Instagram ဟာ Stories မှာ Ads ထည့်သွင်း အသုံးပြုနိုင်တဲ့ အကြောင်းကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေငြာခဲ့ပါတယ်။ Stories မှာ အသုံးပြုသူတွေ ရဲ့ ဓာတ်ပုံတွေ ၊ ဗီဒီယိုဖိုင်တွေကို စုစည်းပြီးတော့ တခု ချင်းစီ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒီ Ads မှာ Full-Screen Photo ဒါမှမဟုတ် Video ပါဝင်မှာဖြစ်ပြီး  Post တခု ကို ကြည့်ပြီးတဲ့အခါ နောက်တခု ထပ်ကြည့်မယ့် ကြားအချိန်မှာ အလိုအလျောက် ဒီAds ဟာပေါ်လာမှာဖြစ်ပါတယ်။

ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး  ပိုမိုလုပ်ဆောင်ရန်လိုအပ်ကြောင်း Facebook ဟာ မကြာသေးခင်ကပြောကြားခဲ့ပြီးနောက်ပိုင်းမှာ ဒီ Ads ကို Instagram မှာ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

Instagram ရဲ့ ပြောကြားချက်အရကတော့ Stories ဟာသူတို့ရဲ့  Popular Feature တခုဖြစ်ပြီး  ၂၀၁၆ အောက်တိုဘာကမှာ  Instagram Stories အသုံးပြုသူပေါင်း ၁၀၀မီလီယမ် ကျော်ရှိလာပြီး ခုချိန်မှာတော့ ၁၅၀မီလီယမ် ရှိကြောင်းသိရပါတယ်။

အသစ်ထွက်မယ့် Ads မှာ လောလောဆယ် ကြော်ငြာ ၃၀ခန့် ပါဝင်မှာဖြစ်ပြီး တခြား စီးပွားရေး ကြော်ငြာတွေကတော့ တစ်ပတ်အတွင်းမှာ ရနိုင်ဖွယ်ရှိကြောင်း Instagram ရဲ့ Head Of Product Management ဖြစ်တဲ့ Vishal Shah က ပြောကြားခဲ့ပါတယ်။

 

Jan (Akhayar)