Instagram ဟာ လက္ရွိအခ်ိန္မွာ Facebook လုိမ်ိဳး Social Media App ျပီးရင္ လူသံုးအမ်ားဆံုး Social App တစ္ခုျဖစ္ပါတယ္။ Instagram ရဲ႕ Newsfeed Algorithm ကလည္း အျမဲတမ္းေျပာင္းလဲေနတာျဖစ္ျပီး အခုအခ်ိန္မွာလည္း Instagram က သူတို႔ရဲ႕ Newsfeed ျပသပံုနဲ႔ ပတ္သတ္ျပီး ေနာက္ထပ္ေျပာင္းလဲမႈတစ္ခုကို ေၾကညာလုိက္ပါတယ္။

Using Instagram

အခု Instagram ရဲ႕ Feature အသစ္ကေတာ့ တကယ္လုိ႔ Instagram ကို အခ်ိန္အၾကာၾကီး သံုးေနမိျပီးေတာ့ လြန္ခဲ့တဲ့ ၂ ရက္အတြင္းမွာ ကိုယ္ Follow ထားတဲ့သူေတြရဲ႕ Posts ေတြအကုန္လံုးကို ၾကည့္ျပီးျပီဆိုရင္ “You’re All Caught Up” ဆုိျပီး အသိေပးသြားေတာ့မွာျဖစ္ပါတယ္။

Instagram “You’re All Caught Up”

အခုလုိမ်ိဳး ျပဳလုပ္တာက Instagram ကိုယ္တိုင္ကေန လြန္ခဲ့တဲ့ ၂ ရက္အတြင္းမွာ ျဖစ္ပ်က္ခဲ့တဲ့ Posts ေတြကလြဲရင္ က်န္တဲ့ ယခင္တုန္းက Posts ေတြကို ဂရုမစိုက္ေတာ့ဘဲ ၂ ရက္စာ Posts ေတြကို ၾကည့္ျပီးျပီဆိုရင္ Instagram အသံုးျပဳမႈကို ခဏနားေစခ်င္တာေၾကာင့္ျဖစ္တယ္လုိ႔ သိရပါတယ္။ Instagram ဟာ ယခင္ကလည္း ကိုယ္တစ္ရက္ကို Instagram ဘယ္ေလာက္ေတာင္ အသံုးျပဳေနသလဲဆိုတာကို ျပန္ၾကည့္ႏုိင္တဲ့ Feature ကိုလည္း စမ္းသပ္ေနခဲ့တာပဲျဖစ္ပါတယ္။

အခုလုိမ်ိဳး Instagram လုိမ်ိဳးပဲ Facebook ကလည္း တစ္ေန႔ကို ဘယ္ေလာက္အသံုးျပဳေနတယ္ဆုိတာကို အသံုးျပဳသူေတြကို အသိေပးျပီး Limit ျပဳလုပ္ႏုိင္ဖုိ႔ ေဆာင္ရြက္ေနပါတယ္။ အဓိကအေနနဲ႔ကေတာ့ အသံုးျပဳသူေတြဟာ ဒီ Social Media App ေတြေပၚမွာ အခ်ိန္အလြန္အကၽြံအသံုးျပဳေနမႈကို ေလ်ာ႔ခ်ႏုိင္ေစဖုိ႔ပဲျဖစ္ပါတယ္။

