
Instagram


Instagram


Instagram


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Instagram သုံးနေကြသူတစ်ယောက်ဆိုရင် တခါတလေမှာ Fake Account တစ်ခုက ကိုယ့်ရဲ့ Profile ကို Follow လုပ်တာမျိုး၊ တင်ထားတဲ့ ဓါတ်ပုံတွေကို Like လုပ်သွားတာမျိုးကို ကြုံဖူးကြမှာပါ။ အခုအချိန်မှာတော့ Instagram ကနေ ဒီပြဿနာကိုဖြေရှင်းပေးသွားတော့မှာပါ။

Instagram

Instagram က အခုသတင်းကို ကုမ္ပဏီရဲ့ Policy ပြောင်းလဲမှုတစ်ခုအနေနဲ့ ဖော်ပြခဲ့တာဖြစ်ပြီးတော့ Engagement တက်အောင် Third-party Service တွေသုံးပြီး Post တွေကို Like လုပ်၊ Profile တွေကို Follow လုပ်နေတာကို ဖယ်ရှားပေးသွားတော့မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ကိုယ့် Instagram Account ကို ဘယ်ကမှန်းမသိတဲ့ Account တွေက လိုက်ပြီး Interact လုပ်တာကို ရှောင်ရှားနိုင်တော့မှာပါ။

Instagram

Instagram ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Third-party Service တွေကို အသုံးပြုပြီးတော့ ပြုလုပ်နေတဲ့ Like တွေ၊ Follower တွေနဲ့ Comment တွေကို Machine Learning ကို အသုံးပြုထားတဲ့ Moderation Tool တွေကို အသုံးပြုပြီး ဖယ်ရှားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ တကယ်လို့ Third-party Service တွေက ကိုယ့်ရဲ့ Account Security နဲ့ ပတ်သက်ပြီးတော့ ရယူထားတဲ့ Information ရှိနေတယ်ဆိုရင်လည်း Password ပြောင်းဖို့ အသိပေးသွားမှာဖြစ်ပါတယ်။

Instagram

ဘာပဲဖြစ်ဖြစ် Instagram ကလည်း တခြားသော Social Media တွေလိုမျိုးပဲ အခုလိုမျိုး Fake Account တွေကို တိုက်ဖျက်ဖို့ ကြိုးစားနေတာက ကောင်းမွန်တဲ့အချက်တစ်ခုလို့ ပြောရမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com