
Instagram



Instagram


Ref : Instagram

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Facebook က အခုအချိန်မှာ Cambridge Analytica ကုမ္ပဏီက လူသန်းပေါင်းများစွာရဲ့ ကိုယ်ရေးအချက်အလက်တွေကို ခိုးယူခဲ့မှုနဲ့ ပတ်သတ်ပြီးတော့ အကြပ်ရိုက်နေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Facebook ကနေ သူပိုင်ဆိုင်တဲ့ Instagram အတွက် Update တစ်ခုလုပ်ပေးတော့မယ်လို့ သိရပါတယ်။

Instagram

အဲ့ဒါကတော့ Instagram ကနေ အသုံးပြုသူတွေကို သူတို့ရဲ့ Data တွေကို Download ရယူပြီး Backup သိမ်းထားခွင့်ပေးတော့မှာပဲဖြစ်ပါတယ်။ အခုလိုမျိုး Data တွေကို ပြန်လည် Download ပြုလုပ်ပြီး သိမ်းထားခွင့်ပေးတော့မယ်လို့ ပြောထားပေမယ့်လည်း ဘယ်လိုမျိုး Data တွေကို Download ပြုလုပ်ခွင့်ပေးမလဲဆိုတာကိုတော့ ပြောကြားထားခြင်းမရှိပါဘူး။

ဖြစ်နိုင်တာကတော့ Instagram ကနေ အသုံးပြုသူတွေအားလုံးရဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေအပြင် Share ထားတဲ့ ဓါတ်ပုံတွေ၊ Stories တွေ Messages တွေက အစ ပြန်ပြီး Download ရယူနိုင်မှာဖြစ်ပါတယ်။

Instagram

Facebook ကတော့ အခုလိုမျိုး Data တွေကို Download ရယူနိုင်တဲ့ Functions ကို ယခင်ထဲက ပေးနေတာဖြစ်ပြီးတော့ Instagram ကတော့ စတင်ထွက်ရှိတဲ့ လွန်ခဲ့တဲ့ ၈ နှစ်ထဲက အခုအချိန်အထိ Data တွေကို အသုံးပြုသူတွေကို Download ပြုလုပ်ခွင့်မပေးခဲ့ပဲ အခုမှ စီစဉ်နေတာဖြစ်ပါတယ်။

Ref : Instagram

Zawyè (Akhayar) 

www.akhayar.com