ချဲ့ထွင်ဦးမှာ ဖြစ်ပါတယ်။ သင်ဘယ်မှာ ရှိတယ်၊ ဘယ်လိုပစ္စည်းအမျိုးအစားကို သုံးတယ် ဆိုတဲ့အပေါ်မူတည်ပြီး သင့်အနေနဲ့ လာမယ့် ရက်သတ္တပတ်အတွင်းမှာ Titles ပေါင်း ၅၀ကျော် ဆော့ကစားနိုင်မှာပါ။ နောက်ပိုင်းမှာ EverWing နဲ့ 8 Ball Pool တို့လည်းပါဝင်လာမှာ ဖြစ်ပြီး EverWing ဟာဆိုရင် ပထမဆုံး Game Bots နဲ့ ဆော့ရတဲ့ ဂိမ်း ဖြစ်လာမှာပါ။ Joker (Akhayar) Ref: GSMArena  

Facebook Messenger က Instant Game အားလုံးကို တစ်ကမ္ဘာလုံးမှာ ဆော့နိုင်ပြီ