Apple ကလည္း iOS 12 မွာ Screen Time Feature ၊ Google ကလည္း Android P မွာ Dashboard Feature ေတြထည့္သြင္းလာျပီး ဘယ္ Applications ကို ဘယ္ေလာက္သံုးသလဲဆိုတာ ျပန္ၾကည့္ႏုိင္ေအာင္ စီစဥ္ေနတဲ့အတြက္ ဒီႏွစ္ ၂၀၁၈ ကေတာ့ ယခင္လုိမ်ိဳး Social Media နဲ႔ စမတ္ဖုန္း ပိုျပီး အသံုးျပဳေအာင္တြန္းအားေပးေနတာထက္ မွ်တတဲ့လူေနမႈဘဝတစ္ခုကို ျပန္လည္ရရွိေအာင္ နည္းပညာကုမၸဏီေတြအကုန္လံုးက ေဆာင္ရြက္ေနတယ္လုိ႔ သတ္မွတ္ရမွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Instagram ဟာ လက်ရှိအချိန်မှာ Facebook လိုမျိုး Social Media App ပြီးရင် လူသုံးအများဆုံး Social App တစ်ခုဖြစ်ပါတယ်။ Instagram ရဲ့ Newsfeed Algorithm ကလည်း အမြဲတမ်းပြောင်းလဲနေတာဖြစ်ပြီး အခုအချိန်မှာလည်း Instagram က သူတို့ရဲ့ Newsfeed ပြသပုံနဲ့ ပတ်သတ်ပြီး နောက်ထပ်ပြောင်းလဲမှုတစ်ခုကို ကြေညာလိုက်ပါတယ်။

Using Instagram

အခု Instagram ရဲ့ Feature အသစ်ကတော့ တကယ်လို့ Instagram ကို အချိန်အကြာကြီး သုံးနေမိပြီးတော့ လွန်ခဲ့တဲ့ ၂ ရက်အတွင်းမှာ ကိုယ် Follow ထားတဲ့သူတွေရဲ့ Posts တွေအကုန်လုံးကို ကြည့်ပြီးပြီဆိုရင် “You’re All Caught Up” ဆိုပြီး အသိပေးသွားတော့မှာဖြစ်ပါတယ်။

Instagram “You’re All Caught Up”

အခုလိုမျိုး ပြုလုပ်တာက Instagram ကိုယ်တိုင်ကနေ လွန်ခဲ့တဲ့ ၂ ရက်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ Posts တွေကလွဲရင် ကျန်တဲ့ ယခင်တုန်းက Posts တွေကို ဂရုမစိုက်တော့ဘဲ ၂ ရက်စာ Posts တွေကို ကြည့်ပြီးပြီဆိုရင် Instagram အသုံးပြုမှုကို ခဏနားစေချင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ Instagram ဟာ ယခင်ကလည်း ကိုယ်တစ်ရက်ကို Instagram ဘယ်လောက်တောင် အသုံးပြုနေသလဲဆိုတာကို ပြန်ကြည့်နိုင်တဲ့ Feature ကိုလည်း စမ်းသပ်နေခဲ့တာပဲဖြစ်ပါတယ်။

အခုလိုမျိုး Instagram လိုမျိုးပဲ Facebook ကလည်း တစ်နေ့ကို ဘယ်လောက်အသုံးပြုနေတယ်ဆိုတာကို အသုံးပြုသူတွေကို အသိပေးပြီး Limit ပြုလုပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အဓိကအနေနဲ့ကတော့ အသုံးပြုသူတွေဟာ ဒီ Social Media App တွေပေါ်မှာ အချိန်အလွန်အကျွံအသုံးပြုနေမှုကို လျော့ချနိုင်စေဖို့ပဲဖြစ်ပါတယ်။

Apple ကလည်း iOS 12 မှာ Screen Time Feature ၊ Google ကလည်း Android P မှာ Dashboard Feature တွေထည့်သွင်းလာပြီး ဘယ် Applications ကို ဘယ်လောက်သုံးသလဲဆိုတာ ပြန်ကြည့်နိုင်အောင် စီစဉ်နေတဲ့အတွက် ဒီနှစ် ၂၀၁၈ ကတော့ ယခင်လိုမျိုး Social Media နဲ့ စမတ်ဖုန်း ပိုပြီး အသုံးပြုအောင်တွန်းအားပေးနေတာထက် မျှတတဲ့လူနေမှုဘဝတစ်ခုကို ပြန်လည်ရရှိအောင် နည်းပညာကုမ္ပဏီတွေအကုန်လုံးက ဆောင်ရွက်နေတယ်လို့ သတ်မှတ်ရမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com