

Instagram



Instagram



Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

လက်ရှိအချိန်မှာ Social Media Account တွေကို အသုံးပြုနေတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ Social Media Account တွေကို လုံခြုံစေချင်ကြမှာပါ။ အဲ့ဒီအတွက်လည်း Facebook ၊ Gmail ၊ Twitter နဲ့ Instagram လိုမျိုး Social Media တွေအကုန်လုံးက လုံခြုံရေးအတွက် Two-Factor Authentication လို့ ခေါ်တဲ့ Security Option တစ်ခုကို ထည့်သွင်းပေးလာကြပါတယ်။

အဆိုပါ Two-Factor Authentication ဟာ စစခြင်းတုန်းကတော့ SMS အနေနဲ့ Verify Code ကို ပေးပို့ပြီးတော့ အဆိုပါ SMS ထဲကို ဝင်ရောက်လာတဲ့ Verify Code ကို ထည့်ပေးမှ ကိုယ့်ရဲ့ Social Media Account ထဲကို ဝင်ရောက်နိုင်တာပဲဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အဆိုပါ Two-Factor Authentication စနစ်ကို SMS Verify Code တွေအစား Third-Party Authentication Application တစ်ခုခုနဲ့ ပြောင်းလဲလာပါတယ်။ အခုလိုမျိုး ပြောင်းလဲတာကလည်း SMS Verify Code တွေက ဖုန်းနံပါတ်ပြောင်းလိုက်တဲ့အချိန်မှာ အဆင်မပြေတော့တာကြောင့် ဖြစ်ပါတယ်။

Instagram

အခု Application နဲ့ Two-Factor Authentication စနစ်ကို လက်ရှိအချိန်မှာ Facebook ၊ Google တို့က Support ပြုလုပ်လာတာ အချိန်တော်တော်ကြာသွားပြီဖြစ်ပြီး မကြာသေးမီကလည်း Twitter ကနေ Support ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Instagram အနေနဲ့ကတော့ လက်ရှိအချိန်အထိ SMS Verification တစ်ခုထဲကိုပဲ အသုံးပြုနေတုန်းဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ Instagram ကနေ အခုလိုမျိုး Two-Factor Authentication အတွက် ဖုန်းနံပါတ်လိုအပ်တာကို ပြောင်းလဲသွားတော့မှာဖြစ်ပြီး Token-Based Two-Factor Authentication စနစ်ကို စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။ အခုလိုမျိုး စမ်းသပ်နေမှုကို Instagram ရဲ့ Android Version App Code မှာ စတင်တွေ့ရှိခဲ့ရတာဖြစ်ပြီး မကြာခင်မှာ Instagram App Update မှာ ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Instagram

Instagram ဟာ အခုလိုမျိုး ဖုန်းနံပါတ်တွေကို အဓိကထားနေတာကနေ ပြောင်းလဲချင်တာက SIM Card တွေဟာ အခုအချိန်မှာ Hijack လုပ်ခံရတာတွေမြင့်မားလာသလို Data ပိုင်း ပေါက်ကြားလာနိုင်တဲ့အတွက်ကြောင့်ဖြစ်ပြီးတော့ လက်ရှိအချိန်မှာ Instagram နဲ့ ချိတ်ဆက်ထားတဲ့ ဖုန်းနံပါတ်သိတာနဲ့တင် Instagram Account ကို ပြန်လည် Recover ပြုလုပ်နိုင်နေတာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Instagram ရဲ့ ယခု Two-Factor Authentication စနစ်အသစ်ကတော့ အားရစရာပါပဲ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com