
Instagram Shopping



Instagram


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Instagram ဟာ အခုအနောက်ပိုင်းမှာ Stories Ads တွေမှာ ကုန်ပစ္စည်းတွေကို တခါတည်း ဝယ်ယူနိုင်တဲ့ Feature တွေကို ထည့်သွင်းပေးထားပြီး ပုံမှန် ကုန်ပစ္စည်းကြော်ငြာ Post တွေမှာလည်း Product တွေကို ဝယ်ယူဖို့ ပိုပြီးလွယ်ကူအောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။

Instagram Shopping

ဒါပေမယ့် Instagram အနေနဲ့ သူ့ရဲ့ ကြော်ငြာရှင်တွေကို Instagram မှာ ကြော်ငြာထည့်သွင်းတာနဲ့တင်လုံလောက်ပြီလို့ မယူဆထားတဲ့ပုံပါပဲ။ ဘာကြောင့်လဲဆိုရင် Instagram ဟာ နောက်ထပ် Shopping အတွက် သီးသန့် Application တစ်ခုကို ထုတ်လုပ်ပေးသွားမယ်လို့ သိရပြီးတော့ အဆိုပါ Application နာမည်ကို IG Shopping လို့ နာမည်ပေးထားမယ်လို့ သိရပါတယ်။ Instagram က မကြာသေးခင်ကလည်း IG TV ဆိုပြီးထုတ်ထားသေးတဲ့အတွက် အခု IG Shopping ဟာ Instagram ရဲ့ နောက်ထပ် သီးခြား Application တစ်ခုဖြစ်လာနိုင်ပါတယ်။

အခု IG Shopping ဟာ Amazon ထက်တောင် ပိုပြီး ပစ္စည်းတွေ ဝယ်ယူတဲ့နေရာမှာ ပိုလွယ်ကူနိုင်ပြီး Product ဓါတ်ပုံတွေကို ပိုပြီး ဖော်ပြလာနိုင်သလို Comment ပေးပြီး မေးမြန်းနိုင်ဖို့လည်းရှိနေပါတယ်။ Instagram ရဲ့ ပြောကြားချက်အရတော့ ရောင်းချသူနဲ့ ဝယ်ယူသူတွေဟာ Application ထဲမှာပဲ တခါတည်း Payment ပါ တစ်ခါတည်း ပေးချေပြီး ဝယ်ယူနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Instagram

လောလောဆယ်မှာ Instagram Account ရှိတဲ့ လုပ်ငန်းတွေဟာ ၂၅ သန်းကျော်ရှိနေပြီးတော့ အဲ့ဒီထဲမှာမှ ၂ သန်းကျော်က ကြော်ငြာရှင်တွေဖြစ်တယ်လို့ Facebook Chief Operating Officer ဖြစ်တဲ့ Sheryl Sandberg က ပြောကြားခဲ့ဖူးတဲ့အတွက် အခုလိုမျိုး သီးသန့် Shopping Application တစ်ခု ပြုလုပ်လိုက်တာက လက်ရှိ Instagram သုံးစွဲသူတွေကို ပိုပြီး ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်တယ်လို့ ယူဆရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com